ကပ်ရောဂါဆိုးကြီးကို အချစ်စစ်နဲ့ အနိုင်ယူပြလိုက်တဲ့ အင်္ဂလန်က အဖိုးအဖွားစုံတွဲ

ဒီဘက်ခေတ်က လူတွေပြောနေကြစကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ အရင်ခေတ်က ချစ်ခြင်းမေတ္တာတွေဟာ အခုခေတ်လို မရှုပ်ထွေးပဲ ရိုးရှင်းစစ်မှန်ပြီး ပိုမိုခိုင်မြဲခဲ့တယ်ဆိုတာပါပဲ။ မျက်မှောက်ခေတ်မှာတော့ လူငယ်တွေဟာ ပိုကောင်းတဲ့အရာ ကိုယ်နဲ့ ပိုအဆင်ပြေမယ့်အရာကို ရှာဖွေရင်း တွဲလက်တွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းရင်း အချိန်တွေကုန်လာခဲ့ပေမယ့် ရှေးခေတ်က လူတွေကတော့ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ကိုယ်ချစ်ရတဲ့သူနဲ့အဆင်ပြေအောင် ကြိုးစားနေထိုင်ရင်း ဘဝကို ချစ်ခြင်းမေတ္တာနဲ့ ဖြတ်သန်းလာခဲ့ကြတာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ရောဂါဆိုးကြီးဟာ ငယ်ရွယ်သူတွေအတွက်သိပ်မစိုးရိမ်ရပေမယ့် လူကြီးတွေအတွက် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ ဒါပေမယ့် အင်္ဂလန်က Bradford မြို့က အဖိုးအဖွား စုံတွဲကတော့ ကြောက်မက်ဖွယ် ကပ်ရောဂါဆိုးကြီးကို တစ်ယောက်ပေါ်တစ်ယောက်အပြန်အလှန်ထားတဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ အနိုင်ယူသွားခဲ့တာတွေ့ရပါတယ်။ Michael နဲ့ Mary Blessington ဟာ အသက် (၁၃) နှစ်အရွယ်ကတည်းက ချစ်သူဖြစ်ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံတွေဖြစ်ပါတယ်။ အသက် (၆၈) နှစ်အရွယ် မိုက်ကယ်မှာ အဆုတ်ကင်ဆာရှိနေပြီး အသက် (၆၇) နှစ်အရွယ် မေရီမှာတော့ ရင်ကြပ်ရောဂါအခံရှိပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိတဲ့ ဒီစုံတွဲဟာ covid – 19 ကူးစက်ခံရပြီး Bradford ရဲ့ ဆေးရုံကို ရှေ့ဆင့်နောက်ဆင့်အတူတူ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် သူတို့နှစ်ဦးဟာ ဆေးရုံမှာ အဆောင်ကွဲ အခန်းကွဲပြီး ကုသပေးခြင်းခံရပါတယ်။ မိုက်ကယ်ဟာ ကျန်းမာရေးအခြေအနေဆိုးရွားစွာ ခံစားနေခဲ့ရတာကြောင့် သူ့ရဲ့နှလုံးကို သူကိုယ်တိုင်ရပ်ပစ်ချင်လားဆိုတဲ့ ရွေးချယ်မှုကိုပြုလုပ်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် မေရီက ဒါကို သဘောမတူခဲ့ပါဘူး။ “ကျွန်တော့်အခြေအနေက အရမ်းဆိုးနေပြီး ပြန်ကောင်းလာဖို့မရှိတော့ဘူး။ ဒါကြောင့် ဒီရွေးချယ်မှုလုပ်မယ်ဆိုတော့ မေရီက ငြင်းတယ်။ ရှင်ကျွန်မကို ဒီလောက် အစောကြီး