မင်းသာ ကဗျာလေးတစ်ပုဒ်ဆိုရင် နေ့တိုင်းခံစားရေရွတ်နေမှာဆိုတဲ့ ပိုင်တံခွန်

ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံတွင်သာမက အခြားသော အိမ်နီးချင်း နိုင်ငံတွေမှာလည်း အားပေးမှုကို ရရှိထားပြီး ထိုင်းနိုင်ငံမှာဆိုရင်လည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ အောင်မြင်နေတဲ့ အနုပညာရှင် တယောက်လည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့သူ့ရဲ့ ပရိသတ်တွေအတွက် အမိုက်စား ဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေ ကိုသူ့ရဲ့လူမှုကွန်ယက်မှာ တင်ပေးလေ့ရှိပြီး ပရိသတ်တွေရဲ့အသည်းကိုညှို့ယူတတ်သူပါ။ထိုင်းနိုင်ငံမှာ ပရိသတ်အခိုင်အမာရထားပြီး ထိုင်းတစ်နိုင်ငံလုံးရဲ့ တခဲနက်အားပေးမှုတွေရထားတဲ့ ပိုင်တံခွန်က ထိုင်းနဲ့ မြန်မာကို သွားလိုက်လာလိုက်နဲ့အနုပညာလုပ်ငန်းတွေလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ပိုင်တံခွန်ဟာ မော်ဒယ်မင်းသားတစ်ဦးဖြစ်ပေမယ့် သီချင်းတွေလည်းဆိုတတ်ပြီး စာပေနဲ့လည်း သိပ်မစိမ်းသူတစ်ယောက်ပါ။ ပိုင်တံခွန်က စာအုပ်တွေဖတ်တတ်သူတစ်ဦးဖြစ်သလို အခါအားလျော်စွာ ကဗျာလေးတွေရေးတတ်သူလည်းဖြစ်ပါသေးတယ်။မကြာသေးမီကလည်း ပိုင်တံခွန်က သူ့ရဲ့ ခံစားချက်တွေကို စာတိုပေစလေးတွေနဲ့ လူမှုကွန်ယက်ပေါ်မှာ ရင်ဖွင့်ထားတာတွေ့ရပါတယ်။ စိတ်ကူးပေါက်ရင်ပေါက်သလို ပန်းချီလည်းဆွဲတတ်ပြီး ကြောင်လေးတွေကိုလည်းချစ်တတ်တဲ့ နူးညံ့တဲ့နှလုံးသားပိုင်ရှင် ပိုင်တံခွန်ဟာ ကဗျာရေးတဲ့အခါမှာလည်း ဖတ်ရသူရင်ထဲ အေးမြသွားစေမယ့် ခံစားချက်မျိုးပေးစွမ်းနိုင်တဲ့ ကဗျာလေးတွေရေးစပ်တတ်သူလည်းဖြစ်ပါသေးတယ်။ ပိုင်တံခွန်က အခုလည်း ရင်ထဲမှာ အေးချမ်းသွားစေမယ့် ကဗျာစာသာေးလးတွေကို သူ့ရဲ့ လူမှုကွန်ယက်မှာ တင်ထားတာတွေ့ရပါတယ်။

