ငယ်ငယ်တုန်းက အလှအပတွေကို ထုတ်ကြွားလိုက်တဲ့ နန်းသူဇာ

နန်းသူဇာဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပရိသတ်တွေကြားရေပန်းစားခဲ့တဲ့ အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ အရုပ်မလေးလိုလှတဲ့ မော်ဒယ်မင်းသမီးတစ်လက်ဖြစ်ပါတယ်။ နန်းသူဇာဟာမော်ဒယ်တစ်ယောက်ဖြစ်ရုံတင်မကပဲ ဂီတဘက်မှာလည်း ပါရမီပါသူတစ်ဦးဖြစ်ပြီး သီချင်းတွေကိုယ်တိုင်ထုတ်လုပ်ထားသလို ချစ်သူဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ အတူတူလည်း သီချင်းတွေသီဆိုထားပါသေးတယ်။ ဒါ့အပြင် နန်းမြတ်ဖြိုးသင်းနဲ့အတူတူ “Friend”ဆိုတဲ့ သီချင်းခွေတစ်ခွေလည်း ထုတ်ထားပြီး အဆိုတော်တစ်ဦးအဖြစ်လည်း အနုပညာလောကမှာ နေရာတစ်နေရာအခိုင်အမာရထားသူပါ။

လက်ရှိအချိန်မှာ covid – 19 ကြောင့် အားလုံး အိမ်တွင်းအောင်းနေရပြီး နန်းသူဇာက ရှိုးပွဲတွေနဲ့ MTV တွေမှာ မမြင်ရတာကြာလို့ လွမ်းနေတဲ့ ပရိသတ်တွေအတွက် နန်းသူဇာက ပရိသတ်ကိုလက်ဆောင်လေးတစ်ခုပေးလိုက်ပါတယ်။ အဲဒါကတော့ ပရိသတ်တွေအလွမ်းပြေကြည့်ဖို့ ငယ်ငယ်တုန်းက ဓာတ်ပုံလေးတွေကို တင်ပေးလာခဲ့တာပါ။ နန်းသူဇာဟာ အခြား အနုပညာရှင်တွေနဲ့မတူပဲ ငယ်ငယ်ကတည်းက ငယ်ရုပ်မပျောက်ပဲ ကြီးပြင်းလာသူလေးလို့ ဆိုရမှာပါ။ နန်းသူဇာက သူမရဲ့ လူမှုကွန်ယက်မှာ အသက် (၇) လ၊ အသက် (၁၃) နှစ်နဲ့ အသက် (၂၉) နှစ်ဓာတ်ပုံလေးတွေကို ယှဉ်ပြီးတင်ထားခဲ့သလို ခြောက်တန်းတုန်းက ချောင်းသာမှာ ရိုက်ထားတဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက်ထုတ်ပြထားတာတွေ့ရပါတယ်။

နန်းသူဇာက အဲဒီဓာတ်ပုံလေးကို “မသိဘူး ငယ်ငယ်က ပုံလေးတွေပဲတင်မယ် ဒါက အလယ်တန်းပဲ အသက်တော့ မမှတ်မိတော့ဘူး ၆ တန်းလား မသိဘူးအဲတုန်းက နွေရာသီတိုင်း ချောင်းသာသွားရတယ်”ဆိုတဲ့စာလေးနဲ့အတူတင်ထားပြီး အတိတ်ကို ပြန်သတိရလွမ်းဆွတ်ထားတာတွေ့ရပါတယ်။ ပရိသတ်တွေက နန်းသူဇာရဲ့ ဓာတ်ပုံလေးတွေအောက်မှာ “ကြီးလာလေ ချောလေပဲ”ဆိုတဲ့ comment လေးတွေပေးထားတာလည်းတွေ့ရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် နန်းသူဇာရဲ့ ငယ်စဉ်က ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နန်းသူဇာကို ချစ်ကြလား။ နန်းသူဇာရဲ့နောက်ထပ်လုပ်မယ့်အနုပညာတွေကိုရော အားပေးကြမှာလား။ ဒီကပ်ကြီးမပြီးခင် နန်းသူဇာရဲ့သီချင်းလေးတွေ နားထောင်ပြီး အိမ်ထဲမှာပဲနေရင်း ကျန်းမာရေးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Zawgyi