မထားသွားရဘူးတဲ့။ အဲဒီမှာ ကျွန်တော် စိတ်ပြောင်းသွားတယ်”လို့ မိုက်တယ်က BBC သတင်းဌာနကို ရင်ဖွင့်ထားခဲ့ပါတယ်။ ဒါပေမယ့် ခင်ပွန်းဖြစ်သူကို အဲဒီလို အားပေးခဲ့တဲ့ မေရီကိုယ်တိုင်ကတော့ ဝေဒနာကို မခံစားနိင်လို့ ရောက်ရောက်ချင်းညမှာကတည်းက သူမကို ဆေးထိုးပေးပြီး ခန္ဓာစွန့်ခွင့်ရမလားလို့ ဆရာဝန်တွေကို တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးအခြေအနေက မျှော်လင့်စရာမရှိတော့ပဲ covid -19 ကို အရှုံးပေးရတော့မယ့် အချိန်မှာ Michael နဲ့ Mary တို့ရဲ့ သားအကြီးဆုံး Craig က ဆေးရုံကို အသနားခံမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ မိဘနှစ်ပါးကို အခန်းတစ်ခုတည်း ကုတင်ဘေးချင်းကပ်လျက်ထားပြီး ကုသပေးဖို့ပါ။ “သူတို့နှစ်ယောက်က အသက် (၁၃) နှစ်ကတည်းက တစ်ခါမှ ခွဲဖူးတာမဟုတ်ဘူး။ တစ်ယောက်အတွက်တစ်ယောက်က ဘာမဆိုလုပ်ပေးဖို့ဝန်မလေးတဲ့သူတွေ။ အားလပ်ရပ်တွေမှာ အဖေက ငါးမျှားတဲ့အခါ အမေက အနားမှာ စာအုပ်ဖတ်ရင်း စောင့်တတ်တယ်။ အဖေက တက်တူးတွေအပြည့်နဲ့ တကယ့် လူကြမ်းကြီးပဲ၊ ဒါပေမယ့် သူတို့ရဲ့ ချစ်ခြင်းမေတ္တာက ခိုင်မြဲခဲ့တယ်”လို့ Craig က BBC ကို ပြောပါတယ်။

အဲဒီနောက်မှာ ဆေးရုံက သိပ်ချစ်ကြတဲ့ အဖိုးအဖွားစုံတွဲကို ဘေးချင်းယှဉ်လျက်ဆေးကုသမှှုခံယူခွင့်ရအောင် စီစဉ်ပေးခဲ့ပြီးနောက်ပိုင်းမှာတော့ ချစ်ခြင်းမေတ္တာရဲ့ အင်အားကြီးမားပုံကို တစ်ကမ္ဘာလုံးက မျက်ဝါးထင်ထင်မြင်လိုက်ရပါတော့တယ်။ အရင်ဆုံး Michael ရဲ့ အခြေအနေဟာ သိသိသာသာကောင်းမွန်တိုးတက်လာခဲ့ပြီး အခုဆိုရင်တော့ နှစ်ဦးစလုံးဟာ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်သွားပြီလို့ သိရပါတယ်။ လက်ရှိမှာ နှစ်ယောက်စလုံးက ကျန်းမာရေးအလုံးစုံပြန်လည်ကောင်းမွန်မယ့်အချိန်ကိုစောင့်နေပြီး ဆေးရုံက ဆင်းတဲ့အခါ လာမယ့် စက်တင်ဘာမှာ သူတို့နှစ်ယောက်ရဲ့မင်္ဂလာသက်တမ်း (၄၈) နှစ်ပြည့်ကို ကျင်းပဖို့ မျှော်လင့်ချက်အပြည့်နဲ့ စီစဉ်စိတ်ကူးနေကြတယ်လို့လည်း သိရပါတယ်။ ဘာသာတရားတော်တော်များများရဲ့ အဆုံးအမတွေမှာပါဝင်တဲ့ မေတ္တာတရားက ကုသနိုင်စွမ်းရှိတယ်ဆိုတာ အမှန်တကယ်ပဲဖြစ်မှာပါ။ လူတစ်ယောက်ကိုချစ်မိတဲ့အခါ အဲဒီအချစ်က ကိုယ့်ကိုရော ကိုယ်ချစ်တဲ့သူကိုပါ ကယ်တင်နိုင်စွမ်းရှိတယ်ဆိုရင် ပျော်စရာကောင်းမှာအမှန်ပါပဲ။ မိုက်ကယ်နဲ့ မေရီတို့နှစ်ယောက်လိုပဲ covid – 19 ရောဂါခံစားနေရတဲ့ ကမ္ဘာတစ်ဝှမ်းက သူတွေလည်း ရောဂါကိုအမြန်ဆုံးအနိုင်ယူနိုင်ကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi

