Covid – 19 ဆေးစစ်ချက် negative ဖြစ်သွားတဲ့ မျိုးကြီးတို့ဇနီးမောင်နှံ

အဆိုတော်မျိုးကြီးနဲ့ ဇနီးဖြစ်သူ မလုံးလုံးလွင်ဟာ မကြာသေးမီက ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် quarantine ဝင်ခဲ့ပြီးဆေးစစ်ခဲ့ရာမှာ positive ဖြစ်နေကြောင်း သိခဲ့ရတဲ့အတွက် တစ်နိုင်ငံလုံးက ပရိတ်သတ်တွေအပါအဝင် အနုပညာညီအစ်ကိုမောင်နှမတွေပါ စိတ်မကောင်းဖြစ်ခဲ့ကြရတာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မျိုးကြီးတို့ဇနီးမောင်နှံအတွက် ဆုတောင်းပေးခဲ့ကြသလို မျိုးကြီးတို့ ဇနီးမောင်နှံအကြောင်း ဖော်ပြထားတဲ့ မီဒီယာတွေရဲ့ page တွေမှာ အားပေးစကားတွေ comment တွေလည်းပေးခဲ့ကြတာတွေ့ရပါတယ်။ အခုတော့ အားလုံးဝမ်းသာရမယ့် သတင်းတစ်ခုပေါ်ထွက်လာပါပြီ။

အဲဒီသတင်းကတော့ ကိုမျိုးကြီးနဲ့ ဇနီးဖြစ်သူတို့နှစ်ဦးစလုံး ပြန်လည်ဆေးစစ်ကြည့်ရာမှာ အခု negative ဖြစ်သွားပြီဖြစ်ပြီး ကိုရိုနာရောဂါပိုးကင်းစင်သွားခဲ့ပြီဆိုတာပါပဲ။ ဒီသတင်းကြောင့် တစ်နိုင်ငံလုံးက ပရိသတ်တွေ ဝမ်းသာကြည်နူးနေကြရတာလည်းဖြစ်ပါတယ်။ ဒီသတင်းကိုအဆိုတော်မိုးမိုးက သူ့ရဲ့ လူမှုကွန်ယက်မှာ “ကိုမျိုးကြီးနဲ့ဇနီးNegative ပြန်ဖြစ်သွားတဲ့အတွက်ဝမ်းသာပါကြောင်း”လို့ ရေးသားထားခဲ့တာတွေ့ရပါတယ်။ မိုးမိုးရဲ့ post အောက်မှာ ပရိသတ်တွေအပါအဝင် အနုပညာမောင်နှမတွေများစွာကပါ ဝမ်းသာရကြောင်း comment တွေပေးထားခဲ့တာကိုလည်းမြင်ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း ကိုမျိုးကြီးတို့ ဇနီးမောင်နှံ negative ပြန်ဖြစ်သွားတဲ့ သတင်းကြောင့် ပျော်ရွှင်ကြည်နူးနေကြလိမ့်မယ်ထင်ပါတယ်။ လက်ရှိမှာ ကပ်ရောဂါကြီးပြီးဆုံးခြင်းမရှိသေးပေမယ့် ဒီလို ပြည်သူချစ်တဲ့ အနုပညာရှင်တွေ ဘေးကင်းကြောင်း ကြားသိရတာကလည်း အသက်ရှုချောင်ရတဲ့ အချိန်ခဏလေးတွေလို့ ဆိုရမှာပါ။ အခုဖြစ်ပေါ်နေတဲ့ covid – 19 ကပ်ရောဂါကြီးကို ကျန်းမာရေးဝန်ထမ်းတွေက ပြည်သူတွေရှေ့ကကာကွယ်ပြီး မားမားမတ်မတ်ရပ်တည်တိုက်ထုတ်ပေးနေကြသလို တစ်နိုင်ငံလုံးက ပြည်သူတွေကလည်း တစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့ လိုအပ်တာတွေကို တတ်အားသမျှလှူဒါန်းပေးနေကြတာလည်းတွေ့ရပါတယ်။

ဒါကြောင့် ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ အလှူရှင်တွေကို ကူညီတဲ့အနေနဲ့ မလိုအပ်ပဲအပြင်မထွက်ပဲ အိမ်ထဲမှာပဲနေကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Zawgyi