နန္းသူဇာဟာ လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာကတည္းက ပရိသတ္ေတြၾကားေရပန္းစားခဲ့တဲ့ အျပစ္ကင္းစင္တဲ့မ်က္နွာေလးနဲ႔ အရုပ္မေလးလိုလွတဲ့ ေမာ္ဒယ္မင္းသမီးတစ္လက္ျဖစ္ပါတယ္။ နန္းသူဇာဟာေမာ္ဒယ္တစ္ေယာက္ျဖစ္ရံုတင္မကပဲ ဂီတဘက္မွာလည္း ပါရမီပါသူတစ္ဦးျဖစ္ျပီး သီခ်င္းေတြကုိယ္တိုင္ထုတ္လုပ္ထားသလို ခ်စ္သူျဖစ္တဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ အတူတူလည္း သီခ်င္းေတြသီဆိုထားပါေသးတယ္။ ဒါ့အျပင္ နန္းျမတ္ျဖိဳးသင္းနဲ႔အတူတူ “Friend”ဆုိတဲ့ သီခ်င္းေခြတစ္ေခြလည္း ထုတ္ထားျပီး အဆိုေတာ္တစ္ဦးအျဖစ္လည္း အနုပညာေလာကမွာ ေနရာတစ္ေနရာအခိုင္အမာရထားသူပါ။

လက္ရွိအခ်ိန္မွာ covid – 19 ေၾကာင့္ အားလံုး အိမ္တြင္းေအာင္းေနရျပီး နန္းသူဇာက ရိႈးပြဲေတြနဲ႔ MTV ေတြမွာ မျမင္ရတာၾကာလို႔ လြမ္းေနတဲ့ ပရိသတ္ေတြအတြက္ နန္းသူဇာက ပရိသတ္ကုိလက္ေဆာင္ေလးတစ္ခုေပးလိုက္ပါတယ္။ အဲဒါကေတာ့ ပရိသတ္ေတြအလြမ္းေျပၾကည့္ဖို႔ ငယ္ငယ္တုန္းက ဓာတ္ပံုေလးေတြကုိ တင္ေပးလာခဲ့တာပါ။ နန္းသူဇာဟာ အျခား အနုပညာရွင္ေတြနဲ႔မတူပဲ ငယ္ငယ္ကတည္းက ငယ္ရုပ္မေပ်ာက္ပဲ ၾကီးျပင္းလာသူေလးလို႔ ဆိုရမွာပါ။ နန္းသူဇာက သူမရဲ႕ လူမႈကြန္ယက္မွာ အသက္ (၇) လ၊ အသက္ (၁၃) နွစ္နဲ႔ အသက္ (၂၉) နွစ္ဓာတ္ပံုေလးေတြကုိ ယွဥ္ျပီးတင္ထားခဲ့သလို ေျခာက္တန္းတုန္းက ေခ်ာင္းသာမွာ ရုိက္ထားတဲ့ ပံုေလးေတြကုိလည္း ပရိသတ္ေတြအတြက္ထုတ္ျပထားတာေတြ႕ရပါတယ္။

နန္းသူဇာက အဲဒီဓာတ္ပံုေလးကုိ “မသိဘူး ငယ္ငယ္က ပုံေလးေတြပဲတင္မယ္ ဒါက အလယ္တန္းပဲ အသက္ေတာ့ မမွတ္မိေတာ့ဘူး ၆ တန္းလား မသိဘူးအဲတုန္းက ေႏြရာသီတိုင္း ေခ်ာင္းသာသြားရတယ္”ဆိုတဲ့စာေလးနဲ႔အတူတင္ထားျပီး အတိတ္ကုိ ျပန္သတိရလြမ္းဆြတ္ထားတာေတြ႕ရပါတယ္။ ပရိသတ္ေတြက နန္းသူဇာရဲ႕ ဓာတ္ပံုေလးေတြေအာက္မွာ “ၾကီးလာေလ ေခ်ာေလပဲ”ဆိုတဲ့ comment ေလးေတြေပးထားတာလည္းေတြ႕ရပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ နန္းသူဇာရဲ႕ ငယ္စဥ္က ဓာတ္ပံုေလးေတြကုိ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ နန္းသူဇာကုိ ခ်စ္ၾကလား။ နန္းသူဇာရဲ႕ေနာက္ထပ္လုပ္မယ့္အနုပညာေတြကုိေရာ အားေပးၾကမွာလား။ ဒီကပ္ၾကီးမျပီးခင္ နန္းသူဇာရဲ႕သီခ်င္းေလးေတြ နားေထာင္ျပီး အိမ္ထဲမွာပဲေနရင္း က်န္းမာေရးဂရုစုိက္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။

Be the first to comment

Leave a Reply

Your email address will not be published.


*