ဒီကပ်ကြီးပြီးသွားရင် မင်းဆီအရင်ဆုံးပြေးလာခဲ့မယ်ဆိုတဲ့ နန်းစုရတီစိုး
နန်းစုဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပရိသတ်တွေရင်ထဲမှာ အမြစ်တွယ်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ချစ်စရာကောင်းတဲ့ဟန်ပန်အမူအရာတွေအပြင် ပရိသတ်တွေရင်ထဲစွဲစေတဲ့ သီချင်းစာသားတွေ၊ ပရိသတ်ကိုဖော်ဖော်ရွေရွေဆက်ဆံတတ်တာလေးတွေကြောင့်လည်း ပရိသတ်တွေသည်းသည်းလှုပ်ကြပြီးအခုအချိန်အထိ အောင်မြင်မှုကိုထိန်းထားနိုင်သူတစ်ဦးလို့ဆိုရမှာပါ။
နန်းစုက ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ အနုပညာလှုပ်ရှားမှုတွေနဲ့ သီချင်းအသစ်လေးတွေကိုတင်ပေးလေ့ရှိပါတယ်။အခုတလောမှာလည်း Covid-19 ကြောင့် အိမ်ထဲမှာပဲနေကြရတဲ့အချိန်မှာ နန်းစုက ပရိသတ်တွေအလွမ်းပြေစေဖို့ သူမရဲ့ အရမ်းလှတဲ့ ဓာတ်ပုံလေးတွေတင်ပေးနေတာဖြစ်ပါတယ်။ နန်းစုက မကြာသေးမီက သူမရဲ့ လူမှုကွန်ယက်မှာ စတိုင်ကျမိမိုက်နေတဲ့ all black dress လေးနဲ့ ဓာတ်ပုံလေးတွေတင်ထားခဲ့တာကိုလည်းတွေ့ရပါတယ်။ နန်းစုက အဲဒီဓာတ်ပုံလေးတွေကို “ဒီကပ်ကြီးပြီးသွားရင် မင်းဆီပဲအရင်ဆုံးပြေးလာခဲ့မှာ”ဆိုတဲ့ စာလေးနဲ့တင်ထားခဲ့တာပါ။
ပရိသတ်တွေကတော့ ကပ်ကြီးပြီးသွားရင် နန်းစုအရင်ဆုံးပြေးသွားမှာ ဘယ်သူ့ဆီလဲဆိုတာ စိတ်ဝင်စားနေကြသလို နန်းစုမှာ ချစ်သူရနေပြီလားလို့ ထင်ကြေးပေးနေကြတာတွေလည်းရှိပါတယ်။ လက်ရှိမှာတော့ နန်းစုက G Fatt နဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ သီချင်းတွေဆိုရင်း အနုပညာအလုပ်တွေလုပ်ရင်း တစ်ကိုယ်တည်းအပူအပင်မရှိနေလာခဲ့တာဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် နန်းစုရဲ့ ဖက်ရှင်ကျကျမိမိုက်နေတဲ့ ဓာတ်ပုံလေးတွေဖော်ပြပေးလိုက်ပါတယ်နော်။
ပရိသတ်ကြီးရော နန်းစုကိုချစ်ကြလား။ နန်းစုရဲ့နောက်ထပ်အနုပညာအလုပ်တွေကိုရော အားပေးကြမှာလာ။ ပြောခဲ့ကြပါဦး။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*