ဝင်ငွေမရှိလို့ ချက်ချင်းမကူနိုင်ရင် အထင်လွဲကြမှာ စိုးတယ်လို့ ရင်ဖွင့်လာတဲ့ ယုန်လေး
ယုန်လေးဟာ ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်သလို အလှူအတန်းရက်ရောတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ ယုန်လေးက ဆင်းရဲနွမ်းပါးသူတွေကို လိုက်လံလှူဒါန်းတတ်ပြီး ဂီတပညာကို ဝါသနာပါပေမယ့် ငွေကြေးမတတ်နိုင်တဲ့ ဂီတရွက်ပုန်းသီးလေးတွေကိုလည်း မြေတောင်မြှောက်ပေးတတ်သူတစ်ဦးပါ။ မကြာသေးမီကလည်း ယုန်လေးက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်က ကောင်လေးကို သွားရောက်လှူဒါန်းခဲ့ပြီး ဖုန်းအသစ်တစ်လုံးပါဝယ်ပေးခဲ့တာကိုလည်းတွေ့ရပါတယ်။
မကြာသေးမီက ယုန်လေးက သူ့ရဲ့ လူမှုကွန်ယက်မှာ အလှူတွေလိုက်လုပ်ဖု့ိ ငွေကြေးသိပ်မကျန်တော့ကြောင်းနဲ့ သူဌေးတစ်ဦးမဟုတ်တဲ့အပြင် ကပ်ကြီးစဖြစ်ကတည်းက ဝင်ငွေမရှိတော့တာကြောင့် နောက်ပိုင်း ချက်ချင်းထမကူဖြစ်တဲ့အခါတွေမှာ မသိချင်ယောင်ဆောင်တယ်ထင်မှာစိုးကြောင်း တင်ထားခဲ့တာတွေ့ရပါတယ်။ ယုန်လေးက ခြေတစ်ဖက်မရှိတဲ့ကြားက ခြေတုနဲ့ ဆိုက်ကားနင်းပြီး မိသားစုကိုလုပ်ကျွေးနေတဲ့ ဆိုက်ကားဆရာကြီးရဲ့ ဓာတ်ပုံလေးနဲ့အတူ “Cb မှာ လိုအပ်တဲ့ လူတွေ ကိုကူပေးဖို့ အများကြီး လာပို့ကျပါတယ်။ Link တွေလည်း ပို့ကျပါတယ် . အဲ့အတွက်လည်း ကျွန်တော့်ကိုကူညီတတ်တဲ့ လူလို့ ယုံကြည်လို့ ပို့တဲ့ ညီအစ်ကိုမောင်နှစ်မ အားလုံးကိုလည်း ကျေးဇူးပါ . ကျွန်တော်လည်း ဒါကြီးဖြစ်ထဲက ဝင်ငွေမရှိတာပါ . ကူတာတွေကတော့ ဒီတိုင်းကူဖြစ်တာပေါ့ .အခု ကျွန်တော် ကိုယ်တိုင် ဒါလေးပဲကျန်ပါတော့တယ်လို့ ဒါပေမယ့် အဲ့ ဆိုက်ကားနင်းတဲ့ အစ်ကိုကြီး ရန်ကုန်မှာ ဆိုရင်တော့ နေရပ်လိပ်စာ . ဆိုက်ကားဂိတ် ပြောပါ တတ်နိုင်သလောက်ပေါ့ .ဒါလေး ပြီးရင်တော့ ကျွန်တော်ချက်ချင်း ထပြီး မကူညီနိုင်တဲ့ အခါမျိုးမှာ မသိချင်ယောင်ဆောင်တယ်ထင်မှာဆိုးလို့ပါ .ပြီးတော့ ကျွန်တော်ဘာကောင်မှ လည်းမဟုတ်ဘူး လူချမ်းသာ တစ်ယောက် မဟုတ်တဲ့ အတွက် လူတိုင်းတော့ မကူညီနိုင်တာ ကို နားလည်စေချင်ပါတယ် ခင်များ .အားလုံး အရာရာအဆင်ပြေကျပါစေ ခင်ဗျား”လို့ တင်ထားခဲ့တာတွေ့ရပါတယ်။ အဲဒီပို့စ်လေးကို ယုန်လေးရဲ့ MTV မှာ ပါဝင်ပေးဖူးတဲ့ ထိုင်းမော်ဒယ် Jessie Vard က တွေ့သွားပြီး ယုန်လေးကို ပိုက်ဆံလွှဲပေးမယ်လို့ ပြောကြောင်းလည်း သိရပါတယ်။
ယုန်လေးက အရုပ်မလေးလို လှတဲ့ Jessie လေးနဲ့ Video call ပြောပြီး ဗီဒီယိုကောမှာ အချင်းချင်းနားမလည်ပေမယ့် Jessie ရဲ့ အမေကဘာသာပြန်ပေးတယ်လို့လည်းသိရပါတယ်။ ယုန်လေးက Jessie နဲ့ Video call ခေါ်တဲ့ ဓာတ်ပုံလေးတွေနဲ့အတူ “ပိုက်ဆံ နည်းနေပြီ တင်ထားတာ Jessie လေးက လွှဲပေးမယ်တဲ့ Video Call ကို စကားပြန်နဲ့ ပြောရတာ .Jessie မေမေ က ဘာသာပြန်ပေးတယ်”လို့ ဝမ်းသာစရာသတင်းလေးတင်ထားပေးခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဝမ်းသာကြောင်း comment လေးတွေပေးထားကြပြီး Jessie လေးနဲ့ မိတ်ဆက်ပေးပါဆိုတဲ့ ပုရိသတွေရဲ့ အားကျတဲ့ comment တွေလည်း တွေ့ရပါသေးတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း ယုန်လေးရဲ့အလှူတွေအတွက် သာဓုခေါ်ဆိုနိုင်အောင် ပြောပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော ယုန်လေးကို အားပေးကြလား။ ယုန်လေးရဲ့နောက်ထပ်လုပ်မယ့် အနုပညာအလုပ်တွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*