Covid -19 ကို ရင်ဆိုင်အနိုင်ယူနိုင်ခဲ့တဲ့ ခြောက်လအရွယ် ကလေးငယ်

လက်ရှိကမ္ဘာနဲ့အဝှမ်းဖြစ်ပေါ်နေတဲ့ Covid- 19 ကပ်ရောဂါကြီးဟာ အရှိန်မကျသေးသလို ကမ္ဘာ့နိုင်ငံတော်တော်များများက လူတွေရဲ့ အသက်တွေကို ဇီဝိန်ခြွေနေဆဲပါ။ ဒီကပ်ရောဂါကြီးကနေ နာလန်ပြန်ထူလာနိုင်သူတွေလည်းရှိပေမယ့် တစ်ကမ္ဘာလုံးနဲ့ ယှဉ်ရင် ပမာဏနည်းပါးလှနေဆဲပါပဲ။ ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့ Covid -19 ကူးစက်ခံနေရသူတွေထဲမှာ အသက်အရွယ်ကြီးရင့်သူတွေလည်းပါဝင်နေပြီး မွေးကင်းစကလေးငယ်လေးတွေပါပါဝင်နေတာပါ။ မွေးကင်းစကလေးငယ်လေးတွေဟာ ပိုးမွေးသလို မွေးမြူခြင်းခံရမယ့်အခြေအနေမှာ ကြောက်မက်ဖွယ် ကပ်ရောဂါဆိုးကြီးကူးစက်ခံရတာဟာ ရင်ကိုထိခိုက်စေတဲ့ အဖြစ်အပျက်ပါပဲ။

Covid – 19 ကူးစက်ခံရတဲ့ ကမ္ဘာ့အငယ်ဆုံးကလေးငယ်လေးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ခြောက်လသမီးလေး Erin အတွက်တော့ ကံကြမ္မာက ကျီစားတယ်လို့ဆိုရမှာပါ။ Erin ဟာ အမိဝမ်းက ကျွတ်ပါပြီဆိုကတည်းက နှလုံးရောဂါအခံ၊ အဆုတ်ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကလေးငယ်ပါ။ ဒါ့အပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့လည်းရင်ဆိုင်ရပြီး မူမမှန်တဲ့ နှလုံးကြောင့် အောက်ဆီဂျင်ပေးပြီး အသက်ရှုထားရတဲ့ ကလေးလည်းဖြစ်ပါသေးတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ April 10 မှာ Erin လေးဟာ Covid-19 ကူးစက်ခံခဲ့ရပါတယ်။ ဒီလို ပြဿနာတွေကြားမှာ ကပ်ရောဂါဆိုးကြီးကူးစက်ခံခဲ့ရတာကြောင့် ခြောက်လအရွယ်ကလေးငယ်လေးအတွက် မျှော်လင့်ချက်မရှိတော့ဘူးလို့ အားလုံးက ထင်ထားခဲ့ကြတာပါ။

ဒါပေမယ့် Erin လေးဟာ အသက်ပြင်းတဲ့ သမီးလေးဖြစ်ပြီး တစ်ကမ္ဘာလုံးက လူတွေကို အံ့ဖွယ်ထူးဆန်းတဲ့အရာတစ်ခုလုပ်ပြခဲ့ပါတယ်။အဲဒါကတော့ လူကြီးတွေတောင် အင်မတန်အားထုတ်ပြီးရင်ဆိုင်တိုက်ခိုက်ရတဲ့ ကပ်ရောဂါဆိုးကြီးကို ရောဂါပေါင်းစုံနဲ့ မွေးလာတဲ့ ကလေးလေးက ရင်ဆိုင်တိုက်ခိုက်ပြလိုက်တာပါပဲ။ Erin လေးက အခုလက်ရှိမှာတော့ covid-19 negative ပြန်ဖြစ်သွားခဲ့ပြီဖြစ်ပြီး ကပ်ရောဂါဆိုးကြီးကို အောင်နိုင်သွားခဲ့ပြီဖြစ်ပါတယ်။

ခြောက်လသမီးလေး Erin ရဲ့ အဖြစ်အပျက်ဟာ နဂိုရောဂါအခံရှိပြီးသားလူတွေအနေနဲ့ covid-19 အကူးခံလိုက်ရတာနဲ့ ဘဝမှာမျှော်လင့်ချက်တွေအားလုံး ပျက်သုဉ်းသွားတာ မဟုတ်ကြောင်း၊ အရင်လိုအခြေအနေပြန်ရဖို့ ဒေါင်ဒေါင်မြည်ကျန်းမာရေးပြန်ရဖို့ မျှော်လင့်နိုင်သေးတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ကြောင်း သက်သေပြသွားခဲ့တယ်လို့ိုဆိုရမှာပါ။ ကမ္ဘာတစ်ဝှမ်းက covid-19 နဲ့ ရင်ဆိုင်တိုက်ခိုက်နေရသူတွေလည်း ဒီ ခြောက်လသမီးလေး Erin လိုပဲ ကပ်ရောဂါကြီးကို အောင်နိုင်ကြစေဖို့ ဆုတောင်းပေးလိုက်ရပါတယ်။

