အိမ်မှာနေရင်း သားနှစ်ယောက်ကို ပန်းချီသင်ပေးနေတဲ့ ဒါရိုက်တာကိုပေါက်

ကိုပေါက်ဟာ ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးသရုပ်ဆောင်နို်င်တဲ့ သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ပြီး video ခေတ်ကတည်းက ရုပ်ရှင်ဇာတ်ကားကြီးတွေခေတ်အခုအချိန်အထိဇာတ်လမ်းကောင်းတွေရိုက်ကူးလာတဲ့အရည်အချင်းရှိဒါရိုက်တာတစ်ဦးလည်းဖြစ်ပါသေးတယ်။လက်ရှိမှာတော့ covid-19 ကြောင့် အားလုံး stay home နေရတဲ့အချိန်မှာ ဒါရိုက်တာကိုပေါက်ကလည်း ချစ်ဇနီးနဲ့ သားလေးနှစ်ဦးနဲ့ အိမ်မှာ နွေးနွေးထွေးထွေးပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာတွေ့ရပါတယ်။

ကိုပေါက်က အနုပညာဘက်မှာ သရုပ်ဆောင်၊ဒါရိုက်တာ၊သီချင်းဆိုအပြင် ပန်းချီရေးတာပါ ဝါသနာပါသူတစ်ဦးဖြစ်ပြီး အားရင်အားသလို ပန်းချီကားလေးတွေဆွဲတတ်သူလည်းဖြစ်ပါသေးတယ်။ ဒါ့အပြင် ကိုပေါက်ဟာ စာရေးစာဖတ်လည်းဝါသနာပါပြီး ဖြတ်သန်းခဲ့တဲ့ဘဝအကြောင်းကို အခန်းဆက် စာလေးတွေရေးတတ်တာကိုလည်းတွေ့ရပါတယ်။ ဒါတင်မကသေးပါဘူး၊ ကိုပေါက်ဟာ သားနှစ်ယောက်ကိုချစ်ပြီး တာဝန်ကျေတဲ့ ဖခင်ကောင်းတစ်ဦးလည်းဖြစ်ပါသေးတယ်။ ကိုပေါက်က အိမ်မှာနေရတဲ့ ကာလမှာ သားလေးတွေနဲ့ ရင်းနှီးနွေးထွေးမှုရယူပြီးပျော်ရွှင်စရာအချိန်လေးတွေဖြတ်သန်းနေတာ တွေ့ရပါတယ်။

ကိုပေါက်က သားလေးတွေကို အနုပညာအမွေ လက်ဆင့်ကမ်းတဲ့အနေနဲ့ ပန်းချီဆွဲသင်ပေးနေတာကိုလည်း တွေ့ရပါတယ်။ သားလေးနှစ်ယောက်ကို အခြေခံပန်းချှီဆွဲနည်းလေးတွေသင်ပေးနေပြီး သားလေးတွေကလည်း လိမ်မာစွာ လိုက်လုပ်နေတဲ့ ဓာတ်ပုံလေးတွေကို ကိုပေါက်က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာတင်ထားခဲ့ပါတယ်။ ကိုပေါက်က သားလေးနှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ “သားတော်မောင် ၂ ယောက်ရဲ့ အိမ်တွင်းပန်းချီသင်တန်း ပထမနေ့မှာ line အကြောင်း စ သင်နေပါတယ်”လို့ တင်ထားတာတွေ့ရပါတယ်။ ပရိသတ်တွေက ကလေးတွေကို အနုပညာအမွေပေးနေတဲ့ ကိုပေါက်ကို အားပေးတဲ့ comment လေးတွေပေးထားကြပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ကိုပေါက် သားလေးတွေရဲ့ ချစ်စရာကောင်းတဲ့ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော ကိုပေါက်ကိုအားပေးကြလား။ ကိုပေါက်ရဲ့နောက်ထပ် အနုပညာလက်ရာတွေကိုရော အားပေးဖို့အသင့်ပဲလား။ ပြောခဲ့ကြပါဦး။

