ရှုတင်လိုက်တုန်းက ဒွေးနဲ့ အမှတ်တရတွေကို ရင်ဖွင့်လိုက်တဲ့ သုသု

သုသုဟာ ပရိသတ်တွေအားပေးတာခံရတဲ့ မိတ်ကပ်ပညာရှင်၊သရုပ်ဆောင်တစ်ဦးဖြစ်သလို အရမ်းသဘောကောင်းပြီး အင်တာဗျူးတွေမှာ ပွင့်ပွင့်လင်းလင်းဖြေတတ်တာလေးတွေကြောင့်လည်း ပရိသတ်တွေပိုတိုးပြီးချစ်တာခံနေရသူလေးဖြစ်ပါတယ်။ သုသုက မကြာသေးမီက မထက်တို့ လင်းလင်းတို့နဲ့အတူ ရုပ်ရှင်ကားကြီးရိုက်ထားခဲ့သလို ပရိသတ်အားပေးမှုတွေများစွာရထားသူလည်းဖြစ်ပါတယ်။ သုသုနဲ့အတူ ရုပ်ရှင်ရိုက်ရတာနှစ်သက်တဲ့ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေလည်းများစွာရှိနေသလို သုသုကိုနောက်ထပ်ရုပ်ရှင်တွေအများကြီးရိုက်စေချင်တယ်ဆိုတဲ့ ပရိသတ်တွေလည်းတော်တော်များများရှိနေပါတယ်။ သုသုက မကြာသေးမီက သူမရဲ့ လူမှုကွန်ယက်မှာ ငယ်ငယ်တုန်းက အကြောင်းလေးတွေကို ပရိသတ်တွေအတွက် တင်ပေးနေခဲ့တာပါ။

မကြာသေးမီကတော့ သုသုက အနုပညာနယ်ပယ်မှာ ကြွေလွင့်သွားတဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ ဒွေး (ကိုသားကြီး) နဲ့ အမှတ်တရတွေအကြောင်းပြောပြလာခဲ့သလို ငယ်စဉ်ဘဝမှာ ရှုတင်စလိုက်တုန်းက ကြုံတွေ့ရတဲ့ ဘဝအခြေအနေတွေ လောကဓံတွေကိုပါ ရင်ဖွင့်သွားခဲ့ပါတယ်။ သုသုက ကိုသားကြီးက သဘောကောင်းပြီး မုန့်ဖိုးတွေအမြဲပေးကြောင်း “ကိုသားကြီးက စက်အဖွဲ့တွေကို လဲ အမြဲမုန်ဖိုးပေးသလို ကြုံရင်ကြုံသလို မိတ်ကပ် ဆရာ အခြောက်မလေးတွေလဲ မုန့်ဖိုးပေးပါတယ် ၅၀၀၀ , ၁၀၀၀၀ စသည်ဖြင့်ပေါ့ အဲခေတ်က ၅၀၀၀ ဆို ကျမတို့မိသားစု အဖိုး အမေ ညီမလေး ကျမအပါဝင် မိသားစု လေးယောက်တပတ်စာ ထမင်းဟင်းအိမ်စရိတ်ရပါတယ် စိတ်ကောင်းရှိတဲ့အကိုပါ အမြဲလည်းမုန့်ဖိုးပေးပါတယ်။ အဲခေတ်က ကားရိုက်ကြေး တကား ၃၀၀၀၀ ရပါတယ် မနည်းပါဘူး ဆိုင်ကိုပြန်အပ်ရပါတယ် ၁၀ကားစာတခါထုပ်ရင် ၃သိန်းရပါတယ် ဆိုင် ကိုပြန်အပ်ရင်ရူတင်လိုက်ခ ၅ သောင်း ပြန်ရပါတယ် ရုပရှင် ၁၀ကား လိုက်ထားတာဆိုတော့ ၄ လ ကျော်လောက်ကြာပါတယ် အိမ်စရိတ် မလောက်ဖူးပေါ့ရှင်လွယ်လွယ်ပြောရရင် အမေဆေးဖိုး ညီမကျောင်းစရိတ် အဖိုးနဲ့ မိသားစု စားစရိတ်တွေက ရှိသေးတယ်မလား ဒါတောင် တိုက်ခန်းလေးက ၇လွှာမှာ အပိုင်ရှိလိုတော်ပါသေးတယ်”လို့ ပြောပြထားပါတယ်။

