ခေတ်သစ်ဖောင်ဒေးရှင်းက (၉၆၃) သိန်းကျော် လှူဒါန်းပြီးကြောင်းပြောပြတဲ့ ချစ်သုဝေ

ချစ်သုဝေနဲ့ လင်းလင်းကတော့ အမြဲတမ်း စိတ်တူသဘောတူနဲ့ အလှူရေစက်လက်နဲ့မကွာ လှူတန်းတတ်ကြတဲ့ မောင်နှံနှစ်ဖော်ဖြစ်ပြီး သမီးလေးနှစ်ယောက်နဲ့ ကိုယ်ပိုင်မိသားစုလေးနဲ့အတူပျော်ရွှင်နေကြတဲ့ ဇနီးမောင်နှံလည်းဖြစ်ပါတယ်။ လက်ရှိ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ Covid-19 ကပ်ရောဂါကြီးထဲမှာ ငွေကြေးတတ်နိုင်သူတွေ ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေက တစ်နိုင်တစ်ပိုင်အလှူတွေပြုလုပ်နေကြပြီး ချစ်သုဝေနဲ့ လင်းလင်းကလည်း ခေတ်သစ်ဖောင်ဒေးရှင်းနဲ့အတူ လိုအပ်တာတွေလိုက်လံလှူဒါန်းခဲ့ကြသလို ရပ်ဝေးနေရာတွေ၊အမှန်တကယ်အလိုအပ်ဆုံးဖြစ်နေတဲ့နေရာတွေအထိ ငွေကြေးနဲ့ လိုအပ်တာတွေအရောက်ပို့ဖို့ ကိုယ်တိုင်စီစဉ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

မကြာသေးမီက ချစ်သုဝေက သူမရဲ့ လူမှုကွန်ယက်မှာ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ လက်ရှိမှာလိုက်လံလှူဒါန်းဖြစ်ခဲ့တဲ့အစီအစဉ်တွေကို ပြောပြခဲ့ပြီး လက်ရှိအချိန်အထိ အလှူငွေ (၉၆၃) သိန်းကျော်လှူဒါန်းပြီးဖြစ်ကြောင်းနဲ့ အလှူခံရရှိထားတဲ့အလှူငွေပေါင်း (၁၂၄၉) သိန်းကျော် ရှီပြီဖြစ်ကြောင်းပြောပြထားခဲ့ပါတယ်။ လက်ရှိလှူဒါန်းပြီး ကျန်တဲ့အလှူငွေတွေကို နိုင်ငံနဲ့အဝှမ်းက လိုအပ်နေတဲ့ဆေးရုံကြီးတွေကို တိုက်ရိုက်ချိတ်ဆက်ပြီး လိုအပ်တဲ့ပစ္စည်းတွေကို လှူဒါန်းသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ချစ်သုဝေနဲ့လင်းလင်းရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းက လက်ရှိအချိန်အထိ မြို့ပေါ်ကရော တိုင်းဒေသကြီးတွေမှာပါ လိုအပ်နေတဲ့ ဆေးရုံတွေကို ဆေးဘက်ဆိုင်ရာလိုအပ်တဲ့ပစ္စည်းတွေ၊စက်ပစ္စည်းတွေနဲ့ ရောဂါကာကွယ်ရေးပစ္စည်းပေါင်းများစွာလှူဒါန်းပြီးတဲ့အပြင် ဆင်းရဲနွမ်းပါးတဲ့အိမ်ထောင်စုတွေကိုလည်း အစားအစာတွေ ဆန်၊ဆီ၊ဆား၊ပဲ၊ငါး အစရှိတဲ့အစားအသောက်တွေကိုလည်း လှူဒါန်းဖြစ်ခဲ့ကြောင်း သိရပါတယ်။ ချစ်သုဝေက ခေတ်သစ်ဖောင်ဒေးရှင်းရဲ့အလှူငွေစာရင်းတွေကို သူမရဲ့ လူမှုကွန်ယက်မှာတင်ပြီး ပရိသတ်တွေကို အစီရင်ခံထားပါသေးတယ်။