ဒီဘက္ေခတ္က လူေတြေျပာေနၾကစကားတစ္ခြန္းရွိပါတယ္။ အဲဒါကေတာ့ အရင္ေခတ္က ခ်စ္ျခင္းေမတၱာေတြဟာ အခုေခတ္လို မရႈပ္ေထြးပဲ ရိုးရွင္းစစ္မွန္ျပီး ပုိမိုခိုင္ျမဲခဲ့တယ္ဆိုတာပါပဲ။ မ်က္ေမွာက္ေခတ္မွာေတာ့ လူငယ္ေတြဟာ ပုိေကာင္းတဲ့အရာ ကုိယ္နဲ႔ ပုိအဆင္ေျပမယ့္အရာကုိ ရွာေဖြရင္း တြဲလက္ေတြတစ္ေယာက္ျပီးတစ္ေယာက္ေျပာင္းရင္း အခ်ိန္ေတြကုန္လာခဲ့ေပမယ့္ ေရွးေခတ္က လူေတြကေတာ့ တစ္ေယာက္ဆိုတစ္ေယာက္ ပိေတာက္ဆိုပိေတာက္ ကုိယ္ခ်စ္ရတဲ့သူနဲ႔အဆင္ေျပေအာင္ ၾကိဳးစားေနထိုင္ရင္း ဘဝကို ခ်စ္ျခင္းေမတၱာနဲ႔ ျဖတ္သန္းလာခဲ့ၾကတာပါ။

လက္ရွိျဖစ္ေပၚေနတဲ့ ကပ္ေရာဂါဆိုးၾကီးဟာ ငယ္ရြယ္သူေတြအတြက္သိပ္မစိုးရိမ္ရေပမယ့္ လူၾကီးေတြအတြက္ အသက္အႏၱရာယ္စုိးရိမ္ရပါတယ္။ ဒါေပမယ့္ အဂၤလန္က Bradford ျမိဳ႕က အဖိုးအဖြား စံုတြဲကေတာ့ ေၾကာက္မက္ဖြယ္ ကပ္ေရာဂါဆိုးၾကီးကုိ တစ္ေယာက္ေပၚတစ္ေယာက္အျပန္အလွန္ထားတဲ့ စစ္မွန္တဲ့ ခ်စ္ျခင္းေမတၱာနဲ႔ အနုိင္ယူသြားခဲ့တာေတြ႕ရပါတယ္။ Michael နဲ႔ Mary Blessington ဟာ အသက္ (၁၃) နွစ္အရြယ္ကတည္းက ခ်စ္သူျဖစ္ခဲ့ၾကျပီး တစ္ေယာက္ကုိတစ္ေယာက္သိပ္ခ်စ္ၾကတဲ့ ဇနီးေမာင္နွံေတြျဖစ္ပါတယ္။ အသက္ (၆၈) နွစ္အရြယ္ မုိက္ကယ္မွာ အဆုတ္ကင္ဆာရွိေနျပီး အသက္ (၆၇) နွစ္အရြယ္ ေမရီမွာေတာ့ ရင္ၾကပ္ေရာဂါအခံရွိပါတယ္။ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ျပႆနာေတြရွိတဲ့ ဒီစံုတြဲဟာ covid – 19 ကူးစက္ခံရျပီး Bradford ရဲ႕ ေဆးရံုကုိ ေရွ႕ဆင့္ေနာက္ဆင့္အတူတူ ပုိ႔ေဆာင္ျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္ သူတို႔နွစ္ဦးဟာ ေဆးရံုမွာ အေဆာင္ကြဲ အခန္းကြဲျပီး ကုသေပးျခင္းခံရပါတယ္။ မိုက္ကယ္ဟာ က်န္းမာေရးအေျခအေနဆိုးရြားစြာ ခံစားေနခဲ့ရတာေၾကာင့္ သူ႔ရဲ႕နွလံုးကုိ သူကုိယ္တိုင္ရပ္ပစ္ခ်င္လားဆိုတဲ့ ေရြးခ်ယ္မႈကုိျပဳလုပ္ခြင့္ရခဲ့ပါတယ္။ ဒါေပမယ့္ ေမရီက ဒါကုိ သေဘာမတူခဲ့ပါဘူး။ “ကြ်န္ေတာ့္အေျခအေနက အရမ္းဆိုးေနျပီး ျပန္ေကာင္းလာဖို႔မရွိေတာ့ဘူး။ ဒါေၾကာင့္ ဒီေရြးခ်ယ္မႈလုပ္မယ္ဆိုေတာ့ ေမရီက ျငင္းတယ္။ ရွင္ကြ်န္မကို ဒီေလာက္ အေစာၾကီး မထားသြားရဘူးတဲ့။ အဲဒီမွာ ကြ်န္ေတာ္ စိတ္ေျပာင္းသြားတယ္”လို႔ မိုက္တယ္က BBC သတင္းဌာနကို ရင္ဖြင့္ထားခဲ့ပါတယ္။ ဒါေပမယ့္ ခင္ပြန္းျဖစ္သူကုိ အဲဒီလို အားေပးခဲ့တဲ့ ေမရီကုိယ္တိုင္ကေတာ့ ေဝဒနာကုိ မခံစားနိင္လို႔ ေရာက္ေရာက္ခ်င္းညမွာကတည္းက သူမကုိ ေဆးထုိးေပးျပီး ခႏၶာစြန္႔ခြင့္ရမလားလို႔ ဆရာဝန္ေတြကုိ ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

