တုပ်ကွေးနဲ့ ကင်ဆာအပြင် covid -19 ကိုပါ ကြံံ့ကြံ့ခံတိုက်ထုတ်ခဲ့တဲ့ အသက် (၁၀၁)နှစ်အရွယ် အဖွား

လက်ရှိကမ္ဘာနဲ့အဝှမ်းဖြစ်ပေါ်နေတဲ့ Covid- 19 ကပ်ရောဂါကြီးဟာ အရှိန်မကျသေးသလို ကမ္ဘာ့နိုင်ငံတော်တော်များများက လူတွေရဲ့ အသက်တွေကို ဇီဝိန်ခြွေနေဆဲပါ။ ဒီကပ်ရောဂါကြီးကနေ နာလန်ပြန်ထူလာနိုင်သူတွေလည်းရှိပေမယ့် တစ်ကမ္ဘာလုံးနဲ့ ယှဉ်ရင် ပမာဏနည်းပါးလှနေဆဲပါပဲ။ တစ်ကမ္ဘာလုံးက အစိုးရတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဒီကပ်ရောဂါကြီးကို ထိန်းချုပ်နိုင်ဖို့ ဝိုင်းဝန်းကြိုးစားနေကြသလို ရောဂါကူးစက်ခံရသူတွေဟာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်ယုံကြည်ရာ ကိုးကွယ်ရာဘာသာတရားနဲ့ ကျန်းမာရေးအသိတွေနဲ့ ဒီကပ်ရောဂါကြီးကို ကျော်ဖြတ်ဖို့ ကြိုးစားနေကြတာကိုလည်း သတင်းတွေမှာ တွေ့နိုင်ပါတယ်။

အခုပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် တင်ဆက်ပေးသွားမှာကတော့ အသက်ပြင်းတဲ့အဖွားလို့ ပြောရမယ့် အသက် (၁၀၁) နှစ်အရွယ် အဖွားတစ်ဦးရဲ့ အံ့ဖွယ်ဖြစ်ရပ်အကြောင်းပါ။ covid- 19 ဟာ လူသားအားလုံးကို တပြေးညီဒုက္ခပေးနေတဲ့ ကြောက်မက်ဖွယ်ကပ်ရောဂါကြီးဖြစ်သလို ဒီကပ်ရောဂါကူးစက်ခံရပြီဆိုရင် အသက်ကြီးတဲ့သူတွေက ငယ်ရွယ်သူတွေထက်ပိုပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း အားလုံးသိကြမှာပါ။ ဒါပေမယ့် အသက် (၁၀၁) နှစ်အရွယ် အဖွားကတော့ ထူးဆန်းစွာပဲ covid – 19 ကပ်ရောဂါကြီးကို ရင်ဆိုင်တိုက်ခိုက်အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

အဖွားရဲ့အမည်ကတော့ Angelina Friedman ဖြစ်ပြီး အဖွားက New York သူတစ်ဦး ပါ။ အဖွားဟာ လက်ရှိမှာ အသက် (၁၀၁) နှစ်ရှိပြီဖြစ်ပြီး မွေးချင်းတွေ ဆွေမျိုးသားချင်းတွေထဲမှာ တစ်ဦးတည်းအသက်ရှင်ကျန်ရစ်သူလည်းဖြစ်ပါတယ်တဲ့။ အဖွားဟာ မွေးကင်းစအရွယ်မှာ Spanish Fluenza ကပ်ကြီးနဲ့ ကြုံတွေ့ခဲ့ရပြီး ကပ်ကြီးကိုကျော်ဖြတ်ပြီး အရွယ်ရောက်လာခဲ့သူဖြစ်ပါတယ်။အဖွားဟာ ဘဝတစ်လျှောက်မှာ ကိုယ်ဝန်ပျက်စီးတာတွေ၊ ကင်ဆာရောဂါနဲ့ sepsis condition တွေရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမဘဝရဲ့ ဒုတိယမြောက် ကမ္ဘာနဲ့ချီတဲ့ ကပ်ကြီးဖြစ်တဲ့ covid – 19 နဲ့လည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။ အဖွားက March 21 မှာ ကပ်ရောဂါကူးစက်ခံခဲ့ရပြီး ရက်သတ္တပတ်အနည်းငယ်ကြာ အဖျားတက်လိုက်ကျလိုက်ဖြစ်တဲ့ ဒဏ်ကိုခံစားခဲ့ရပါတယ်။ ဒါပေမယ့် April 20 မှာတော့ အဖွားက Covid-19 negative ဖြစ်သွားပြီလို့ သိရပါတယ်။အခုတော့ အဖွား Angelina ဟာ ဆေးရုံကဆင်းပြီး သူမရဲ့ အဖိုးအဖွားများ စောင့်ရှောက်တဲ့ဂေဟာမှာ ပြန်လည်နေထိုင်နေပါပြီ။