ဒါ့အပြင် ရှိတာတွေတောင် ပေါင်နှံထုခွဲပြီး ရှုတင်ရအောင် လိုက်ခဲ့တဲ့အထိ ဝါသနာကြီးခဲ့ရကြောင်းကိုလည်း “ပြောချင်တာကတော့ ကိုသားကြီး နဲ့ ကားရိုက်ရင် မုန့်ဖိုး အပိုလေးရတော့ အသက်ရှူ ချောင် တာလေးကိုပြောချင်တာပါ မလတ်ကတော့ မသိရှာပါဘူး တကား ၃သောင်း ဆို တခါထုပ် ၁၀ကားစာ သုံးသိန်းရတယ်ပဲထင်နေတာအဲခေတ်က ရွှေတကျပ်သား ၅သောင်းခေတ် လေ သုံးသောင်းဆို တာအများကြီး ကိုယ်ကပြန်ရတာတကားစာ၅၀၀၀ ဆိုင်ကဖြတ်တာ ၂၅၀၀၀ မိတ်ကပ်ဆံပင်ပစ္စည်းတွေတော့ပေးပါတယ် ဒါတွေမတွက်ပါဘူး ရူတင်လိုက်ချင်တာကို ကိုယ်လိုက်ရတဲ့ မင်းသမီး ကလဲ ကိုယ်ဘလိုပြင်ပြင် သည်းခံပေးတော့ ပျော်တာပေါ့လေ မလောက် မင ပိုက်ဆံလိုလဲ ရှိတဲ့ ရွှေတိုရွှေစ စတီးကြိုင့်ကစ အပေါင်ဆိုင်ပို့ ရူတင်လိုက်ခဲ့တဲ့ ရူတင်ရူးမလေးပါနော်”လို့ ပွင့်ပွင့်လင်းလင်းပြောပြထားပါသေးတယ်။

ကိုသားကြီးငယ်ငယ်က အလွန်အသန့်အပြန့်ကြိုက်သလို ဆွဲဆောင်မှုလည်းရှိခဲ့တဲ့အကြောင်း “ကိုသားကြီး နဲ့ ဟိုတယ် အတူတူ တည်းရတာလဲများပါတယ် ကိုယ် သားကြီး ဟိုတယ်က ထွက်သွားပြီး ပြန်လာပြီဆို အကိုရေမွှေးနံ က ဟိုတယ် တခုလုံးမွှေးကြိုင်နေလေရော အဲ့ခေတ်ထဲ ကနာမည်ကြီး ယောကျာ်းဆန်သော အနံ ရေမွှေးထင်ပါတယ် အသုံးဆောင်အနေထိုင်ကလည်း သန့်မှသန့် အဓိက က ကိုသားကြီးရဲ့မျက်လုံးပဲ ကြည့်လိုက်တာနဲ့ စကားပြောနေသလိုလို ကိုယ်တွေကတော့ ကြည့်တောင်ခိုးပဲ့ကြည်ရဲပါ တယ် ကူညီတက်တယ်စိတိကောင်းရှိတဲ အကို အစောကြီးကြွေလွင့်သွားလို နှမျောမိတာအမှန်ပါ”လို့ ရင်တွင်းခံစားချက်တွေ ရင်ဖွင့်ထားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် သုသုနဲ့ ဒွေးရဲ့ အမှတ်တရဓာတ်ပုံလေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော သုသုလိုပဲ ကိုသားကြီးကို လွမ်းဆွတ်နေကြလား။ ကိုသားကြီးနဲ့ ပတ်သက်တဲ့ ရင်ထဲက အမှတ်တရတွေရှိရင်လည်း comment မှာ ပြောပြခဲ့ကြပါဦး။