က်န္းမာေရးအေျခအေနက ေမ်ွာ္လင့္စရာမရွိေတာ့ပဲ covid -19 ကုိ အရံႈးေပးရေတာ့မယ့္ အခ်ိန္မွာ Michael နဲ႔ Mary တို႔ရဲ႕ သားအၾကီးဆံုး Craig က ေဆးရံုကို အသနားခံမႈတစ္ခုျပဳလုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ မိဘနွစ္ပါးကုိ အခန္းတစ္ခုတည္း ကုတင္ေဘးခ်င္းကပ္လ်က္ထားျပီး ကုသေပးဖို႔ပါ။ “သူတို႔နွစ္ေယာက္က အသက္ (၁၃) နွစ္ကတည္းက တစ္ခါမွ ခြဲဖူးတာမဟုတ္ဘူး။ တစ္ေယာက္အတြက္တစ္ေယာက္က ဘာမဆိုလုပ္ေပးဖို႔ဝန္မေလးတဲ့သူေတြ။ အားလပ္ရပ္ေတြမွာ အေဖက ငါးမွ်ားတဲ့အခါ အေမက အနားမွာ စာအုပ္ဖတ္ရင္း ေစာင့္တတ္တယ္။ အေဖက တက္တူးေတြအျပည့္နဲ႔ တကယ့္ လူၾကမ္းၾကီးပဲ၊ ဒါေပမယ့္ သူတို႔ရဲ႕ ခ်စ္ျခင္းေမတၱာက ခိုင္ျမဲခဲ့တယ္”လို႔ Craig က BBC ကုိ ေျပာပါတယ္။

အဲဒီေနာက္မွာ ေဆးရံုက သိပ္ခ်စ္ၾကတဲ့ အဖိုးအဖြားစံုတြဲကုိ ေဘးခ်င္းယွဥ္လ်က္ေဆးကုသမွႈခံယူခြင့္ရေအာင္ စီစဥ္ေပးခဲ့ျပီးေနာက္ပိုင္းမွာေတာ့ ခ်စ္ျခင္းေမတၱာရဲ႕ အင္အားၾကီးမားပံုကို တစ္ကမၻာလံုးက မ်က္ဝါးထင္ထင္ျမင္လိုက္ရပါေတာ့တယ္။ အရင္ဆံုး Michael ရဲ႕ အေျခအေနဟာ သိသိသာသာေကာင္းမြန္တိုးတက္လာခဲ့ျပီး အခုဆိုရင္ေတာ့ နွစ္ဦးစလံုးဟာ က်န္းမာေရးအေျခအေနျပန္လည္ေကာင္းမြန္သြားျပီလို႔ သိရပါတယ္။ လက္ရွိမွာ နွစ္ေယာက္စလံုးက က်န္းမာေရးအလံုးစံုျပန္လည္ေကာင္းမြန္မယ့္အခ်ိန္ကုိေစာင့္ေနျပီး ေဆးရံုက ဆင္းတဲ့အခါ လာမယ့္ စက္တင္ဘာမွာ သူတို႔နွစ္ေယာက္ရဲ႕မဂၤလာသက္တမ္း (၄၈) နွစ္ျပည့္ကုိ က်င္းပဖို႔ ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ စီစဥ္စိတ္ကူးေနၾကတယ္လို႔လည္း သိရပါတယ္။ ဘာသာတရားေတာ္ေတာ္မ်ားမ်ားရဲ႕ အဆံုးအမေတြမွာပါဝင္တဲ့ ေမတၱာတရားက ကုသနိုင္စြမ္းရွိတယ္ဆိုတာ အမွန္တကယ္ပဲျဖစ္မွာပါ။ လူတစ္ေယာက္ကုိခ်စ္မိတဲ့အခါ အဲဒီအခ်စ္က ကုိယ့္ကုိေရာ ကုိယ္ခ်စ္တဲ့သူကုိပါ ကယ္တင္နုိင္စြမ္းရွိတယ္ဆိုရင္ ေပ်ာ္စရာေကာင္းမွာအမွန္ပါပဲ။ မိုက္ကယ္နဲ႔ ေမရီတို႔နွစ္ေယာက္လိုပဲ covid – 19 ေရာဂါခံစားေနရတဲ့ ကမၻာတစ္ဝွမ္းက သူေတြလည္း ေရာဂါကုိအျမန္ဆံုးအနုိင္ယူနုိ္င္ၾကေစဖို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*