ဒီတစ်ခေါက်ကဗျာလေးထဲမှာတော့ ပိုင်တံခွန်က သဘာဝပတ်ဝန်းကျင်ကအလှအပလေးတွေကို ဖွဲ့ဆိုထားပြီး ပတ်ဝန်းကျင်ကို ငြိမ်ငြိမ်လေးထိုင်ငေးနေတဲ့အချိန်မှာရမယ့် ခံစားချက်လေးတွေကို ရေးပြထားတယ်ဆိုရင်လည်းမမှားပါဘူး။ ပိုင်တံခွန်က သူ့ရဲ့ လူမှုကွန်ယက်မှာ ကဗျာလေးကို “ငှက်လေးတွေ တေးဆိုတာတို့ ပျား ပိတုန်း လေးတွေ ဝတ်မှုန်ကူးနေတာတို့ လရောင်ကို ငေးကြည့်တာတို့ ကြယ်လေးတွေက လမ်းပြတာတို့ ရောင်နီကြောင့် မနက်ခင်းလေး ပြည့်စုံတာတို့ စမ်းချောင်းလေးက အသက်ဝင်လှုပ်ရှားနေတာတို့တိမ်ငွေ့ကို ရှတတလေးထိတွေ့တာတို့ တောင်ပြန်လေညှင်းလေး တိုက်ခတ်တာတို့ နှင်းစက်ဖွေးဖွေးလေးကြား ဆော့ကစားရတာတို့ လှိုင်းသံလေးတွေ တိတ်ဆိတ်သွားတာတို့ တကယ်လို့ မင်းသာ ကဗျာလေးတပုဒ်ဆိုရင် ငါနေ့တိုင်း ခံစားပြီး ရေရွတ်နေမိမှာ” လို့ ရေးသားထားတာဖြစ်ပါတယ်။ ပရိသတ်တွေက အနုပညာ sense အပြည့်ရှိတဲ့ ပိုင်တံခွန်ရဲ့ ကဗျာလေးကို သဘောကျနေကြပြီး ရင်တွင်းခံစားချက်လေးတွေ comment ပေးထားတာတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပိုင်တံခွန်ကိုချစ်ကြလား။ ပိုင်တံခွန်ရဲ့နောက်ထပ်ထွက်ဖို့ရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုရော အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

Zawgyi

ပိုင္တံခြန္ကေတာ့ လက္႐ွိမွာ ျမန္မာႏိုင္ငံတြင္သာမက အျခားေသာ အိမ္နီးခ်င္း ႏို္င္ငံေတြမွာလည္း အားေပးမႈကို ရ႐ွိထားၿပီး ထိုင္းနုို္င္ငံမွာဆုိရင္လည္း ပရိသတ္အခိုင္အမာရရွိထားတဲ့ ေအာင္ျမင္ေနတဲ့ အႏုပညာ႐ွင္ တေယာက္လည္း ျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့သူ႔ရဲ႕ ပရိသတ္ေတြအတြက္ အမိုက္စား ဓာတ္ပံုေလးေတြ ဗီဒီယုိေလးေတြ ကုိသူ႔ရဲ႕လူမႈကြန္ယက္မွာ တင္ေပးေလ့ရွိျပီး ပရိသတ္ေတြရဲ႕အသည္းကုိညိွဳ႕ယူတတ္သူပါ။ထုိင္းနို္င္ငံမွာ ပရိသတ္အခိုင္အမာရထားျပီး ထုိင္းတစ္နို္င္ငံလံုးရဲ႕ တခဲနက္အားေပးမႈေတြရထားတဲ့ ပိုင္တံခြန္က ထုိင္းနဲ႔ ျမန္မာကုိ သြားလုိက္လာလိုက္နဲ႔အနုပညာလုပ္ငန္းေတြလုပ္ေဆာင္ေနတာလည္းျဖစ္ပါတယ္။

