ကပ်ကြီးအတွင်းမှာ အချစ်စစ်ကို သက်သေပြသွားတဲ့ အသက်(၉၀) ကျော် အဖိုးအို

တစ်ကမ္ဘာလုံးက လူတွေကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေတဲ့ Covid -19 ကပ်ရောဂါကြီးကတော့အခုအချိန်အထိ အရှိန်မကျသေးပဲ ကမ္ဘာအနှံ့မှာဆက်လက်ဖြစ်ပွားနေဆဲပါ။ နိုင်ငံအသီးသီးမှာ ရောဂါကူးစက်ခံရသူတွေကို ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေနဲ့ volunteers တွေက အစွမ်းကုန်ဂရုစိုက်ပြုစုစောင့်ရှောက်ရင်း ကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်အောင် ကြိုးစားလျက်ရှိကြပါတယ်။ ဒီလိုကပ်ရောဂါဆိုးကြီးကို အချို့ကတော့ ယုံကြည်ကိုးကွယ်ရာဘာသာတရားတွေလက်ကိုင်ထားပြီး ကျော်ဖြတ်နိုင်အောင် ကြိုးစားကြသလို အချို့ကတော့ ကံဆိုးမိုးမှောင်ကျတဲ့အခါ ချစ်သူလက်ကိုဆွဲကိုင်ထား ဆိုသလိုကိုယ်ချစ်တဲ့သူနဲ့ အတူတူ ကျော်ဖြတ်ဖို့ကြိုးစားရင်း အချစ်တန်ခိုးနဲ့ ကပ်ရောဂါကို အောင်နိုင်သွားတဲ့ သာဓကတွေလည်း များစွာရှိနေပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးကို ဒီတစ်ခါပြောပြချင်တာကတော့ ကပ်ကြီးအတွင်းမှာ အချစ်သက်သေပြသွားတဲ့အသက် (၉၀) အရွယ်အဖိုးအိုတစ်ဦးအကြောင်းပါပဲ။

အဖိုးရဲ့နာမည်ကတော့ Bill Dartnall ဖြစ်ပြီးအဖိုးက အသက် (၉၀)ကျော်ပါပြီ။ အဖိုးက သူချစ်မြတ်နိုးတဲ့ ဇနီးဖြစ်သူ Mary Dartnall နဲ့အတူ Southampton မှာ ပျားမွေးမြူရေးလုပ်ပြီး အေးအေးချမ်းချမ်းနေထိုင်သူပါ။ အဖိုးတို့ဇနီးမောင်နှံရဲ့ဘဝဟာ လူတော်တော်များများ အသက်ကြီးလာရင် နေချင်တယ်လို့ စိတ်ကူးယဉ်ဖူးကြတဲ့ ဘဝမျိုးလို့ဆိုရမှာပါ။ ဒီလိုအေးချမ်းတဲ့ဘဝကို ဝင်နှောက်ယှက်တဲ့ မုန်တိုင်းကတော့ Covid – 19 ပါပဲ။ အဖိုးရဲ့ဇနီး အသက်(၈၁) နှစ်အရွယ် Mary ဟာ April လကုန်ပိုင်းမှာ Covid -19 ကူးစက်ခံရပြီး Southampton ဆေးရုံကို တက်ရောက်ဆေးကုသမှုခံခဲ့ရပါတယ်။ နောက်တစ်ရက်မှာပဲ Bill ဟာလည်း ဆေးရုံတက်ရောက်ခဲ့ရပြီး covid-19 positive ပြခဲ့တယ်လို့သိရပါတယ်။