Zawgyi

သုသုဟာ ပရိသတ္ေတြအားေပးတာခံရတဲ့ မိတ္ကပ္ပညာရွင္၊သရုပ္ေဆာင္တစ္ဦးျဖစ္သလို အရမ္းသေဘာေကာင္းျပီး အင္တာဗ်ဴးေတြမွာ ပြင့္ပြင့္လင္းလင္းေျဖတတ္တာေလးေတြေၾကာင့္လည္း ပရိသတ္ေတြပုိတိုးျပီးခ်စ္တာခံေနရသူေလးျဖစ္ပါတယ္။ သုသုက မၾကာေသးမီက မထက္တို႔ လင္းလင္းတို႔နဲ႔အတူ ရုပ္ရွင္ကားၾကီးရိုက္ထားခဲ့သလို ပရိသတ္အားေပးမႈေတြမ်ားစြာရထားသူလည္းျဖစ္ပါတယ္။ သုသုနဲ႔အတူ ရုပ္ရွင္ရိုက္ရတာနွစ္သက္တဲ့ လုပ္ေဖာ္ကိုင္ဖက္အနုပညာရွင္ေတြလည္းမ်ားစြာရွိေနသလုိ သုသုကိုေနာက္ထပ္ရုပ္ရွင္ေတြအမ်ားၾကီးရိုက္ေစခ်င္တယ္ဆုိတဲ့ ပရိသတ္ေတြလည္းေတာ္ေတာ္မ်ားမ်ားရွိေနပါတယ္။ သုုသုက မၾကာေသးမီက သူမရဲ႕ လူမႈကြန္ယက္မွာ ငယ္ငယ္တုန္းက အေၾကာင္းေလးေတြကုိ ပရိသတ္ေတြအတြက္ တင္ေပးေနခဲ့တာပါ။

မၾကာေသးမီကေတာ့ သုသုက အနုပညာနယ္ပယ္မွာ ေၾကြလြင့္သြားတဲ့ ၾကယ္တစ္ပြင့္ျဖစ္တဲ့ ေဒြး (ကုိသားၾကီး) နဲ႔ အမွတ္တရေတြအေၾကာင္းေျပာျပလာခဲ့သလုိ ငယ္စဥ္ဘဝမွာ ရႈတင္စလိုက္တုန္းက ၾကံဳေတြ႕ရတဲ့ ဘဝအေျခအေနေတြ ေလာကဓံေတြကုိပါ ရင္ဖြင့္သြားခဲ့ပါတယ္။ သုသုက ကုိသားၾကီးက သေဘာေကာင္းျပီး မုန္႔ဖိုးေတြအျမဲေပးေၾကာင္း “ကိုသားႀကီးက စက္အဖြဲ႕ေတြကို လဲ အၿမဲမုန္ဖိုးေပးသလို ႀကဳံရင္ႀကဳံသလို မိတ္ကပ္ ဆရာ အေျခာက္မေလးေတြလဲ မုန႔္ဖိုးေပးပါတယ္ ၅၀၀၀ , ၁၀၀၀၀ စသည္ျဖင့္ေပါ့ အဲေခတ္က ၅၀၀၀ ဆို က်မတို႔မိသားစု အဖိုး အေမ ညီမေလး က်မအပါဝင္ မိသားစု ေလးေယာက္တပတ္စာ ထမင္းဟင္းအိမ္စရိတ္ရပါတယ္ စိတ္ေကာင္းရွိတဲဲ့အကိုပါ အၿမဲလည္းမုန႔္ဖိုးေပးပါတယ္။ အဲေခတ္က ကား႐ိုက္ေၾကး တကား ၃၀၀၀၀ ရပါတယ္ မနည္းပါဘူး ဆိုင္ကိုျပန္အပ္ရပါတယ္ ၁၀ကားစာတခါထုပ္ရင္ ၃သိန္းရပါတယ္ ဆိုင္ ကိုျပန္အပ္ရင္႐ူတင္လိုက္ခ ၅ ေသာင္း ျပန္ရပါတယ္ ႐ုပရွင္ ၁၀ကား လိုက္ထားတာဆိုေတာ့ ၄ လ ေက်ာ္ေလာက္ၾကာပါတယ္ အိမ္စရိတ္ မေလာက္ဖူးေပါ့ရွင္လြယ္လြယ္ေျပာရရင္ အေမေဆးဖိုး ညီမေက်ာင္းစရိတ္ အဖိုးနဲ႔ မိသားစု စားစရိတ္ေတြက ရွိေသးတယ္မလား ဒါေတာင္ တိုက္ခန္းေလးက ၇လႊာမွာ အပိုင္ရွိလိုေတာ္ပါေသးတယ္”လို႔ ေျပာျပထားပါတယ္။