ပို္င္တံခြန္ဟာ ေမာ္ဒယ္မင္းသားတစ္ဦးျဖစ္ေပမယ့္ သီခ်င္းေတြလည္းဆိုတတ္ျပီး စာေပနဲ႔လည္း သိပ္မစိမ္းသူတစ္ေယာက္ပါ။ ပိုင္တံခြန္က စာအုပ္ေတြဖတ္တတ္သူတစ္ဦးျဖစ္သလို အခါအားေလ်ာ္စြာ ကဗ်ာေလးေတြေရးတတ္သူလည္းျဖစ္ပါေသးတယ္။မၾကာေသးမီကလည္း ပုိင္တံခြန္က သူ႔ရဲ႕ ခံစားခ်က္ေတြကုိ စာတိုေပစေလးေတြနဲ႔ လူမႈကြန္ယက္ေပၚမွာ ရင္ဖြင့္ထားတာေတြ႕ရပါတယ္။ စိတ္ကူးေပါက္ရင္ေပါက္သလို ပန္းခ်ီလည္းဆြဲတတ္ျပီး ေၾကာင္ေလးေတြကုိလည္းခ်စ္တတ္တ့ဲ နူးညံ့တဲ့နွလံုးသားပုိင္ရွင္ ပုိင္တံခြန္ဟာ ကဗ်ာေရးတဲ့အခါမွာလည္း ဖတ္ရသူရင္ထဲ ေအးျမသြားေစမယ့္ ခံစားခ်က္မ်ိဳးေပးစြမ္းနုိင္တဲ့ ကဗ်ာေလးေတြေရးစပ္တတ္သူလည္းျဖစ္ပါေသးတယ္။ ပုိင္တံခြန္က အခုလည္း ရင္ထဲမွာ ေအးခ်မ္းသြားေစမယ့္ ကဗ်ာစာသာေးလးေတြကုိ သူ႔ရဲ႕ လူမႈကြန္ယက္မွာ တင္ထားတာေတြ႕ရပါတယ္။

ဒီတစ္ေခါက္ကဗ်ာေလးထဲမွာေတာ့ ပိုင္တံခြန္က သဘာဝပတ္ဝန္းက်င္ကအလွအပေလးေတြကုိ ဖြဲ႕ဆိုထားျပီး ပတ္ဝန္းက်င္ကုိ ျငိမ္ျငိမ္ေလးထုိင္ေငးေနတဲ့အခ်ိန္မွာရမယ့္ ခံစားခ်က္ေလးေတြကုိ ေရးျပထားတယ္ဆိုရင္လည္းမမွားပါဘူး။ ပုိင္တံခြန္က သူ႔ရဲ႕ လူမႈကြန္ယက္မွာ ကဗ်ာေလးကုိ “ငွက္ေလးေတြ ေတးဆိုတာတို႔ ပ်ား ပိတုန္း ေလးေတြ ဝတ္မႈန္ကူးေနတာတို႔ လေရာင္ကို ေငးၾကည့္တာတို႔ ၾကယ္ေလးေတြက လမ္းျပတာတို႔ ေရာင္နီေၾကာင့္ မနက္ခင္းေလး ျပည့္စုံတာတို႔ စမ္းေခ်ာင္းေလးက အသက္ဝင္လႈပ္ရွားေနတာတို႔တိမ္ေငြ႕ကို ရွတတေလးထိေတြ႕တာတို႔ ေတာင္ျပန္ေလညႇင္းေလး တိုက္ခတ္တာတို႔ ႏွင္းစက္ေဖြးေဖြးေလးၾကား ေဆာ့ကစားရတာတို႔ လႈိင္းသံေလးေတြ တိတ္ဆိတ္သြားတာတို႔ တကယ္လို႔ မင္းသာ ကဗ်ာေလးတပုဒ္ဆိုရင္ ငါေန႔တိုင္း ခံစားၿပီး ေရ႐ြတ္ေနမိမွာ” လို႔ ေရးသားထားတာျဖစ္ပါတယ္။ ပရိသတ္ေတြက အနုပညာ sense အျပည့္ရွိတဲ့ ပိုင္တံခြန္ရဲ႕ ကဗ်ာေလးကုိ သေဘာက်ေနၾကျပီး ရင္တြင္းခံစားခ်က္ေလးေတြ comment ေပးထားတာေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ပုိင္တံခြန္ကုိခ်စ္ၾကလား။ ပုိင္တံခြန္ရဲ႕ေနာက္ထပ္ထြက္ဖို႔ရွိတဲ့ ရုပ္ရွင္ဇာတ္ကားေတြကုိေရာ အားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*