Covid -19 အတွက် အလှူငွေမတည်ဖို့ ဒေါ်လာဆယ်သန်းတန် Esports ပြိုင်ပွဲပြုလုပ်လိုက်တဲ့ ဆော်ဒီအာရေဗျ

လက်ရှိမှာ ကမ္ဘာနဲ့အဝှမ်း covid -19 ရဲ့ ဒဏ်ကို အလူးအလဲခံနေရပြီး တစ်ကမ္ဘာလုံးကလည်း ဒီကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်ဖို့ အတူတူကြိုးစားနေကြတာဖြစ်ပါတယ်။ လူတွေအားလုံးက မလိုအပ်ပဲအပြင်မထွက်ဖို့နဲ့ အိမ်ထဲမှာပဲနေဖို့ အစိုးရတွေညွှန်ကြားထားတာခံနေရသလို အခုဆိုရင် အိမ်ထဲမှာပဲနေရတာ လနဲ့ချီပြီဖြစ်တဲ့ နိုင်ငံတွေလည်းရှိနေပါတယ်။ အိမ်ထဲမှာပဲအချိန်ပြည့်နေရတာ အမှန်တော့ မလွယ်ကူပါဘူး။ အပြင်မထွက်ရ၊ကိုယ်ချစ်တဲ့သူတွေနဲ့ ကွေကွင်းနေရခြင်းတွေဟာ လူတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေပြီး ဝမ်းနည်းမှုတွေကိန်းအောင်းလာစေပါတယ်။ လူတွေအိမ်ထဲမှာ နေပျော်ဖို့စိတ်ချမ်းသာဖို့အတွက် အဖွဲ့အစည်းတွေကလည်း သူ့နယ်ပယ်နဲ့သူ ကြိုးစားနေကြတာကိုလည်းတွေ့ရပါတယ်။ အဲဒီထဲမှာ online ကနေ ဂိမ်းဆော့ပြီး ဂိမ်းပြိုင်ပွဲတွေလုပ်တဲ့ Esports နယ်ပယ်ကလည်းတစ်ခုအပါအဝင်ပါ။

Gamer တွေအတွက်သတင်းကောင်းကတော့ လက်ရှိမှာ ဆော်ဒီအာရေဗျနိုင်ငံက တစ်ကမ္ဘာလုံးမှာ ရှိသမျှ နိုင်ငံပေါင်းများစွာက Gamer တွေပါဝင်ကစားနိုင်တဲ့ Esports Tournament တစ်ခု ကျင်းပလိုက်ပြီဆိုတာပါပဲ။ နောက်ပြီးတော့ အဲဒီ Tournament ရဲ့ ရရှိမယ့် ဆုကြေးက ဒေါ်လာဆယ်သန်းပါ။ ဒါပေမယ့် ဒီပြိုင်ပွဲရဲ့ ဆုကြေးဆယ်သန်းကို ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့ကြိုးစားနေကြတဲ့ ကမ္ဘာ့နိုင်ငံတွေကိုအလှူပေးမှာဖြြစ်ပီး အနိုင်ရရှိတဲ့ နိုင်ငံက Gamer အဖွဲ့က ကိုယ်လှူချင်တဲ့ နိုင်ငံကို ရွေးချယ်လှူရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်က ကိုရိုနာဗိုင်းရပ်စ်ကို အောင်မြင်စွာတိုက်ထုတ်နိုင်ဖို့ တစ်ထောင့်တစ်နေရာက ကူညီတဲ့အနေနဲ့ အလှူငွေ ဒေါ်လာဆယ်သန်းမတည်ဖို့ ဖြစ်သလို အိမ်ထဲမှာပဲ နေရတဲ့ Gamer တွေ၊ live streams အားပေးသူတွေ စိတ်အပြောင်းအလဲဖြစ်ပြီး စိတ်ဓာတ်တက်ကြွစေဖို့ စိတ်ပိုင်းဆိုင်ရာအခြေအနေကောင်းမွန်လာစေဖို့လည်း ရည်ရွယ်ကြောင်း သိရပါတယ်။

ဒီလို Esports Tournament လုပ်ပြီး အလှူငွေမတည်တဲ့ အစီအစဉ်ကို Gamers Without Borders လို့ နာမည်ပေးထားတယ်လို့သိရပြီး Tournament က April 24 ရက်နေ့ကနေ June 7 ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒီ Tournament ကို အပတ်စဉ် ဒါမှမဟုတ် နေ့စဉ် ယှဉ်ပြိုင်ပွဲတွေပြုလုပ်သွားမှာဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက်မှာ giveaway ပေးမယ့် ဆုတွေ၊ပစ္စည်းတွေနဲ့ game items တွေက ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိတယ်လို့ဆိုပါတယ်။ ပြိုင်ပွဲမှာ ပါဝင်မယ့်ဂိမ်းတွေကတော့ Call of Duty, Fortnite, PUBG MOBILE, Clash Royale, FIFA 20, Apex Legends, Rainbow Six Siege, Overwatch နဲ့ Rocket League လိုဂိမ်းမျိုးပါပါဝင်တာကြောင့် gamer တော်တော်များများပါဝင်ယှဉ်ပြိုင်နိုင်မယ့် ပြိုင်ပွဲတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