အလှူငွေစာရင်းတွေနဲ့အတူ ချစ်သုဝေက “ခေတ်သစ် foundationသို့ လှူဒါန်းခဲ့ကြသော လှူဒါန်းနေမြဲသော အလှူရှင်မိသားစုအားလုံးပီတိဖြစ်ဖို့မျှဝေလိုက်ရပါတယ်”၂၈ ရက် ၄ လထိ (၁၂၄၉) သိန်းကျော်, သိန်းတစ်ထောင့်နှစ်ရာလေးဆယ့်ကိုးသိန်းကျော် လက်ခံရရှိပြီးဖြစ်ပါတယ်။ဤအလှူငွေများဖြင့်ယနေ့ထိ လှူဒါန်းပြီး (၉၆၃) သိန်းကျော် ဖြစ်ပါတယ်။”အလှူထည့်ဝင်သူ ပြည်တွင်းပြည်ပ၊ လူမျိုးမရွေး, ဘာသာမရွေး မိသားစုဝင်တစ်ယောက်ချင်းစီတိုင်း ကျန်းမာကြပါစေ။ဆက်လက်၍လည်း လိုအပ်သည့် တိုင်းပြည်နယ်အနှံ့ ဆေးရုံကြီးများသို့တိုက်ရိုက်ချိတ်ဆက်၍ လိုအပ်သည့်ပစ္စည်းများ မှာယူလှူဒါန်းသွားပါမည်။နိုင်ငံသူနိုင်ငံသားအားလုံး တတ်နိုင်သလောက်ဘေးအန္တရာယ်ကင်းဝေးကြပါစေ”လို့ ဆုတောင်းမေတ္တာပို့ထားတာတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း သာဓုအနုမောဓနာခေါ်ဆိုနိုင်စေဖို့ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ အလှူပြုထားတာတွေအကြောင်း ဖော်ပြပေးလိုက်ရပါတယ်။ ပရိသတ်ကြီးလည်း အလှူရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့ မလိုအပ်ပဲအပြင်မထွက်ပဲအိမ်ထဲမှာပဲနေကြဖို့နဲ့ ကျန်းမာရေးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Zawgyi

ခ်စ္သုေဝနဲ႔ လင္းလင္းကေတာ့ အျမဲတမ္း စိတ္တူသေဘာတူနဲ႔ အလွဴေရစက္လက္နဲ႔မကြာ လွဴတန္းတတ္ၾကတဲ့ ေမာင္နွံနွစ္ေဖာ္ျဖစ္ျပီး သမီးေလးနွစ္ေယာက္နဲ႔ ကုိယ္ပုိင္မိသားစုေလးနဲ႔အတူေပ်ာ္ရႊင္ေနၾကတဲ့ ဇနီးေမာင္နွံလည္းျဖစ္ပါတယ္။ လက္ရွိ တစ္ကမၻာလံုးကုိ ျခိမ္းေျခာက္ေနတဲ့ Covid-19 ကပ္ေရာဂါၾကီးထဲမွာ ေငြေၾကးတတ္နုိင္သူေတြ ပရိသတ္ခ်စ္တဲ့ အနုပညာရွင္ေတြက တစ္နုိင္တစ္ပုိင္အလွဴေတြျပဳလုပ္ေနၾကျပီး ခ်စ္သုေဝနဲ႔ လင္းလင္းကလည္း ေခတ္သစ္ေဖာင္ေဒးရွင္းနဲ႔အတူ လိုအပ္တာေတြလိုက္လံလွဴဒါန္းခဲ့ၾကသလို ရပ္ေဝးေနရာေတြ၊အမွန္တကယ္အလိုအပ္ဆံုးျဖစ္ေနတဲ့ေနရာေတြအထိ ေငြေၾကးနဲ႔ လိုအပ္တာေတြအေရာက္ပို႔ဖို႔ ကုိယ္တို္င္စီစဥ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