Zawgyi

လက္ရွိကမၻာနဲ႔အဝွမ္းျဖစ္ေပၚေနတဲ့ Covid- 19 ကပ္ေရာဂါၾကီးဟာ အရွိန္မက်ေသးသလုိ ကမၻာ့နို္င္ငံေတာ္ေတာ္မ်ားမ်ားက လူေတြရဲ႕ အသက္ေတြကုိ ဇီဝိန္ေျခြေနဆဲပါ။ ဒီကပ္ေရာဂါၾကီးကေန နာလန္ျပန္ထူလာနုိင္သူေတြလည္းရွိေပမယ့္ တစ္ကမၻာလံုးနဲ႔ ယွဥ္ရင္ ပမာဏနည္းပါးလွေနဆဲပါပဲ။ ဝမ္းနည္းစရာေကာင္းတာတစ္ခုကေတာ့ Covid -19 ကူးစက္ခံေနရသူေတြထဲမွာ အသက္အရြယ္ၾကီးရင့္သူေတြလည္းပါဝင္ေနျပီး ေမြးကင္းစကေလးငယ္ေလးေတြပါပါဝင္ေနတာပါ။ ေမြးကင္းစကေလးငယ္ေလးေတြဟာ ပုိးေမြးသလို ေမြးျမဴျခင္းခံရမယ့္အေျခအေနမွာ ေၾကာက္မက္ဖြယ္ ကပ္ေရာဂါဆိုးၾကီးကူးစက္ခံရတာဟာ ရင္ကုိထိခိုက္ေစတဲ့ အျဖစ္အပ်က္ပါပဲ။

Covid – 19 ကူးစက္ခံရတဲ့ ကမၻာ့အငယ္ဆံုးကေလးငယ္ေလးေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္တဲ့ ေျခာက္လသမီးေလး Erin အတြက္ေတာ့ ကံၾကမၼာက က်ီစားတယ္လို႔ဆိုရမွာပါ။ Erin ဟာ အမိဝမ္းက ကြ်တ္ပါျပီဆိုကတည္းက နွလံုးေရာဂါအခံ၊ အဆုတ္ျပႆနာေတြနဲ႔ ရင္ဆို္င္ခဲ့ရတဲ့ ကေလးငယ္ပါ။ ဒါ့အျပင္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ျပႆနာေတြနဲ႔လည္းရင္ဆိုင္ရျပီး မူမမွန္တဲ့ နွလံုးေၾကာင့္ ေအာက္ဆီဂ်င္ေပးျပီး အသက္ရႈထားရတဲ့ ကေလးလည္းျဖစ္ပါေသးတယ္။ ဒါ့အျပင္ ျပီးခဲ့တဲ့ April 10 မွာ Erin ေလးဟာ Covid-19 ကူးစက္ခံခဲ့ရပါတယ္။ ဒီလို ျပႆနာေတြၾကားမွာ ကပ္ေရာဂါဆိုးၾကီးကူးစက္ခံခဲ့ရတာေၾကာင့္ ေျခာက္လအရြယ္ကေလးငယ္ေလးအတြက္ ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူးလို႔ အားလံုးက ထင္ထားခဲ့ၾကတာပါ။

ဒါေပမယ့္ Erin ေလးဟာ အသက္ျပင္းတဲ့ သမီးေလးျဖစ္ျပီး တစ္ကမၻာလံုးက လူေတြကုိ အံ့ဖြယ္ထူးဆန္းတဲ့အရာတစ္ခုလုပ္ျပခဲ့ပါတယ္္။အဲဒါကေတာ့ လူၾကီးေတြေတာင္ အင္မတန္အားထုတ္ျပီးရင္ဆုိင္တုိက္ခိုက္ရတဲ့ ကပ္ေရာဂါဆိုးၾကီးကို ေရာဂါေပါင္းစံုနဲ႔ ေမြးလာတဲ့ ကေလးေလးက ရင္ဆိုင္တိုက္ခိုက္ျပလိုက္တာပါပဲ။ Erin ေလးက အခုလက္ရွိမွာေတာ့ covid-19 negative ျပန္ျဖစ္သြားခဲ့ျပီျဖစ္ျပီး ကပ္ေရာဂါဆိုးၾကီးကုိ ေအာင္နုိ္င္သြားခဲ့ျပီျဖစ္ပါတယ္။

ေျခာက္လသမီးေလး Erin ရဲ႕ အျဖစ္အပ်က္ဟာ နဂိုေရာဂါအခံရွိျပီးသားလူေတြအေနနဲ႔ covid-19 အကူးခံလိုက္ရတာနဲ႔ ဘဝမွာေမွ်ာ္လင့္ခ်က္ေတြအားလံုး ပ်က္သုဥ္းသြားတာ မဟုတ္ေၾကာင္း၊ အရင္လိုအေျခအေနျပန္ရဖို႔ ေဒါင္ေဒါင္ျမည္က်န္းမာေရးျပန္ရဖို႔ ေမ်ွာ္လင့္နိုင္ေသးတယ္ဆိုတဲ့ အဓိပၸါယ္ျဖစ္ေၾကာင္း သက္ေသျပသြားခဲ့တယ္လို႔ိုဆိုရမွာပါ။ ကမၻာတစ္ဝွမ္းက covid-19 နဲ႔ ရင္ဆုိင္တိုက္ခိုက္ေနရသူေတြလည္း ဒီ ေျခာက္လသမီးေလး Erin လိုပဲ ကပ္ေရာဂါၾကီးကုိ ေအာင္နုိင္ၾကေစဖို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*