အဖွားရဲ့ သမီးဖြစ်သူ Merola က မိခင်ကြီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး “အမေက တော်တော်ထူထူထောင်ထောင်ဖြစ်နေပြီလို့ ဆရာဝန်တွေက ကျွန်မကို ပြောတယ်။ အမေက ခုဆို သိုးမွှေးဆက်ထိုးဖို့ အစတွေတောင်လိုက်ရှာနေပြီတဲ့။ အမေက ကျွန်မတို့အားလုံးထက်ပိုပြီး အသက်ရှည်မှာပါ အားတင်းထားပါလို့ပြောချင်ပါတယ်”လို့ Daily Mail သတင်းစာကို ပြောပြထားခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက covid-19 နဲ့ ရင်ဆိုင်တိုက်ခိုက်နေရသူတွေလည်း အဖွား Angelina ကိုပဲ ကပ်ရောဂါကြီးကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ်နိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi

လက္ရွိကမၻာနဲ႔အဝွမ္းျဖစ္ေပၚေနတဲ့ Covid- 19 ကပ္ေရာဂါၾကီးဟာ အရွိန္မက်ေသးသလုိ ကမၻာ့နို္င္ငံေတာ္ေတာ္မ်ားမ်ားက လူေတြရဲ႕ အသက္ေတြကုိ ဇီဝိန္ေျခြေနဆဲပါ။ ဒီကပ္ေရာဂါၾကီးကေန နာလန္ျပန္ထူလာနုိင္သူေတြလည္းရွိေပမယ့္ တစ္ကမၻာလံုးနဲ႔ ယွဥ္ရင္ ပမာဏနည္းပါးလွေနဆဲပါပဲ။ တစ္ကမၻာလံုးက အစိုးရေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြက ဒီကပ္ေရာဂါၾကီးကို ထိ္န္းခ်ဳပ္နုိင္ဖို႔ ဝုိင္းဝန္းၾကိဳးစားေနၾကသလို ေရာဂါကူးစက္ခံရသူေတြဟာလည္း ကုိယ့္နည္းကုိယ့္ဟန္နဲ႔ ကုိယ္ယံုၾကည္ရာ ကုိးကြယ္ရာဘာသာတရားနဲ႔ က်န္းမာေရးအသိေတြနဲ႔ ဒီကပ္ေရာဂါၾကီးကို ေက်ာ္ျဖတ္ဖို႔ ၾကိဳးစားေနၾကတာကုိလည္း သတင္းေတြမွာ ေတြ႕နုိင္ပါတယ္။

အခုေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ တင္ဆက္ေပးသြားမွာကေတာ့ အသက္ျပင္းတဲ့အဖြားလို႔ ေျပာရမယ့္ အသက္ (၁၀၁) နွစ္အရြယ္ အဖြားတစ္ဦးရဲ႕ အံ့ဖြယ္ျဖစ္ရပ္အေၾကာင္းပါ။ covid- 19 ဟာ လူသားအားလံုးကုိ တေျပးညီဒုကၡေပးေနတဲ့ ေၾကာက္မက္ဖြယ္ကပ္ေရာဂါၾကီးျဖစ္သလုိ ဒီကပ္ေရာဂါကူးစက္ခံရျပီဆိုရင္ အသက္ၾကီးတဲ့သူေတြက ငယ္ရြယ္သူေတြထက္ပုိျပီး အသက္အႏၱရာယ္စိုးရိမ္ရေၾကာင္း အားလံုးသိၾကမွာပါ။ ဒါေပမယ့္ အသက္ (၁၀၁) နွစ္အရြယ္ အဖြားကေတာ့ ထူးဆန္းစြာပဲ covid – 19 ကပ္ေရာဂါၾကီးကို ရင္ဆို္င္တိုက္ခိုက္အနိုင္ရသြားခဲ့တာျဖစ္ပါတယ္။