စိတ်မကောင်းစရာကတော့ Bill ရဲ့ ချစ်ဇနီး Mary ဟာ ဆေးရုံမှာ သတိပြန်လည်မလာပဲ ဆုံးပါးသွားခဲ့တာပါပဲ။ ဒါပေမယ့် (ဒီလောက်လေးနဲ့) စိတ်မကောင်းမဖြစ်ပါနဲ့ဦး။ ချစ်ဇနီးရဲ့အဖြစ်ကို အဖိုး Bill ကြားလိုက်ရတဲ့အခါမှာ စိတ်ထိခိုက်သွားတဲ့ အဖိုးဟာ အသက်ရှုစက်အကူအညီနဲ့ အောက်ဆီဂျင်ပေးပြီးအသက်ရှုနေရတဲ့ကြားက သူ့ရဲ့ အသက်ရှုပိုက်ကို ကိုယ်တိုင် ဆွဲဖြုတ်ပြီး အောက်ဆီဂျင်ကိုရော ဆေးကုသမှုတွေကိုပါ မလိုချင်တော့ကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။ အဖိုးဟာ ဇနီးဖြစ်သူဆုံးပါးပြီးနောက်ထပ် ငါးနာရီအကြာမှာ ချစ်ဇနီးနောက်ကို ဖဝါးထပ်ကြပ်လိုက်သွားခဲ့တာပါ။ အဖိုးနဲ့အဖွားရဲ့ သမီးဖြစ်သူ Rosemarry က “အမေဆုံးတဲ့သတင်းကိုကြားတာနဲ့ အဖေက အောက်ဆီဂျင်ပေးထားတဲ့ mask ကို ဆွဲဖြုတ်ခဲ့တယ်။ အဖေက အမေမရှိတဲ့ဘဝမှာ ဆက်နေချင်ပုံမရဘူး။ သူတို့က သိပ်ချစ်ကြတာ၊ သူတို့နှစ်ယောက်ကိုတစ်ယောက်စီသပ်သပ်ခွဲပြီး မြင်ရဖို့က လုံးဝမဖြစ်နိုင်သလောက်ပဲ”လို့ Daily Mail သတင်းစာကို ပြောပြထားခဲ့ပါတယ်။

NHS England ရဲ့ website မှာတော့ လူနာတွေက ဆေးကုသမှုခံယူခြင်းနဲ့ ပတ်သက်ပြီး ရွေးချယ်ခွင့်ရှိကြောင်းဖော်ပြထားခဲ့ပြီး တကယ်လို့လူနာတစ်ဦးက ဆေးကုသမှုခံယူဖို့ငြင်းဆန်မယ်ဆိုရင် အဲဒီလိုငြင်းဆန်တာက အဲဒီလူနာကို အသက်ဆုံးရှုံးစေမယ်ဆိုရင်တောင်မှ လူနာရဲ့ ဆုံးဖြတ်ချက်ကို အလေးထားပေးရမှာဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အဖိုး Bill ရဲ့ အဖြစ်အပျက်ကတော့ ကပ်ကြီးအတွင်းမှာ ချစ်ခြင်းမေတ္တာကို သက်သေပြသွားခဲ့တာဖြစ်ကြောင်းနဲ့အချစ်စစ်ဆိုတာတကယ်ရှိတယ်ဆိုတဲ့ သက်သေဖြစ်ကြောင်း တစ်ကမ္ဘာလုံးက လူတွေက စုပ်တသပ်သပ်နဲ့ ဝေဖန်နေခဲ့ကြတာကိုတွေ့ရပါတယ်။ ကမ္ဘာတစ်ဝှမ်းက အခြားသော covid-19 လူနာတွေလည်း အဖိုးနဲ့အဖွားလိုအဖြစ်ဆိုးမျိုးမကြုံတွေ့ရပဲ ကပ်ရောဂါကြီးကို တိုက်ထုတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi

