ကင်ဆာေရာဂါကြောင့် ရုတ်တရက် ဆေးရုံတက်လိုက်ရတဲ့ မီးမီးခဲ

မီးမီးခဲဟာ ပရိသတ်တွေချစ်ရအားပေးရတဲ့ အဆိုတော်တစ်ဦးဖြစ်သလို တစ်ချိန်တုန်းက အဆိုတော်ထူးအယ်လင်းနဲ့ လိုက်ဖက်ညီတဲ့ စုံတွဲလေးဖြစ်ခဲ့ပြီး သားသမီးတွေလည်းထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ကြပြီးနောက် မီးမီးခဲမှာ ခံစားလာရတဲ့ ကင်ဆာဝေဒနာအတွက် ပရိသတ်တွေက ဝိုင်းပြီး ကရုဏာသက်ခဲ့ကြရတာလည်းဖြစ်ပါတယ်။ အဲဒီနောက်မှာ မီးမီးခဲနောက်အိမ်ထောင်ထပ်ပြုတဲ့အခါမှာလည်း ကြင်နာတတ်တဲ့အမျိုးသားလေးနဲ့ဖူးစာဆုံခွင့်ရတာကြောင့် ပရိသတ်တွေက ဝမ်းသာနေခဲ့ရတာလည်းဖြစ်ပါတယ်။ အချိန်အတန်ကြာကင်ဆာရောဂါသက်သာနေခဲ့ပြီးနောက်မှာတော့ မကြာသေးမီက မီးမီးခဲက သူမရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

အခုလက်ရှိမှာတော့ မီးမီးခဲက ကင်ဆာရောဂါကြောင့် ခြေထောက်တစ်ဖက်စိုးရိမ်ရလို့ ဆေးရုံတက်နေရတယ်လို့ဆိုပါတယ်။ ခြေထောက်က ငါးမိနစ်ထက်ပိုပြီး လမ်းမလျှောက်နိုင်တာ နှစ်လလောက်ရှိပြီလို့လည်း မီးမီးခဲကပြောပြထားပါတယ်။ ကင်ဆာပြန့်ပွားမှုကြောင့်မဟုတ်ပဲ ကင်ဆာဆေးရဲ့ ဘေးထွက်ဆိုးကျိုးခံစားရတာဖြစ်ကြောင်း သိရပါတယ်။ မီးမီးခဲက လက်ရှိမှာ Sydney ရဲ့ Westmead Hospital မှာ ဆေးကုသမှုခံယူနေတာဖြစ်ပါတယ်။

မီးမီးခဲက ဆေးရုံမှာရိုက်ထားတဲ့ ဓာတ်ပုံနဲ့အတူ သူမရဲ့ လူမှုကွန်ယက်မှာ “ဆေးစစ်ချက်အဖြေအရ ကျွန်မရဲ့ညာဘက်ခြေထောက် စိုးရ်မ်ရတဲ့အတွက်ဒီမနက်ပဲ ဆေးရုံတတ်လိုက်ရပါတယ်..၅ မိနစ်ထက်ပိုပြီး လမ်းမလျှောက်နိုင်တာ ၂ လကျော်ပါပြီ..မတ်တပ်လဲကြောကြာမရပ်နိုင်ခဲ့ပါဘူး..အဖြေက တော့ ကင်ဆာ ပြန့်ပွားမှုက တော့ပုံမှန်ပေမဲ့ ကင်ဆာဆေး ကြောင့် ဆိုကျိုးကို ခံစားရတာပါ..အားလုံးကို ဆုတောင်းသတိရပေးပါလို့..God Bless You All”လို့ရေးထားခဲ့တာပါ။ ပရိသတ်တွေကတော့ comment မှာ ဂရုစိုက်ဖို့နဲ့ အမြန်နေကောင်းပါစေလို့ ဝိုင်းဝန်းဆုတောင်းပေးထားကြတာတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မီးမီးခဲကိုချစ်ကြလား။ မီးမီးခဲတစ်ယောက် ကျန်းမာရေး အခြေအနေ အမြန်ဆုံး ပြန်ကောင်းနိုင်စေဖို့လည်း ဆုတောင်းပေးလိုက်ကြပါဦး။