အဖြားရဲ႕အမည္ကေတာ့ Angelina Friedman ျဖစ္ျပီး အဖြားက New York သူတစ္ဦး ပါ။ အဖြားဟာ လက္ရွိမွာ အသက္ (၁၀၁) နွစ္ရွိျပီျဖစ္ျပီး ေမြးခ်င္းေတြ ေဆြမ်ိဳးသားခ်င္းေတြထဲမွာ တစ္ဦးတည္းအသက္ရွင္က်န္ရစ္သူလည္းျဖစ္ပါတယ္တဲ့။ အဖြားဟာ ေမြးကင္းစအရြယ္မွာ Spanish Fluenza ကပ္ၾကီးနဲ႔ ၾကံဳေတြ႕ခဲ့ရျပီး ကပ္ၾကီးကုိေက်ာ္ျဖတ္ျပီး အရြယ္ေရာက္လာခဲ့သူျဖစ္ပါတယ္။အဖြားဟာ ဘဝတစ္ေလွ်ာက္မွာ ကုိယ္ဝန္ပ်က္စီးတာေတြ၊ ကင္ဆာေရာဂါနဲ႔ sepsis condition ေတြရင္ဆိုင္ၾကံဳေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ သူမဘဝရဲ႕ ဒုတိယေျမာက္ ကမၻာနဲ႔ခ်ီတဲ့ ကပ္ၾကီးျဖစ္တဲ့ covid – 19 နဲ႔လည္း ရင္ဆိုင္ခဲ့ရပါေသးတယ္။ အဖြားက March 21 မွာ ကပ္ေရာဂါကူးစက္ခံခဲ့ရျပီး ရက္သတၱပတ္အနည္းငယ္ၾကာ အဖ်ားတက္လိုက္က်လိုက္ျဖစ္တဲ့ ဒဏ္ကုိခံစားခဲ့ရပါတယ္။ ဒါေပမယ့္ April 20 မွာေတာ့ အဖြားက Covid-19 negative ျဖစ္သြားျပီလို႔ သိရပါတယ္။အခုေတာ့ အဖြား Angelina ဟာ ေဆးရံုကဆင္းျပီး သူမရဲ႕ အဖိုးအဖြားမ်ား ေစာင့္ေရွာက္တဲ့ေဂဟာမွာ ျပန္လည္ေနထုိင္ေနပါျပီ။

အဖြားရဲ႕ သမီးျဖစ္သူ Merola က မိခင္ၾကီးရဲ႕ က်န္းမာေရးအေျခအေနနဲ႔ပတ္သက္ျပီး “အေမက ေတာ္ေတာ္ထူထူေထာင္ေထာင္ျဖစ္ေနျပီလို႔ ဆရာဝန္ေတြက ကြ်န္မကုိ ေျပာတယ္။ အေမက ခုဆို သိုးေမႊးဆက္ထုိးဖို႔ အစေတြေတာင္လိုက္ရွာေနျပီတဲ့။ အေမက ကြ်န္မတို႔အားလံုးထက္ပုိျပီး အသက္ရွည္မွာပါ အားတင္းထားပါလို႔ေျပာခ်င္ပါတယ္”လို႔ Daily Mail သတင္းစာကုိ ေျပာျပထားခဲ့ပါတယ္။ ကမၻာတစ္ဝွမ္းက covid-19 နဲ႔ ရင္ဆိုင္တိုက္ခိုက္ေနရသူေတြလည္း အဖြား Angelina ကုိပဲ ကပ္ေရာဂါၾကီးကုိ ၾကံ႕ၾကံ႕ခံရင္ဆို္င္ေက်ာ္ျဖတ္နုိင္ေစဖို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*