ငယ်ငယ်ထဲက အခုအချိန်ထိ လှနေရတာ ပင်ပန်းတယ်ဆိုတဲ့ နွယ်ဒါလီထွန်း

နွယ်ဒါလီထွန်းဟာလွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက ပရိသတ်တွေရင်ထဲရောက်နေခဲ့တဲ့ ချစ်စရာမော်ဒယ်ကောင်မလေးဖြစ်ပြီး နှစ်တွေကြာလာပေမယ့် အသက်မကြီးသွားသလိုမျိုး အမြဲတမ်း လန်းဆန်းနုပျိုတက်ကြွနေတဲ့ မော်ဒယ်မလေးလည်းဖြစ်ပါတယ်။ ဖော်ရွေပြီး ပရိသတ်တွေကို ချစ်ခင်ကြင်နာစွာ ဆက်ဆံတတ်တာကလည်း ဒါလီကို ပရိသတ်တွေပိုချစ်ရတဲ့အချက်တစ်ချက်လို့ဆိုရမှာပါ။ ဒါ့အပြင် ဒါလီဟာ ငယ်ငယ်ကတည်းက ပျော်ပျော်နေတတ်သူလေးလည်း ဖြစ်ပါသေးတယ်။

ဒါလီက မကြာသေးမီက သူမရဲ့ လူမှုကွန်ယက်မှာ ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် ငယ်ငယ်တုန်းက ဓာတ်ပုံလေးတွေတင်ထားခဲ့တာတွေ့ရပါတယ်။ ငယ်ငယ်ကတည်းက ဖက်ရှင်ကျကျနဲ့ ပဲပေးတတ်တဲ့ ကလေးမလေး ဒါလီကို ဓာတ်ပုံတွေထဲမှာ မြင်ရမှာဖြစ်ပြီး ဒါလီတင်ထားတဲ့ ပုံလေးတွေထဲမှာ လေးဘက်သွားအရွယ်ကနေစပြီး အသက်ဆယ်နှစ်ဝန်းကျင်အထိ ဓာတ်ပုံလေးတွေလည်း ပါဝင်တာတွေ့ရပါတယ်။ ဒါလီက ငယ်ငယ်ကတည်းက ချစ်ဖို့ကောင်းသူလေးဖြစ်ပေမယ့် ကြီးလာတော့ ထူးထူးခြားခြား puberty hit တယ်လို့ ပြောရလောက်အောင်ကို ပြစ်မျိုးမှဲ့မထင်တဲ့အလှနဲ့ နတ်သမီးတစ်ပါးလို တောက်ပလာတယ်လို့ဆိုနိုင်ပါတယ်။ ဝင်းလက်စိုပြေတဲ့အသားအရည်နဲ့ ညို့မျက်ဝန်းတွေနဲ့ ချစ်စရာကောင်းတဲ့ နွယ်ဒါလီထွန်းက ငယ်ငယ်တုန်းက ဓာတ်ပုံလေးတွေကို အခုပုံလေးတွေနဲ့အတူ တွဲပြီးတင်ထားခဲ့တာပါ။ ဒါ့အပြင် အဲဒီပုံလေးတွေနဲ့အတူ “ငယ်ကတည်းကနေခုချိန်ထိလှနေတော့ နဲနဲတော့ပင်ပန်းတာပေါ့”လို့လည်း ရေးထားခဲ့ပါသေးတယ်။

ပရိသတ်တွေကတော့ ဒါလီရဲ့ ပိုစ့်လေးအောက်မှာ ချစ်တဲ့ comment လေးတွေပေးထားကြတာကိုလည်းတွေ့ရပါတယ်။ နွယ်ဒါလီထွန်းက ကြော်ငြာတွေ ပိုစတာတွေအဆက်မပြတ်ရိုက်နေရပြီး ပရိသတ်တွေရဲ့အချစ်တွေများစွာ သိမ်းပိုက်ထားနိုင်သူလေးပါ။ လက်ရှိမှာတော့ အခြားသောအနုပညာရှင်တွေလိုပဲ ဒါလီကလည်း အိမ်ထဲမှာပဲနေပြီး ပရိသတ်တွေကို ရောဂါပိုးမကူးစက်အောင် ကာကွယ်ကြဖို့ တိုက်တွန်းထားတာကိုလည်းတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ဒါလီရဲ့ ငယ်ငယ်တုန်းက ချစ်ဖို့ကောင်းတဲ့ ဓာတ်ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော ဒါလီကိုချစ်ကြလား။ ဒါလီရဲ့နောက်ထပ်လုပ်မယ့်အနုပညာတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Zawgyi

