သမီးလေးနားမှာ နွေးနွေးထွေးထွေးနေနိုင်လို့ စိတ်ချမ်းသာနေတယ်ဆိုတဲ့ အောင်လအန်ဆန်း

အောင်လအန်ဆန်းဟာ ချစ်ဖို့ကောင်းတဲ့ ဇနီးဖြစ်သူနဲ့ သားလေးနဲ့ မွေးကင်းစ အသစ်ကျပ်ချွတ်သမီးငယ်လေးနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ထားသူ ဖြစ်ပြီး မိသားစုကို ကြင်နာတတ်တဲ့ အဖေကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်းက သူ့ရဲ့ အားလပ်ချိန်တွေကို မိသားစုနဲ့ပဲ ကုန်ဆုံးတတ်ပြီး အားတဲ့ ရက်တွေမှာ သားလေးကို ကျောင်းလိုက်ပို့ပြီး ဂရုတစိုက်ရှိသူလည်း ဖြစ်ပါတယ်။ အောင်လက သားလေးအောင်ဒီးကို သူ့လိုပဲ ကမ္ဘာကျော် လက်ဝှေ့ပွဲတွေနဲ့ One Championship မှာ ယှဉ်ပြိုင် ထိုးသတ်စေချင်တဲ့ အကြောင်းလည်း လူမှုကွန်ယက်မှာ ရင်ဖွင့်ခဲ့ဖူးပါသေးတယ်။


အောင်လအန်ဆန်းက တစ်ကမ္ဘာလုံးက အခြားသောသူတွေလိုပဲ လက်ရှိမှာ အပြင်မထွက်ပဲ အိမ်မှာ မိသားစုတွေနဲ့ အတူတူ home stay နေနေတဲ့အချိန်ပါ။ အောင်လအန်ဆန်းက အလုပ်တွေကိုရပ်ထားရပြီး အပြင်မထွက်ရပေမယ့် မိသားစုနဲ့အတူတူနွေးနွေးထွေးထွေးနေရတဲ့အတွက် ပျော်ရွှင်ရကြောင်းလေးတွေကို သူ့ရဲ့လူမှုကွန်ယက်မှာတင်လေ့ရှိပါတယ်။ မကြာသေးမီကလည်း အောင်လအန်ဆန်းက သမီးလေးနားမှာရှိခွင့်ရလို့ ပျော်ရွှင်ရကြောင်းလေးတွေတင်ထားခဲ့ပါသေးတယ်။ ဒါ့အပြင် ပရိသတ်တွေကိုလည်း ဒီလိုအချိန်ကိုအခွင့်ကောင်းယူပြီး မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ ပြောထားခဲ့ပါတယ်။


အောင်လအန်ဆန်းက သမီးလေးရဲ့ video လေးနဲ့အတူ “ပြီးခဲ့တဲ့နှစ်လအတွင်းမှာ အကောင်းဆုံးအရာကတော့ သမီးလေး San Seng ကြီးပြင်းလာတာကို စောင့်ကြည့်ရတာပါပဲ။ သမီးလေးကို နေ့တိုင်းချီခွင့်ရတာ၊နမ်းခွင့်ရတာတွေက ဘုရားပေးတဲ့ဆုပါ။ ဒီလို အခြေအနေကြီးအတွင်းမှာ ကိုယ့်မိသားစုနဲ့ ပျော်ရွှင်စရာအမှတ်တရတွေ ဖန်တီးဖို့မမေ့ပါနဲ့”လို့ တင်ထားခဲ့တာဖြစ်ပါတယ်။


ပြောချင်လွန်းလို့ပရိသတ်ကြီးရော အောင်လအန်ဆန်းကိုချစ်ကြလား။ ဒီကပ်ကြီးပြီးသွားရင် အောင်လအန်ဆန်းရဲ့ ထိုးသတ်ပွဲတွေကို ဆက်လက်စောင့်ကြည့်အားပေးဖို့ အသင့်ပဲလား။ ပြောခဲ့ကြပါဦး။