ဒါ့အျပင္ ရွိတာေတြေတာင္ ေပါင္နွံထုခြဲျပီး ရႈတင္ရေအာင္ လိုက္ခဲ့တဲ့အထိ ဝါသနာၾကီးခဲ့ရေၾကာင္းကုိလည္း “ေျပာခ်င္တာကေတာ့ ကိုသားႀကီး နဲ႔ ကား႐ိုက္ရင္ မုန႔္ဖိုး အပိုေလးရေတာ့ အသက္ရႉ ေခ်ာင္ တာေလးကိုေျပာခ်င္တာပါ မလတ္ကေတာ့ မသိရွာပါဘူး တကား ၃ေသာင္း ဆို တခါထုပ္ ၁၀ကားစာ သုံးသိန္းရတယ္ပဲထင္ေနတာအဲေခတ္က ေ႐ႊတက်ပ္သား ၅ေသာင္းေခတ္ ေလ သုံးေသာင္းဆို တာအမ်ားႀကီး ကိုယ္ကျပန္ရတာတကားစာ၅၀၀၀ ဆိုင္ကျဖတ္တာ ၂၅၀၀၀ မိတ္ကပ္ဆံပင္ပစၥည္းေတြေတာ့ေပးပါတယ္ ဒါေတြမတြက္ပါဘူး ႐ူတင္လိုက္ခ်င္တာကို ကိုယ္လိုက္ရတဲ့ မင္းသမီး ကလဲ ကိုယ္ဘလိုျပင္ျပင္ သည္းခံေပးေတာ့ ေပ်ာ္တာေပါ့ေလ
မေလာက္ မင ပိုက္ဆံလိုလဲ ရွိတဲ့ ေ႐ႊတိုေ႐ႊစ စတီးႀကိဳင့္ကစ အေပါင္ဆိုင္ပို႔ ႐ူတင္လိုက္ခဲ့တဲ့ ႐ူတင္႐ူးမေလးပါေနာ္”လို႔ ပြင့္ပြင့္လင္းလင္းေျပာျပထားပါေသးတယ္္။

ကုိသားၾကီးငယ္ငယ္က အလြန္အသန္႔အျပန္႔ၾကိဳက္သလုိ ဆြဲေဆာင္မႈလည္းရွိခဲ့တဲ့အေၾကာင္း “ကိုသားႀကီး နဲ႔ ဟိုတယ္ အတူတူ တည္းရတာလဲမ်ားပါတယ္ ကိုယ္ သားႀကီး ဟိုတယ္က ထြက္သြားၿပီး ျပန္လာၿပီဆို အကိုေရေမႊးနံ က ဟိုတယ္ တခုလုံးေမႊးႀကိဳင္ေနေလေရာ အဲ့ေခတ္ထဲ ကနာမည္ႀကီး ေယာက်ာ္းဆန္ေသာ အနံ ေရေမႊးထင္ပါတယ္ အသုံးေဆာင္အေနထိုင္ကလည္း သန႔္မွသန႔္ အဓိက က ကိုသားႀကီးရဲ႕မ်က္လုံးပဲ ၾကည့္လိုက္တာနဲ႔ စကားေျပာေနသလိုလို ကိုယ္ေတြကေတာ့ ၾကည့္ေတာင္ခိုးပဲ့ၾကည္ရဲပါ တယ္ ကူညီတက္တယ္စိတိေကာင္းရွိတဲ အကို အေစာႀကီးေႂကြလြင့္သြားလို ႏွေမ်ာမိတာအမွန္ပါ”လို႔ ရင္တြင္းခံစားခ်က္ေတြ ရင္ဖြင့္ထားခဲ့ပါတယ္။
ေျပာခ်င္လြန္းလုိ႔ပရိသတ္ၾကီးအတြက္ သုုသုနဲ႔ ေဒြးရဲ႕ အမွတ္တရဓာတ္ပံုေလးကုိေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ၾကီးေရာ သုသုလိုပဲ ကုိသားၾကီးကုိ လြမ္းဆြတ္ေနၾကလား။ ကုိသားၾကီးနဲ႔ ပတ္သက္တဲ့ ရင္ထဲက အမွတ္တရေတြရွိရင္လည္း comment မွာ ေျပာျပခဲ့ၾကပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*