Zawgyi

ကိုေပါက္ဟာ က်ရာဇာတ္ရုပ္ကုိအေကာင္းဆံုးသရုပ္ေဆာင္နို္္င္တဲ့ သရုပ္ေဆာင္ေကာင္းတစ္ဦးျဖစ္ျပီး video ေခတ္ကတည္းက ရုပ္ရွင္ဇာတ္ကားၾကီးေတြေခတ္အခုအခ်ိန္အထိဇာတ္လမ္းေကာင္းေတြရိုက္ကူးလာတဲ့အရည္အခ်င္းရွိဒါရိုက္တာတစ္ဦးလည္းျဖစ္ပါေသးတယ္။လက္ရွိမွာေတာ့ covid-19 ေၾကာင့္ အားလံုး stay home ေနရတဲ့အခ်ိန္မွာ ဒါရုိက္တာကုိေပါက္ကလည္း ခ်စ္ဇနီးနဲ႔ သားေလးနွစ္ဦးနဲ႔ အိမ္မွာ ေႏြးေႏြးေထြးေထြးေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထုိင္ေနတာေတြ႕ရပါတယ္။

ကုိေပါက္က အနုပညာဘက္မွာ သရုပ္ေဆာင္၊ဒါရုိက္တာ၊သီခ်င္းဆုိအျပင္ ပန္းခ်ီေရးတာပါ ဝါသနာပါသူတစ္ဦးျဖစ္ျပီး အားရင္အားသလို ပန္းခ်ီကားေလးေတြဆြဲတတ္သူလည္းျဖစ္ပါေသးတယ္။ ဒါ့အျပင္ ကုိေပါက္ဟာ စာေရးစာဖတ္လည္းဝါသနာပါျပီး ျဖတ္သန္းခဲ့တဲ့ဘဝအေၾကာင္းကုိ အခန္းဆက္ စာေလးေတြေရးတတ္တာကုိလည္းေတြ႕ရပါတယ္။ ဒါတင္မကေသးပါဘူး၊ ကုိေပါက္ဟာ သားနွစ္ေယာက္ကုိခ်စ္ျပီး တာဝန္ေက်တဲ့ ဖခင္ေကာင္းတစ္ဦးလည္းျဖစ္ပါေသးတယ္။ ကုိေပါက္က အိမ္မွာေနရတဲ့ ကာလမွာ သားေလးေတြနဲ႔ ရင္းနွီးေႏြးေထြးမႈရယူျပီးေပ်ာ္ရႊင္စရာအခ်ိန္ေလးေတြျဖတ္သန္းေနတာ ေတြ႕ရပါတယ္။

ကုိေပါက္က သားေလးေတြကုိ အနုပညာအေမြ လက္ဆင့္ကမ္းတဲ့အေနနဲ႔ ပန္းခ်ီဆဲြသင္ေပးေနတာကိုလည္း ေတြ႕ရပါတယ္။ သားေလးနွစ္ေယာက္ကုိ အေျခခံပန္းခ်ွီဆြဲနည္းေလးေတြသင္ေပးေနျပီး သားေလးေတြကလည္း လိမ္မာစြာ လိုက္လုပ္ေနတဲ့ ဓာတ္ပံုေလးေတြကုိ ကုိေပါက္က သူ႔ရဲ႕ လူမႈကြန္ယက္ေပၚမွာတင္ထားခဲ့ပါတယ္။ ကုိေပါက္က သားေလးနွစ္ေယာက္ရဲ႕ ဓာတ္ပံုေလးေတြနဲ႔အတူ “သားေတာ္ေမာင္ ၂ ေယာက္ရဲ႕ အိမ္တြင္းပန္းခ်ီသင္တန္း ပထမေန႔မွာ line အေၾကာင္း စ သင္ေနပါတယ္”လို႔ တင္ထားတာေတြ႕ရပါတယ္။ ပရိသတ္ေတြက ကေလးေတြကုိ အနုပညာအေမြေပးေနတဲ့ ကုိေပါက္ကုိ အားေပးတဲ့ comment ေလးေတြေပးထားၾကပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ ကုိေပါက္ သားေလးေတြရဲ႕ ခ်စ္စရာေကာင္းတ့ဲပံုေလးေတြကုိ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ၾကီးေရာ ကုိေပါက္ကုိအားေပးၾကလား။ ကုိေပါက္ရဲ႕ေနာက္ထပ္ အနုပညာလက္ရာေတြကုိေရာ အားေပးဖို႔အသင့္ပဲလား။ ေျပာခဲ့ၾကပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*