တစ္ကမၻာလံုးက လူေတြကုိ ရုပ္ပုိင္းဆိုင္ရာေရာ စိတ္ပုိင္းဆို္င္ရာပါ ထိခိုက္ေစတဲ့ Covid -19 ကပ္ေရာဂါၾကီးကေတာ့အခုအခ်ိန္အထိ အရွိန္မက်ေသးပဲ ကမၻာအနွံ႔မွာဆက္လက္ျဖစ္ပြားေနဆဲပါ။ နိုင္ငံအသီးသီးမွာ ေရာဂါကူးစက္ခံရသူေတြကုိ ဆရာဝန္ေတြ က်န္းမာေရးဝန္ထမ္းေတြနဲ႔ volunteers ေတြက အစြမ္းကုန္ဂရုစိုက္ျပဳစုေစာင့္ေရွာက္ရင္း ကပ္ေရာဂါဆိုးၾကီးကုိ တိုက္ထုတ္နို္င္ေအာင္ ၾကိဳးစားလ်က္ရွိၾကပါတယ္။ ဒီလိုကပ္ေရာဂါဆိုးၾကီးကုိ အခ်ိဳ႕ကေတာ့ ယံုၾကည္ကုိးကြယ္ရာဘာသာတရားေတြလက္ကိုင္ထားျပီး ေက်ာ္ျဖတ္နုိင္ေအာင္ ၾကိဳးစားၾကသလို အခ်ိဳ႕ကေတာ့ ကံဆိုးမိုးေမွာင္က်တဲ့အခါ ခ်စ္သူလက္ကုိဆြဲကုိင္ထား ဆိုသလိုကုိယ္ခ်စ္တဲ့သူနဲ႔ အတူတူ ေက်ာ္ျဖတ္ဖို႔ၾကိဳးစားရင္း အခ်စ္တန္ခိုးနဲ႔ ကပ္ေရာဂါကို ေအာင္နုိင္သြားတဲ့ သာဓကေတြလည္း မ်ားစြာရွိေနပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးကုိ ဒီတစ္ခါေျပာျပခ်င္တာကေတာ့ ကပ္ၾကီးအတြင္းမွာ အခ်စ္သက္ေသျပသြားတဲ့အသက္ (၉၀) အရြယ္အဖိုးအိုတစ္ဦးအေၾကာင္းပါပဲ။

အဖိုးရဲ႕နာမည္ကေတာ့ Bill Dartnall ျဖစ္ျပီးအဖိုးက အသက္ (၉၀)ေက်ာ္ပါျပီ။ အဖိုးက သူခ်စ္ျမတ္နိုးတဲ့ ဇနီးျဖစ္သူ Mary Dartnall နဲ႔အတူ Southampton မွာ ပ်ားေမြးျမဴေရးလုပ္ျပီး ေအးေအးခ်မ္းခ်မ္းေနထုိင္သူပါ။ အဖိုးတို႔ဇနီးေမာင္နွံရဲ႕ဘဝဟာ လူေတာ္ေတာ္မ်ားမ်ား အသက္ၾကီးလာရင္ ေနခ်င္တယ္လို႔ စိတ္ကူးယဥ္ဖူးၾကတဲ့ ဘဝမ်ိဳးလို႔ဆိုရမွာပါ။ ဒီလိုေအးခ်မ္းတဲ့ဘဝကို ဝင္ေနွာက္ယွက္တဲ့ မုန္တိုင္းကေတာ့ Covid – 19 ပါပဲ။ အဖိုးရဲ႕ဇနီး အသက္(၈၁) နွစ္အရြယ္ Mary ဟာ April လကုန္ပိုင္းမွာ Covid -19 ကူးစက္ခံရျပီး Southampton ေဆးရံုကုိ တက္ေရာက္ေဆးကုသမႈခံခဲ့ရပါတယ္။ ေနာက္တစ္ရက္မွာပဲ Bill ဟာလည္း ေဆးရံုတက္ေရာက္ခဲ့ရျပီး covid-19 positive ျပခဲ့တယ္လို႔သိရပါတယ္။