ပြိုင်ပွဲရဲ့ မတည်အလှူငွေဒေါ်လာဆယ်သန်းရဲ့တစ်စိတ်တစ်ပိုင်းကို The King Salman Humanitarian Aid and Relief Center (KSrelief) ကို လှူဒါန်းသွားမှာဖြစ်ကြောင်းလည်း သိရပြီး ဒီ ပြိုင်ပွဲမှာ ဂိမ်းဝါသနာရှင်တွေ၊ပညာရှင်တွေ အပြန်အလှန် ကစားတာနဲ့ ပြိုင်ပွဲကြည့်ရှုတာတွေအပြင် Gamers Without Borders က ဂိမ်းဝါသနာရှင်တွေအတွက် ပညာသင်ကြားနိုင်မယ့် အစီအစဉ်တစ်ခုပါ လုပ်ပေးထားကြောင်းလည်း သိရပါတယ်။ Gamers Without Borders က the Ministry of Communication and Information Technology (MCIT) နဲ့ ပူးပေါင်းပြီး ဂိမ်းဝါသနာရှင်တွေအတွက် training programs တွေ၊ ဆုကြေးပါဝင်တဲ့ ဂိမ်းပြိုင်ပွဲတွေနဲ့ webinars တွေကို သင်ကြားပေးသွားမှာဖြစ်ပြီး အဲဒီသင်ကြားရေးအစီအစဉ်တွေကို developersတွေ၊ gamers တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့အကူအညီနဲ့ အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi

လက္ရွိမွာ ကမၻာနဲ႔အဝွမ္း covid -19 ရဲ႕ ဒဏ္ကုိ အလူးအလဲခံေနရျပီး တစ္ကမၻာလံုးကလည္း ဒီကပ္ေရာဂါဆိုးၾကီးကုိ တိုက္ထုတ္ဖို႔ အတူတူၾကိဳးစားေနၾကတာျဖစ္ပါတယ္။ လူေတြအားလံုးက မလိုအပ္ပဲအျပင္မထြက္ဖို႔နဲ႔ အိမ္ထဲမွာပဲေနဖို႔ အစိုးရေတြညႊန္ၾကားထားတာခံေနရသလို အခုဆိုရင္ အိမ္ထဲမွာပဲေနရတာ လနဲ႔ခ်ီျပီျဖစ္တဲ့ နုိင္ငံေတြလည္းရွိေနပါတယ္။ အိမ္ထဲမွာပဲအခ်ိန္ျပည့္ေနရတာ အမွန္ေတာ့ မလြယ္ကူပါဘူး။ အျပင္မထြက္ရ၊ကုိယ္ခ်စ္တဲ့သူေတြနဲ႔ ေကြကြင္းေနရျခင္းေတြဟာ လူေတြရဲ႕ စိတ္က်န္းမာေရးကုိ ထိခိုက္ေစျပီး ဝမ္းနည္းမႈေတြကိန္းေအာင္းလာေစပါတယ္။ လူေတြအိမ္ထဲမွာ ေနေပ်ာ္ဖုိ႔စိတ္ခ်မ္းသာဖို႔အတြက္ အဖြဲ႕အစည္းေတြကလည္း သူ႔နယ္ပယ္နဲ႔သူ ၾကိဳးစားေနၾကတာကုိလည္းေတြ႕ရပါတယ္။ အဲဒီထဲမွာ online ကေန ဂိမ္းေဆာ့့ျပီး ဂိမ္းျပိဳင္ပြဲေတြလုပ္တဲ့ Esports နယ္ပယ္ကလည္းတစ္ခုအပါအဝင္ပါ။