အဆိုေတာ္မ်ိဳးႀကီးနဲ႔ ဇနီးျဖစ္သူ မလုံးလုံးလြင္ဟာ မၾကာေသးမီက ကိုယ့္အသိစိတ္ဓာတ္နဲ႔ ကိုယ္ quarantine ဝင္ခဲ့ၿပီးေဆးစစ္ခဲ့ရာမွာ positive ျဖစ္ေနေၾကာင္း သိခဲ့ရတဲ့အတြက္ တစ္ႏိုင္ငံလုံးက ပရိတ္သတ္ေတြအပါအဝင္ အႏုပညာညီအစ္ကိုေမာင္ႏွမေတြပါ စိတ္မေကာင္းျဖစ္ခဲ့ၾကရတာျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း မ်ိဳးႀကီးတို႔ဇနီးေမာင္ႏွံအတြက္ ဆုေတာင္းေပးခဲ့ၾကသလို မ်ိဳးႀကီးတို႔ ဇနီးေမာင္ႏွံအေၾကာင္း ေဖာ္ျပထားတဲ့ မီဒီယာေတြရဲ႕ page ေတြမွာ အားေပးစကားေတြ comment ေတြလည္းေပးခဲ့ၾကတာေတြ႕ရပါတယ္။ အခုေတာ့ အားလုံးဝမ္းသာရမယ့္ သတင္းတစ္ခုေပၚထြက္လာပါၿပီ။

အဲဒီသတင္းကေတာ့ ကိုမ်ိဳးႀကီးနဲ႔ ဇနီးျဖစ္သူတို႔ႏွစ္ဦးစလုံး ျပန္လည္ေဆးစစ္ၾကည့္ရာမွာ အခု negative ျဖစ္သြားၿပီျဖစ္ၿပီး ကို႐ိုနာေရာဂါပိုးကင္းစင္သြားခဲ့ၿပီဆိုတာပါပဲ။ ဒီသတင္းေၾကာင့္ တစ္ႏိုင္ငံလုံးက ပရိသတ္ေတြ ဝမ္းသာၾကည္ႏူးေနၾကရတာလည္းျဖစ္ပါတယ္။ ဒီသတင္းကိုအဆိုေတာ္မိုးမိုးက သူ႔ရဲ႕ လူမႈကြန္ယက္မွာ “ကိုမ်ိဳးႀကီးနဲ႔ဇနီးNegative ျပန္ျဖစ္သြားတဲ့အတြက္ဝမ္းသာပါေၾကာင္း”လို႔ ေရးသားထားခဲ့တာေတြ႕ရပါတယ္။ မိုးမိုးရဲ႕ post ေအာက္မွာ ပရိသတ္ေတြအပါအဝင္ အႏုပညာေမာင္ႏွမေတြမ်ားစြာကပါ ဝမ္းသာရေၾကာင္း comment ေတြေပးထားခဲ့တာကိုလည္းျမင္ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးလည္း ကိုမ်ိဳးႀကီးတို႔ ဇနီးေမာင္ႏွံ negative ျပန္ျဖစ္သြားတဲ့ သတင္းေၾကာင့္ ေပ်ာ္႐ႊင္ၾကည္ႏူးေနၾကလိမ့္မယ္ထင္ပါတယ္။ လက္ရွိမွာ ကပ္ေရာဂါႀကီးၿပီးဆုံးျခင္းမရွိေသးေပမယ့္ ဒီလို ျပည္သူခ်စ္တဲ့ အႏုပညာရွင္ေတြ ေဘးကင္းေၾကာင္း ၾကားသိရတာကလည္း အသက္ရႈေခ်ာင္ရတဲ့ အခ်ိန္ခဏေလးေတြလို႔ ဆိုရမွာပါ။ အခုျဖစ္ေပၚေနတဲ့ covid – 19 ကပ္ေရာဂါႀကီးကို က်န္းမာေရးဝန္ထမ္းေတြက ျပည္သူေတြေရွ႕ကကာကြယ္ၿပီး မားမားမတ္မတ္ရပ္တည္တိုက္ထုတ္ေပးေနၾကသလို တစ္ႏိုင္ငံလုံးက ျပည္သူေတြကလည္း တစ္ဖက္တစ္လမ္းက ကူညီတဲ့အေနနဲ႔ လိုအပ္တာေတြကို တတ္အားသမွ်လႉဒါန္းေပးေနၾကတာလည္းေတြ႕ရပါတယ္။

ဒါေၾကာင့္ ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးလည္း က်န္းမာေရးဝန္ထမ္းေတြနဲ႔ အလႉရွင္ေတြကို ကူညီတဲ့အေနနဲ႔ မလိုအပ္ပဲအျပင္မထြက္ပဲ အိမ္ထဲမွာပဲေနၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*