PPE တွေမှာ အဓိကလိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ကိုယ်ကျိုးစွန့်ထုတ်လုပ်ပေးခဲ့ကြတဲ့ သူရဲကောင်းများ

Personal Protective Equipment လို့ ခေါ်တဲ့ PPE တွေဟာ လက်ရှိ ကမ္ဘာနဲ့အဝှမ်းမှာ Covid – 19 ကို ရှေ့တန်းက ကာကွယ်တိုက်ထုတ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်ရော လုပ်အားပေးပြည်သူတွေအတွက်ပါ အဓိက လိုအပ်နေတဲ့ သေရေရှင်ရေးတမျှအရေးကြီးတဲ့ ပစ္စည်းတွေလည်းဖြစ်ပါတယ်။ ဒါ့အပြင် PPE တွေသာမကပဲ ရောဂါမကူးစက်အောင်ကာကွယ်တဲ့ mask တွေ face shield တွေဟာလည်း တစ်ကမ္ဘာလုံးမှာ လိုအပ်ချက်များပြားနေတာပဲဖြစ်ပါတယ်။ အမေရိကားမှာဆိုရင်လည်း ကျန်းမာရေးဝန်ထမ်းတွေအသုံးပြုလျက်ရှိတဲ့ PPE တွေဟာ မကြာခင် ပစ္စည်းပြတ်တောက်သွားတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း သတင်းတွေထွက်လာခဲ့ပါသေးတယ်။

ဒါပေမယ့် ဒီလို တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရတဲ့ အန္တရာယ်ကို တစ်ထောင့်တစ်နေရာ တစ်ဖက်တစ်လမ်းကနေ တတ်အားသမျှကူညီနေတဲ့ သူရဲကောင်းတွေကလည်း ရှိနေပါတယ်။ အဲဒါကတော့ အမေရိကန်နိုင်ငံရဲ့ Petrochemical တွေထုတ်လုပ်ပေးတဲ့ အကြီးမားဆုံး company တွေထဲက တစ်ခုဖြစ်တဲ့ Braskem Company ရဲ့ ဝန်ထမ်းတွေပါ။ ဒီကပ်ရောဂါကြီးအတွင်းမှာ PPE တွေ၊ face masks၊ face shields တွေ၊ surgical gowns တွေစတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေပြုလုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေဖြစ်တဲ့ Polypropylene တွေကို Braskem ရဲ့ ဝန်ထမ်းတွေက ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ထုတ်လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ လူတိုင်းက ကိုယ့်အိမ်ထဲမှာ မိသားစုတွေနဲ့ လုံလုံခြုံခြုံနေဖို့ ဆန္ဒရှိကြတဲ့ အချိန်မှာ Braskem ရဲ့ ဝန်ထမ်းပေါင်း လေးဆယ်ကျော်ဟာ မိသားစုတွေနဲ့ ခွဲပြီး သူတို့အလုပ်လုပ်တဲ့ စက်ရုံကို ကိုယ့်အိမ်ကိုယ့်ယာလိုမှတ်ပြီး တစ်လကျော်လောက် စက်ရုံထဲမှာ အချိန်ပြည့်နေထိုင်ပြီး ကုန်ကြမ်းတွေထုတ်လုပ်ပေးခဲ့ကြတာ ဖြစ်ကြောင်းသိရပါတယ်။

ဝန်ထမ်းပေါင်း လေးဆယ်ကျော်ဟာ နေ့ဆိုင်းကြဆိုင်းခွဲပြီး polypropylene တွေကြိုးစားထုတ်လုပ်နေကြချိန်မှာ သူတို့ရဲ့ မိသားစုတွေနဲ့ ခွဲနေရတဲ့ အပြင် ရောဂါကူးစက်မှာစိုးတာကြောင့် သူတို့ရဲ့ မိသားစုတွေအလည်လာခြင်းကိုလည်း ခွင့်ပြုထားခြင်းမရှိကြောင်းသိရပါတယ်။ ဒါကြောင့် မိသားစုတွေက အလွမ်းဒဏ်ကိုမခံနိုင်လို့ မျက်နှာလေးတွေ့ခွင့်ရချင်တဲ့အခါ စက်ရုံရှေ့ကနေ ကားဖြတ်မောင်းပြီး Drive in visits ပဲ လုပ်ခွင့်ရပါတယ်တဲ့။ ကားကိုရပ်ခွင့်မရှိတာကြောင့် ကားမောင်းသွားတဲ့အချိန်ခဏလေးမှာပဲ မျက်နှာလေးတွေ့ခွင့်ရအောင်ကြိုးစားရမှာဖြစ်ပြီး ကားမှန်တွေချပြီးစကားလှမ်းပြောလို့လည်းမရပါဘူးတဲ့။ ဒီလို ကိုယ်ချစ်တဲ့ သူတွေနဲ့ ဝေးရတဲ့ အတိဒုက္ခကို သည်းခံပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် ကူညီတဲ့အနေနဲ့ ကုန်ကြမ်းတွေထုတ်လုပ်ပေးခဲ့ကြတဲ့ ဒီသူရဲကောင်းတွေဟာ လက်ရှိမှာတော့ March လ 23 ရက်နေ့ကနေ စခဲ့တဲ့ သူတို့ရဲ့ လုပ်ငန်းခွင်တာဝန်တွေပြီးဆုံးလို့ ကိုယ်ချစ်တဲ့သူတွေရှိရာ အိမ်ကို ပြန်ခွင့်ရရှိသွားကြပါပြီ။