စိတ္မေကာင္းစရာကေတာ့ Bill ရဲ႕ ခ်စ္ဇနီး Mary ဟာ ေဆးရံုမွာ သတိျပန္လည္မလာပဲ ဆံုးပါးသြားခဲ့တာပါပဲ။ ဒါေပမယ့္ (ဒီေလာက္ေလးနဲ႔) စိ္တ္မေကာင္းမျဖစ္ပါနဲ႔ဦး။ ခ်စ္ဇနီးရဲ႕အျဖစ္ကုိ အဖိုး Bill ၾကားလိုက္ရတဲ့အခါမွာ စိတ္ထိခိုက္သြားတဲ့ အဖိုးဟာ အသက္ရႈစက္အကူအညီနဲ႔ ေအာက္ဆီဂ်င္ေပးျပီးအသက္ရႈေနရတဲ့ၾကားက သူ႔ရဲ႕ အသက္ရႈပိုက္ကုိ ကုိယ္တိုင္ ဆြဲျဖဳတ္ျပီး ေအာက္ဆီဂ်င္ကုိေရာ ေဆးကုသမႈေတြကုိပါ မလိုခ်င္ေတာ့ေၾကာင္း အသိေပးခဲ့တယ္လို႔ သိရပါတယ္။ အဖိုးဟာ ဇနီးျဖစ္သူဆံုးပါးျပီးေနာက္ထပ္ ငါးနာရီအၾကာမွာ ခ်စ္ဇနီးေနာက္ကို ဖဝါးထပ္ၾကပ္လိုက္သြားခဲ့တာပါ။ အဖိုးနဲ႔အဖြားရဲ႕ သမီးျဖစ္သူ Rosemarry က “အေမဆံုးတဲ့သတင္းကုိၾကားတာနဲ႔ အေဖက ေအာက္ဆီဂ်င္ေပးထားတဲ့ mask ကုိ ဆြဲျဖဳတ္ခဲ့တယ္။ အေဖက အေမမရွိတ့ဲဘဝမွာ ဆက္ေနခ်င္ပံုမရဘူး။ သူတို႔က သိပ္ခ်စ္ၾကတာ၊ သူတို႔နွစ္ေယာက္ကုိတစ္ေယာက္စီသပ္သပ္ခြဲျပီး ျမင္ရဖို႔က လံုးဝမျဖစ္နုိင္သေလာက္ပဲ”လို႔ Daily Mail သတင္းစာကုိ ေျပာျပထားခဲ့ပါတယ္။

NHS England ရဲ႕ website မွာေတာ့ လူနာေတြက ေဆးကုသမႈခံယူျခင္းနဲ႔ ပတ္သက္ျပီး ေရြးခ်ယ္ခြင့္ရွိေၾကာင္းေဖာ္ျပထားခဲ့ျပီး တကယ္လို႔လူနာတစ္ဦးက ေဆးကုသမႈခံယူဖို႔ျငင္းဆန္မယ္ဆိုရင္ အဲဒီလိုျငင္းဆန္တာက အဲဒီလူနာကုိ အသက္ဆံုးရံႈးေစမယ္ဆုိရင္ေတာင္မွ လူနာရဲ႕ ဆံုးျဖတ္ခ်က္ကုိ အေလးထားေပးရမွာျဖစ္တယ္လို႔ ေဖာ္ျပထားခဲ့ပါတယ္။ အဖိုး Bill ရဲ႕ အျဖစ္အပ်က္ကေတာ့ ကပ္ၾကီးအတြင္းမွာ ခ်စ္ျခင္းေမတၱာကုိ သက္ေသျပသြားခဲ့တာျဖစ္ေၾကာင္းနဲ႔အခ်စ္စစ္ဆိုတာတကယ္ရွိတယ္ဆိုတဲ့ သက္ေသျဖစ္ေၾကာင္း တစ္ကမၻာလံုးက လူေတြက စုပ္တသပ္သပ္နဲ႔ ေဝဖန္ေနခဲ့ၾကတာကုိေတြ႕ရပါတယ္။ ကမၻာတစ္ဝွမ္းက အျခားေသာ covid-19 လူနာေတြလည္း အဖိုးနဲ႔အဖြားလိုအျဖစ္ဆိုးမ်ိဳးမၾကံဳေတြ႕ရပဲ ကပ္ေရာဂါၾကီးကို တုိ္က္ထုတ္နုိင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*