မၾကာေသးမီက ခ်စ္သုေဝက သူမရဲ႕ လူမႈကြန္ယက္မွာ ေခတ္သစ္ေဖာင္ေဒးရွင္းရဲ႕ လက္ရွိမွာလိုက္လံလွဴဒါန္းျဖစ္ခဲ့တဲ့အစီအစဥ္ေတြကုိ ေျပာျပခဲ့ျပီး လက္ရွိအခ်ိန္အထိ အလွဴေငြ (၉၆၃) သိန္းေက်ာ္လွဴဒါန္းျပီးျဖစ္ေၾကာင္းနဲ႔ အလွဴခံရရွိထားတဲ့အလွဴေငြေပါင္း (၁၂၄၉) သိန္းေက်ာ္ ရွီျပီျဖစ္ေၾကာင္းေျပာျပထားခဲ့ပါတယ္။ လက္ရွိလွဴဒါန္းျပီး က်န္တဲ့အလွဴေငြေတြကုိ နိုင္ငံနဲ႔အဝွမ္းက လိုအပ္ေနတဲ့ေဆးရံုၾကီးေတြကုိ တိုက္ရုိက္ခ်ိတ္ဆက္ျပီး လိုအပ္တဲ့ပစၥည္းေတြကုိ လွဴဒါန္းသြားမွာျဖစ္ေၾကာင္းလည္း သိရပါတယ္။ခ်စ္သုေဝနဲ႔လင္းလင္းရဲ႕ ေခတ္သစ္ေဖာင္ေဒးရွင္းက လက္ရွိအခ်ိန္အထိ ျမိဳ႕ေပၚကေရာ တိုင္းေဒသၾကီးေတြမွာပါ လိုအပ္ေနတဲ့ ေဆးရံုေတြကုိ ေဆးဘက္ဆိုင္ရာလိုအပ္တဲ့ပစၥည္းေတြ၊စက္ပစၥည္းေတြနဲ႔ ေရာဂါကာကြယ္ေရးပစၥည္းေပါင္းမ်ားစြာလွဴဒါန္းျပီးတဲ့အျပင္ ဆင္းရဲႏြမ္းပါးတဲ့အိမ္ေထာင္စုေတြကုိလည္း အစားအစာေတြ ဆန္၊ဆီ၊ဆား၊ပဲ၊ငါး အစရွိတဲ့အစားအေသာက္ေတြကုိလည္း လွဴဒါန္းျဖစ္ခဲ့ေၾကာင္း သိရပါတယ္။ ခ်စ္သုေဝက ေခတ္သစ္ေဖာင္ေဒးရွင္းရဲ႕အလွဴေငြစာရင္းေတြကုိ သူမရဲ႕ လူမႈကြန္ယက္မွာတင္ျပီး ပရိသတ္ေတြကုိ အစီရင္ခံထားပါေသးတယ္။

အလွဴေငြစာရင္းေတြနဲ႔အတူ ခ်စ္သုေဝက “ေခတ္သစ္ foundationသို႔ လႉဒါန္းခဲ့ၾကေသာ လႉဒါန္းေနၿမဲေသာ အလႉရွင္မိသားစုအားလုံးပီတိျဖစ္ဖို႔မွ်ေဝလိုက္ရပါတယ္”၂၈ ရက္ ၄ လထိ (၁၂၄၉) သိန္းေက်ာ္, သိန္းတစ္ေထာင့္ႏွစ္ရာေလးဆယ့္ကိုးသိန္းေက်ာ္ လက္ခံရရွိၿပီးျဖစ္ပါတယ္။ဤအလႉေငြမ်ားျဖင့္ယေန႔ထိ လႉဒါန္းၿပီး (၉၆၃) သိန္းေက်ာ္ ျဖစ္ပါတယ္။”အလႉထည့္ဝင္သူ ျပည္တြင္းျပည္ပ၊ လူမ်ိဳးမေ႐ြး, ဘာသာမေ႐ြး မိသားစုဝင္တစ္ေယာက္ခ်င္းစီတိုင္း က်န္းမာၾကပါေစ။ဆက္လက္၍လည္း လိုအပ္သည့္ တိုင္းျပည္နယ္အႏွံ႔ ေဆး႐ုံႀကီးမ်ားသို႔တိုက္႐ိုက္ခ်ိတ္ဆက္၍ လိုအပ္သည့္ပစၥည္းမ်ား မွာယူလႉဒါန္းသြားပါမည္။ႏိုင္ငံသူႏိုင္ငံသားအားလုံး တတ္ႏိုင္သေလာက္ေဘးအႏၲရာယ္ကင္းေဝးၾကပါေစ”လို႔ ဆုေတာင္းေမတၱာပို႔ထားတာေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးလည္း သာဓုအနုေမာဓနာေခၚဆိုနုိင္ေစဖို႔ ေခတ္သစ္ေဖာင္ေဒးရွင္းရဲ႕ အလွဴျပဳထားတာေတြအေၾကာင္း ေဖာ္ျပေပးလုိက္ရပါတယ္။ ပရိသတ္ၾကီးလည္း အလွဴရွင္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြကုိ တစ္ဖက္တစ္လမ္းက ကူညီတဲ့အေနနဲ႔ မလုိအပ္ပဲအျပင္မထြက္ပဲအိမ္ထဲမွာပဲေနၾကဖို႔နဲ႔ က်န္းမာေရးဂရုစုိက္ၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*