ကလေးတွေ ရောဂါမကူးအောင် အကွက်ဆန်းတွေထုတ်သုံးလိုက်တဲ့ တရုတ်က စာသင်ကျောင်း

တစ်ကမ္ဘာလုံးကို ခြိ်မ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးကို ကမ္ဘာအနှံ့က တားဆီးကာကွယ်လျက်ရှိကြသလို ရောဂါထိန်းချုပ်နိုင်ဖို့ကြိုးစားနေပေမယ့် ထိန်းချုပ်လို့မရနိုင်သေးတဲ့ နိုင်ငံတွေလည်း များစွာ ကျန်ရှိနေပါသေးတယ်။ နွေရာသီမှာ အစပြုခဲ့တဲ့ ကပ်ရောဂါဆိုးကြီးဟာ အခုဆိုရင် မိုးရာသီအစ ကလေးတွေကျောင်းပြန်တက်ရမယ့်အချိန်နားကိုတောင် ရောက်ရှိလို့လာခဲ့ပါပြီ။ မြန်မာနိုင်ငံမှာဆိုရင်လည်း စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့နဲ့ပတ်သက်ပြီး အစိုးရရဲ့ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြဆဲဖြစ်သလို အခြားနိုင်ငံတွေမှာလည်း ပညာရေးတစ်ဖက် ကျန်းမာရေးတစ်ဖက်နဲ့ အငြင်းပွားမှုတွေ ရှိနေကြဆဲဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ ရောဂါထိန်းချုပ်နိုင်သွားတဲ့ ပြည်နယ်တွေလည်း များစွာရှိနေတယ်လို့ ကြားသိရပါတယ်။ တရုတ်နိုင်ငံရဲ့ပြည်နယ်အချို့ကကျောင်းတွေလည်း ပြန်လည်ဖွင့်လှစ်လျက်ရှိနေပါပြီ။ တရုတ်နိုင်ငံ Hangzhou ပြည်နယ်က စာသင်ကျောင်းတစ်ကျောင်းရဲ့ ကလေးတွေကို ရောဂါပိုးမကူးစက်အောင် ကာကွယ်ပုံဟာဆိုရင်တော့ဖြင့် အင်တာနက်အသုံးပြုသူတွေကြားမှာ ငိုအားထက် ရယ်အားသန်ဆိုသလို ဖြစ်သွားစေခဲ့ပါတယ်။ Hangzhou ပြည်နယ်က စာသင်ကျောင်းတစ်ကျောင်းရဲ့ ကလေးတွေကိုရောဂါပိုးမကူးစက်အောင် ကာကွယ်တဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားသွားခဲ့ပြီး တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့တာပါ။

သူတို့ရဲ့ ကာကွယ်နည်းကတော့ ကလေးတွေကို ပေါင်ချိန်လို ဘေးမှာ အတန်နှစ်ခုထွက်နေတဲ့ ဦးထုပ်တွေ ဆောင်းပေးထားခြင်းပါပဲ။ဒီလို ဘေးမှာအတန်ရှည်ထွက်နေတဲ့ ဦးထုပ်တွေကို ဆောင်းထားခြင်းနဲ့ ကလေးတွေဟာ အဲဒီအတန်ကြီးတွေနဲ့ မတိုက်မိအောင် အချင်းချင်းရှောင်ရှားနေရမှာဖြစ်လို့ အတူတူနီးနီးကပ်ကပ်ဆော့ကစားဖို့မဖြစ်နိုင်သလို သုံးပေထက်ပိုပြီး နီးကပ်စွာ သွားလာလှုပ်ရှားဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ ဒါ့အပြင်ဦးထုပ်တွေကို ကလေးတွေစိတ်ကြိုက် အရောင်တွေ၊ ရုပ်ပုံတွေနဲ့ အလှဆင်ဖို့ ခွင့်ပြုပေးထားတာကြောင့်လည်း ကလေးတွေက ဦးထုပ်ဆောင်းဖို့ငြင်းဆန်ခြင်းမရှိပဲ ကျေကျေနပ်နပ်ဆောင်းထားကြတာကိုမြင်ရမှာဖြစ်ပါတယ်။

ဒီအကြံဉာဏ်ဟာ အတော်လေးကောင်းမွန်လှတဲ့ အကြံဉာဏ်ဖြစ်ကြောင်း လူမှုကွန်ယက်မှာ ချီးကျူးမှုတွေပျံ့လွင့်လာနေခဲ့ပြီး တစ်ကမ္ဘာလုံးက ကျောင်းတွေက ဒီအကြံကို အတုယူသင့်တယ်လို့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။ အချို့ကတော့ အချင်းချင်းထိုးမိတိုက်မိလို့ မျက်စိဆေးခန်းတွေမှာ လူစည်တော့မှာပဲလို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော အခုလို ကာကွယ်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ကြလဲ။ ထင်မြင်ချက်လေးတွေ ပြောခဲ့ကြပါဦး။