Gamer ေတြအတြက္သတင္းေကာင္းကေတာ့ လက္ရွိမွာ ေဆာ္ဒီအာေရဗ်နုိင္ငံက တစ္ကမၻာလံုးမွာ ရွိသမွ် နုိင္ငံေပါင္းမ်ားစြာက Gamer ေတြပါဝင္ကစားနုိင္တဲ့ Esports Tournament တစ္ခု က်င္းပလိုက္ျပီဆိုတာပါပဲ။ ေနာက္ျပိီးေတာ့ အဲဒီ Tournament ရဲ႕ ရရွိမယ့္ ဆုေၾကးက ေဒၚလာဆယ္သန္းပါ။ ဒါေပမယ့္ ဒီျပိဳင္ပြဲရဲ႕ ဆုေၾကးဆယ္သန္းကုိ ကုိရိုနာဗိုင္းရပ္စ္ကုိ တိုက္ထုတ္ဖို႔ၾကိဳးစားေနၾကတဲ့ ကမၻာ့နုိင္ငံေတြကုိအလွဴေပးမွာျဖစျ္ပီး အနုိင္ရရွိတဲ့ နိုင္ငံက Gamer အဖြဲ႕က ကိုယ္လွဴခ်င္တဲ့ နုိင္ငံကုိ ေရြးခ်ယ္လွဴရမွာျဖစ္ပါတယ္။ ဒီျပိဳင္ပြဲရဲ႕ရည္ရြယ္ခ်က္က ကုိရိုနာဗိုင္းရပ္္စ္ကုိ ေအာင္ျမင္စြာတိုက္ထုတ္နုိင္ဖို႔ တစ္ေထာင့္တစ္ေနရာက ကူညီတဲ့အေနနဲ႔ အလွဴေငြ ေဒၚလာဆယ္သန္းမတည္ဖို႔ ျဖစ္သလို အိမ္ထဲမွာပဲ ေနရတဲ့ Gamer ေတြ၊ live streams အားေပးသူေတြ စိ္တ္အေျပာင္းအလဲျဖစ္ျပီး စိတ္ဓာတ္တက္ၾကြေစဖို႔ စိတ္ပုိင္းဆိုင္ရာအေျခအေနေကာင္းမြန္လာေစဖို႔လည္း ရည္ရြယ္ေၾကာင္း သိရပါတယ္။

ဒီလို Esports Tournament လုပ္ျပီး အလွဴေငြမတည္တဲ့ အစီအစဥ္ကုိ Gamers Without Borders လို႔ နာမည္ေပးထားတယ္လို႔သိရျပီး Tournament က April 24 ရက္ေန႔ကေန June 7 ရက္ေန႔ထိ က်င္းပသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ဒီ Tournament ကုိ အပတ္စဥ္ ဒါမွမဟုတ္ ေန႔စဥ္ ယွဥ္ျပိဳင္ပြဲေတြျပဳလုပ္သြားမွာျဖစ္ျပီး ျပိဳင္ပြဲတစ္ေလွ်ာက္မွာ giveaway ေပးမယ့္ ဆုေတြ၊ပစၥည္းေတြနဲ႔ game items ေတြက ေဒၚလာ နွစ္သန္းေက်ာ္တန္ဖိုးရွိတယ္လို႔ဆိုပါတယ္။ ျပိဳင္ပြဲမွာ ပါဝင္မယ့္ဂိမ္းေတြကေတာ့ Call of Duty, Fortnite, PUBG MOBILE, Clash Royale, FIFA 20, Apex Legends, Rainbow Six Siege, Overwatch နဲ႔ Rocket League လိုဂိမ္းမ်ိဳးပါပါဝင္တာေၾကာင့္ gamer ေတာ္ေတာ္မ်ားမ်ားပါဝင္ယွဥ္ျပိဳင္နုိင္မယ့္ ျပိဳင္ပြဲတစ္ခုလို႔လည္း ဆုိနုိင္ပါတယ္။

ျပိဳင္ပြဲရဲ႕ မတည္အလွဴေငြေဒၚလာဆယ္သန္းရဲ႕တစ္စိတ္တစ္ပုိင္းကို The King Salman Humanitarian Aid and Relief Center (KSrelief) ကုိ လွဴဒါန္းသြားမွာျဖစ္ေၾကာင္းလည္း သိရျပီး ဒီ ျပိဳင္ပြဲမွာ ဂိမ္းဝါသနာရွင္ေတြ၊ပညာရွင္ေတြ အျပန္အလွန္ ကစားတာနဲ႔ ျပိဳင္ပြဲၾကည့္ရႈတာေတြအျပင္ Gamers Without Borders က ဂိမ္းဝါသနာရွင္ေတြအတြက္ ပညာသင္ၾကားနုိင္မယ့္ အစီအစဥ္တစ္ခုပါ လုပ္ေပးထားေၾကာင္းလည္း သိရပါတယ္။ Gamers Without Borders က the Ministry of Communication and Information Technology (MCIT) နဲ႔ ပူးေပါင္းျပီး ဂိမ္းဝါသနာရွင္ေတြအတြက္ training programs ေတြ၊ ဆုေၾကးပါဝင္တဲ့ ဂိမ္းျပိဳင္ပြဲေတြနဲ႔ webinars ေတြကုိ သင္ၾကားေပးသြားမွာျဖစ္ျပီး အဲဒီသင္ၾကားေရးအစီအစဥ္ေတြကုိ developersေတြ၊ gamers ေတြ၊ ရင္းနွီးျမွုုပ္နွံသူေတြနဲ႔ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြရဲ႕အကူအညီနဲ႔ အေကာင္အထည္ေဖာ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*