ႏြယ္ဒါလီထြန္းဟာလြန္ခဲ့တဲ့နွစ္အတန္ၾကာကတည္းက ပရိသတ္ေတြရင္ထဲေရာက္ေနခဲ့တဲ့ ခ်စ္စရာေမာ္ဒယ္ေကာင္မေလးျဖစ္ျပီး နွစ္ေတြၾကာလာေပမယ့္ အသက္မၾကီးသြားသလိုမ်ိဳး အျမဲတမ္း လန္းဆန္းနုပ်ိဳတက္ၾကြေနတဲ့ ေမာ္ဒယ္မေလးလည္းျဖစ္ပါတယ္။ ေဖာ္ေရြျပီး ပရိသတ္ေတြကုိ ခ်စ္ခင္ၾကင္နာစြာ ဆက္ဆံတတ္တာကလည္း ဒါလီကုိ ပရိသတ္ေတြပုိခ်စ္ရတဲ့အခ်က္တစ္ခ်က္လို႔ဆိုရမွာပါ။ ဒါ့အျပင္ ဒါလီဟာ ငယ္ငယ္ကတည္းက ေပ်ာ္ေပ်ာ္ေနတတ္သူေလးလည္း ျဖစ္ပါေသးတယ္။

ဒါလီက မၾကာေသးမီက သူမရဲ႕ လူမႈကြန္ယက္မွာ ပရိသတ္ေတြပါးစပ္အေဟာင္းသားျဖစ္သြားေစမယ့္ ငယ္ငယ္တုန္းက ဓာတ္ပံုေလးေတြတင္ထားခဲ့တာေတြ႕ရပါတယ္။ ငယ္ငယ္ကတည္းက ဖက္ရွင္က်က်နဲ႔ ပဲေပးတတ္တဲ့ ကေလးမေလး ဒါလီကုိ ဓာတ္ပံုေတြထဲမွာ ျမင္ရမွာျဖစ္ျပီး ဒါလီတင္ထားတဲ့ ပံုေလးေတြထဲမွာ ေလးဘက္သြားအရြယ္ကေနစျပီး အသက္ဆယ္နွစ္ဝန္းက်င္အထိ ဓာတ္ပံုေလးေတြလည္း ပါဝင္တာေတြ႕ရပါတယ္။ ဒါလီက ငယ္ငယ္ကတည္းက ခ်စ္ဖို႔ေကာင္းသူေလးျဖစ္ေပမယ့္ ၾကီးလာေတာ့ ထူးထူးျခားျခား puberty hit တယ္လို႔ ေျပာရေလာက္ေအာင္ကုိ ျပစ္မ်ိဳးမွဲ႔မထင္တဲ့အလွနဲ႔ နတ္သမီးတစ္ပါးလို ေတာက္ပလာတယ္လို႔ဆိုနိုင္ပါတယ္။ ဝင္းလက္စိုေျပတဲ့အသားအရည္နဲ႔ ညိဳ႕မ်က္ဝန္းေတြနဲ႔ ခ်စ္စရာေကာင္းတဲ့ ႏြယ္ဒါလီထြန္းက ငယ္ငယ္တုန္းက ဓာတ္ပံုေလးေတြကုိ အခုပံုေလးေတြနဲ႔အတူ တဲြျပီးတင္ထားခဲ့တာပါ။ ဒါ့အျပင္ အဲဒီပံုေလးေတြနဲ႔အတူ “ငယ္္ကတည္းကေနခုခ်ိန္ထိလွေနေတာ့ နဲနဲေတာ့ပင္ပန္းတာေပါ့”လို႔လည္း ေရးထားခဲ့ပါေသးတယ္။

ပရိသတ္ေတြကေတာ့ ဒါလီရဲ႕ ပိုစ့္ေလးေအာက္မွာ ခ်စ္တဲ့ comment ေလးေတြေပးထားၾကတာကိုလည္းေတြ႕ရပါတယ္။ ႏြယ္ဒါလီထြန္းက ေၾကာ္ျငာေတြ ပိုစတာေတြအဆက္မျပတ္ရိုက္ေနရျပီး ပရိသတ္ေတြရဲ႕အခ်စ္ေတြမ်ားစြာ သိမ္းပိုက္ထားနိုင္သူေလးပါ။ လက္ရွိမွာေတာ့ အျခားေသာအနုပညာရွင္ေတြလိုပဲ ဒါလီကလည္း အိမ္ထဲမွာပဲေနျပီး ပရိသတ္ေတြကုိ ေရာဂါပုိးမကူးစက္ေအာင္ ကာကြယ္ၾကဖို႔ တိုက္တြန္းထားတာကုိလည္းေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ ဒါလီရဲ႕ ငယ္ငယ္တုန္းက ခ်စ္ဖို႔ေကာင္းတဲ့ ဓာတ္ပုံေလးေတြကုိေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ၾကီးေရာ ဒါလီကုိခ်စ္ၾကလား။ ဒါလီရဲ႕ေနာက္ထပ္လုပ္မယ့္အနုပညာေတြကိုေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*