Zawgyi

ေအာင္လအန္ဆန္းဟာ ခ်စ္ဖို႔ေကာင္းတဲ့ ဇနီးျဖစ္သူနဲ႔ သားေလးနဲ႔ ေမြးကင္းစ အသစ္က်ပ္ခြ်တ္သမီးငယ္ေလးနဲ႔ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလး ပိုင္ဆိုင္ထားသူ ျဖစ္ျပီး မိသားစုကို ၾကင္နာတတ္တဲ့ အေဖေကာင္း တစ္ေယာက္လည္း ျဖစ္ပါတယ္။ ေအာင္လအန္ဆန္းက သူ႔ရဲဲ႕ အားလပ္ခ်ိန္ေတြကုိ မိသားစုနဲ႔ပဲ ကုန္ဆံုးတတ္ျပီး အားတဲ့ ရက္ေတြမွာ သားေလးကို ေက်ာင္းလုိက္ပုိ႔ျပီး ဂရုတစုိက္ရွိသူလည္း ျဖစ္ပါတယ္။ ေအာင္လက သားေလးေအာင္ဒီးကုိ သူ႔လိုပဲ ကမၻာေက်ာ္ လက္ေဝွ႕ပြဲေတြနဲ႔ One Championship မွာ ယွဥ္ျပိဳင္ ထုိးသတ္ေစခ်င္တဲ့ အေၾကာင္းလည္း လူမႈကြန္ယက္မွာ ရင္ဖြင့္ခဲ့ဖူးပါေသးတယ္။

ေအာင္လအန္ဆန္းက တစ္ကမၻာလံုးက အျခားေသာသူေတြလိုပဲ လက္ရွိမွာ အျပင္မထြက္ပဲ အိမ္မွာ မိသားစုေတြနဲ႔ အတူတူ home stay ေနေနတဲ့အခ်ိန္ပါ။ ေအာင္လအန္ဆန္းက အလုပ္ေတြကုိရပ္ထားရျပီး အျပင္မထြက္ရေပမယ့္ မိသားစုနဲ႔အတူတူေႏြးေႏြးေထြးေထြးေနရတဲ့အတြက္ ေပ်ာ္ရႊင္ရေၾကာင္းေလးေတြကုိ သူ႔ရဲ႕လူမႈကြန္ယက္မွာတင္ေလ့ရွိပါတယ္။ မၾကာေသးမီကလည္း ေအာင္လအန္ဆန္းက သမီးေလးနားမွာရွိခြင့္ရလို႔ ေပ်ာ္ရႊင္ရေၾကာင္းေလးေတြတင္ထားခဲ့ပါေသးတယ္။ ဒါ့အျပင္ ပရိသတ္ေတြကုိလည္း ဒီလိုအခ်ိန္ကုိအခြင့္ေကာင္းယူျပီး မိသားစုေတြနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနဖို႔ ေျပာထားခဲ့ပါတယ္။

ေအာင္လအန္ဆန္းက သမီးေလးရဲ႕ video ေလးနဲ႔အတူ “ျပီးခဲ့တဲ့နွစ္လအတြင္းမွာ အေကာင္းဆံုးအရာကေတာ့ သမီးေလး San Seng ၾကီးျပင္းလာတာကုိ ေစာင့္ၾကည့္ရတာပါပဲ။ သမီးေလးကုိ ေန႔တိုင္းခ်ီခြင့္ရတာ၊နမ္းခြင့္ရတာေတြက ဘုရားေပးတဲ့ဆုပါ။ ဒီလို အေျခအေနၾကီးအတြင္းမွာ ကုိယ့္မိသားစုနဲ႔ ေပ်ာ္ရႊင္စရာအမွတ္တရေတြ ဖန္တီးဖို႔မေမ့ပါနဲ႔”လို႔ တင္ထားခဲ့တာျဖစ္ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေအာင္လအန္ဆန္းကုိခ်စ္ၾကလား။ ဒီကပ္ၾကီးျပီးသြားရင္ ေအာင္လအန္ဆန္းရဲ႕ ထုိးသတ္ပြဲေတြကုိ ဆက္လက္ေစာင့္ၾကည့္အားေပးဖို႔ အသင့္ပဲလား။ ေျပာခဲ့ၾကပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*