Zawgyi

မီးမီးခဲဟာ ပရိသတ္ေတြခ်စ္ရအားေပးရတဲ့ အဆိုေတာ္တစ္ဦးျဖစ္သလို တစ္ခ်ိန္တုန္းက အဆိုေတာ္ထူးအယ္လင္းနဲ႔ လိုက္ဖက္ညီတဲ့ စံုတဲြေလးျဖစ္ခဲ့ျပီး သားသမီးေတြလည္းထြန္းကားခဲ့ပါတယ္။ ဒါေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လမ္းခြဲဲခဲ့ၾကျပီးေနာက္ မီးမီးခဲမွာ ခံစားလာရတဲ့ ကင္ဆာေဝဒနာအတြက္ ပရိသတ္ေတြက ဝုိင္းျပီး ကရုဏာသက္ခဲ့ၾကရတာလည္းျဖစ္ပါတယ္။ အဲဒီေနာက္မွာ မီးမီးခဲေနာက္အိမ္ေထာင္ထပ္ျပဳတဲ့အခါမွာလည္း ၾကင္နာတတ္တဲ့အမ်ိဳးသားေလးနဲ႔ဖူးစာဆံုခြင့္ရတာေၾကာင့္ ပရိသတ္ေတြက ဝမ္းသာေနခဲ့ရတာလည္းျဖစ္ပါတယ္။ အခ်ိန္အတန္ၾကာကင္ဆာေရာဂါသက္သာေနခဲ့ျပီးေနာက္မွာေတာ့ မၾကာေသးမီက မီးမီးခဲက သူမရဲ႕ က်န္းမာေရးအေျခအေနနဲ႔ ပတ္သက္ျပီး လူမႈကြန္ယက္ေပၚမွာ ပရိသတ္ေတြကုိ အသိေပးလာခဲ့ပါတယ္။

အခုလက္ရွိမွာေတာ့ မီးမီးခဲက ကင္ဆာေရာဂါေၾကာင့္ ေျခေထာက္တစ္ဖက္စုိးရိမ္ရလို႔ ေဆးရံုတက္ေနရတယ္လို႔ဆိုပါတယ္။ ေျခေထာက္က ငါးမိနစ္ထက္ပုိျပီး လမ္းမေလွ်ာက္နုိင္တာ နွစ္လေလာက္ရွိျပီလို႔လည္း မီးမီးခဲကေျပာျပထားပါတယ္။ ကင္ဆာျပန္႔ပြားမႈေၾကာင့္မဟုတ္ပဲ ကင္ဆာေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳးခံစားရတာျဖစ္ေၾကာင္း သိရပါတယ္။ မီးမီးခဲက လက္ရွိမွာ Sydney ရဲ႕ Westmead Hospital မွာ ေဆးကုသမႈခံယူေနတာျဖစ္ပါတယ္။

မီးမီးခဲက ေဆးရံုမွာရိုက္ထားတဲ့ ဓာတ္ပံုနဲ႔အတူ သူမရဲ႕ လူမႈကြန္ယက္မွာ “ေဆးစစ္ခ်က္အေျဖအရ ကၽြန္မရဲ ့ညာဘက္ေျခေထာက္ စိုးရ္မ္ရတဲ့အတြက္ဒီမနက္ပဲ ေဆးရံုတတ္လိုက္ရပါတယ္..၅ မိနစ္ထက္ပိုၿပီး လမ္းမေလွ်ာက္ႏိုင္တာ ၂ လေက်ာ္ပါၿပီ..မတ္တပ္လဲေၾကာၾကာမရပ္ႏိုင္ခဲ့ပါဘူး..အေျဖက ေတာ့ ကင္ဆာ ျပန္႔ပြားမွဳက ေတာ့ပံုမွန္ေပမဲ့ ကင္ဆာေဆး ေၾကာင့္ ဆိုက်ိဳးကို ခံစားရတာပါ..အားလံုးကို ဆုေတာင္းသတိရေပးပါလို ့..God Bless You All”လို႔ေရးထားခဲ့တာပါ။ ပရိသတ္ေတြကေတာ့ comment မွာ ဂရုစုိက္ဖို႔နဲ႔ အျမန္ေနေကာင္းပါေစလို႔ ဝုိင္းဝန္းဆုေတာင္းေပးထားၾကတာေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ မီးမီးခဲကုိခ်စ္ၾကလား။ မီးမီးခဲတစ္ေယာက္ က်န္းမာေရး အေျခအေန အျမန္ဆံုး ျပန္ေကာင္းနုိင္ေစဖို႔လည္း ဆုေတာင္းေပးလုိက္ၾကပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*