Zawgyi

တစ္ကမၻာလံုးကုိ ျခိ္္မ္းေျခာက္ေနတဲ့ ကုိရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဆိုးၾကီးကုိ ကမၻာအနွံ႔က တားဆီးကာကြယ္လ်က္ရွိၾကသလို ေရာဂါထိန္းခ်ဳပ္နုိင္ဖို႔ၾကိဳးစားေနေပမယ့္ ထိန္းခ်ဳပ္လုိ႔မရနုိင္ေသးတဲ့ နို္င္ငံေတြလည္း မ်ားစြာ က်န္ရွိေနပါေသးတယ္။ ေႏြရာသီမွာ အစျပဳခဲ့တဲ့ ကပ္ေရာဂါဆိုးၾကီးဟာ အခုဆိုရင္ မိုးရာသီအစ ကေလးေတြေက်ာင္းျပန္တက္ရမယ့္အခ်ိန္နားကုိေတာင္ ေရာက္ရွိလို႔လာခဲ့ပါျပီ။ ျမန္မာနုိင္ငံမွာဆိုရင္လည္း စာသင္ေက်ာင္းေတြ ျပန္ဖြင့္ဖို႔နဲ႔ပတ္သက္ျပီး အစုိးရရဲ႕ ဆံုးျဖတ္ခ်က္ကုိ ေစာင့္ေမွ်ာ္ေနၾကဆဲျဖစ္သလုိ အျခားနိုင္ငံေတြမွာလည္း ပညာေရးတစ္ဖက္ က်န္းမာေရးတစ္ဖက္နဲ႔ အျငင္းပြားမႈေတြ ရွိေနၾကဆဲျဖစ္ပါတယ္။

တရုတ္နုိင္ငံမွာေတာ့ ေရာဂါထိန္းခ်ဳပ္နုိင္သြားတဲ့ ျပည္နယ္ေတြလည္း မ်ားစြာရွိေနတယ္လို႔ ၾကားသိရပါတယ္။ တရုတ္နုိင္ငံရဲ႕ျပည္နယ္အခ်ိဳ႕ကေက်ာင္းေတြလည္း ျပန္လည္ဖြင့္လွစ္လ်က္ရွိေနပါျပီ။ တရုတ္နုိင္ငံ Hangzhou ျပည္နယ္က စာသင္ေက်ာင္းတစ္ေက်ာင္းရဲ႕ ကေလးေတြကုိ ေရာဂါပုိးမကူးစက္ေအာင္ ကာကြယ္ပံုဟာဆိုရင္ေတာ့ျဖင့္ အင္တာနက္အသံုးျပဳသူေတြၾကားမွာ ငိုအားထက္ ရယ္အားသန္ဆိုသလုိ ျဖစ္သြားေစခဲ့ပါတယ္။ Hangzhou ျပည္နယ္က စာသင္ေက်ာင္းတစ္ေက်ာင္းရဲ႕ ကေလးေတြကုိေရာဂါပုိးမကူးစက္ေအာင္ ကာကြယ္တဲ့ ဓာတ္ပံုေတြဟာ လူမႈကြန္ယက္ေပၚမွာ ေရပန္းစားသြားခဲ့ျပီး တစ္ကမၻာလံုးကုိ ပ်ံ႕နွံ႕သြားခဲ့တာပါ။

သူတို႔ရဲ႕ ကာကြယ္နည္းကေတာ့ ကေလးေတြကုိ ေပါင္ခ်ိန္လို ေဘးမွာ အတန္နွစ္ခုထြက္ေနတဲ့ ဦးထုပ္ေတြ ေဆာင္းေပးထားျခင္းပါပဲ။ဒီလို ေဘးမွာအတန္ရွည္ထြက္ေနတဲ့ ဦးထုပ္ေတြကုိ ေဆာင္းထားျခင္းနဲ႔ ကေလးေတြဟာ အဲဒီအတန္ၾကီးေတြနဲ႔ မတိုက္မိေအာင္ အခ်င္းခ်င္းေရွာင္ရွားေနရမွာျဖစ္လို႔ အတူတူနီးနီးကပ္ကပ္ေဆာ့ကစားဖို႔မျဖစ္နုိင္သလုိ သံုးေပထက္ပုိျပီး နီးကပ္စြာ သြားလာလႈပ္ရွားဖို႔လည္း မျဖစ္နုိင္ေတာ့ပါဘူး။ ဒါ့အျပင္ဦးထုပ္ေတြကုိ ကေလးေတြစိတ္ၾကိဳက္ အေရာင္ေတြ၊ ရုပ္ပံုေတြနဲ႔ အလွဆင္ဖို႔ ခြင့္ျပဳေပးထားတာေၾကာင့္လည္း ကေလးေတြက ဦးထုပ္ေဆာင္းဖို႔ျငင္းဆန္ျခင္းမရွိပဲ ေက်ေက်နပ္နပ္ေဆာင္းထားၾကတာကုိျမင္ရမွာျဖစ္ပါတယ္။

ဒီအၾကံဥာဏ္ဟာ အေတာ္ေလးေကာင္းမြန္လွတဲ့ အၾကံဥာဏ္ျဖစ္ေၾကာင္း လူမႈကြန္ယက္မွာ ခ်ီးက်ဴးမႈေတြပ်ံ႕လြင့္လာေနခဲ့ျပီး တစ္ကမၻာလံုးက ေက်ာင္းေတြက ဒီအၾကံကုိ အတုယူသင့္တယ္လို႔ ေျပာဆိုမႈေတြလည္းရွိေနပါတယ္။ အခ်ိဳ႕ကေတာ့ အခ်င္းခ်င္းထိုးမိတိုက္မိလို႔ မ်က္စိေဆးခန္းေတြမွာ လူစည္ေတာ့မွာပဲလို႔ ေဝဖန္မႈေတြလည္းရွိေနပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ အခုလို ကာကြယ္မႈနဲ႔ ပတ္သက္ျပီး ဘယ္လိုျမင္ၾကလဲ။ ထင္ျမင္ခ်က္ေလးေတြ ေျပာခဲ့ၾကပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*