The Washington Post သတင်းစာရဲ့ ဖော်ပြထားချက်တွေအရတော့ ဒီ လေးဆယ့်သုံးယောက်သော သူရဲကောင်းတွေကို စက်ရုံထဲမှာ တစ်လကျော်နေပြီး ဒုက္ခခံအလုပ်လုပ်ဖို့ ဘယ်သူကမှ အတင်းအကြပ်ခိုင်းစေခြင်းမရှိပဲ ရှေ့တန်းကနေ ရောဂါကိုရင်ဆိုင်တိုက်ထုတ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်နောက်ကွယ်က ကူညီပံ့ပိုးတဲ့အနေနဲ့ ကိုယ့်သဘောနဲ့ ကိုယ် ဒီလို အလုပ်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ လက်ရှိမှာတော့ ဒီသူရဲကောင်းတွေရဲ့ ကူညီပေးမှုကြောင့် အမေရိကားဟာ ရောဂါကာကွယ်ရေးပစ္စည်းတွေ ပြတ်လပ်မယ့်ဘေးက ကင်းဝေးသွားခဲ့ပြီလို့ဆိုရမှာပါ။ Braskem ရဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Joe Boyce က abc သတင်းဌာနကို “ကျွန်တော်တို့ကို ဆရာဝန်တွေ၊ သူနာပြုတွေ၊ EMS ဝန်ထမ်းတွေနဲ့ အခြားသူတွေအများကြီးက social media ကနေ ကျေးဇူးတင်စကားတွေလှမ်းပြောကြတယ်။ တကယ်တော့ ကျန်းမာရေးဝန်ထမ်းတွေကို ကျွန်တော်တို့က ကျေးဇူးတင်ရမှာပါ၊သူတို့အနစ်နာခံပြီးလုပ်ပေးနေတာတွေအတွက် တကယ်ကျေးဇူးတင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို အခုလို နောက်ကွယ်ကနေ ပံ့ပိုးကူညီခွင့်ရတယ်ဆိုတဲ့အသိက ကျွန်တော်တို့ အလုပ်လုပ်နေရတဲ့အချိန်တွေ တိုသွားသလိုခံစားရတယ်၊ တကယ် အားတက်ရပါတယ်”လို့ ပြောကြားထားခဲ့ပါတယ်။

ကမ္ဘာမှာ ဒီလို အမှန်တကယ်လိုအပ်နေတဲ့နေရာတွေအတွက် နယ်ပယ်အသီးသီးက သူရဲကောင်းတွေရဲ့ ဖြည့်ဆည်းကူညီမှုတွေနဲ့ covid – 19 ကို တက်ညီလက်ညီတိုက်ထုတ်နေကြတာဟာ အားတက်စရာပါပဲ။ ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း ကျန်းမာရေးဝန်ထမ်းတွေကို တစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့ ရောဂါကွင်းဆက်ပြတ်အောင် အိမ်ထဲမှာပဲ တတ်နိုင်သမျှ နေကြပြီး မလိုအပ်ပဲအိမ်ပြင်မထွက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Zawgyi

Personal Protective Equipment လို႔ ေခၚတဲ့ PPE ေတြဟာ လက္ရွိ ကမၻာနဲ႔အဝွမ္းမွာ Covid – 19 ကုိ ေရွ႕တန္းက ကာကြယ္တိုက္ထုတ္ေနၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ေရာ လုပ္အားေပးျပည္သူေတြအတြက္ပါ အဓိက လုိအပ္ေနတဲ့ ေသေရရွင္ေရးတမွ်အေရးၾကီးတဲ့ ပစၥည္းေတြလည္းျဖစ္ပါတယ္။ ဒါ့အျပင္ PPE ေတြသာမကပဲ ေရာဂါမကူးစက္ေအာင္ကာကြယ္တ့ဲ mask ေတြ face shield ေတြဟာလည္း တစ္ကမၻာလံုးမွာ လုိအပ္ခ်က္မ်ားျပားေနတာပဲျဖစ္ပါတယ္။ အေမရိကားမွာဆိုရင္လည္း က်န္းမာေရးဝန္ထမ္းေတြအသံုးျပဳလ်က္ရွိတဲ့ PPE ေတြဟာ မၾကာခင္ ပစၥည္းျပတ္ေတာက္သြားေတာ့မယ့္ အႏၱရာယ္နဲ႔ ရင္ဆိုင္ေနရေၾကာင္း သတင္းေတြထြက္လာခဲ့ပါေသးတယ္။

ဒါေပမယ့္ ဒီလို တစ္ကမၻာလံုးက ရင္ဆိုင္ေနရတဲ့ အႏၱရာယ္ကုိ တစ္ေထာင့္တစ္ေနရာ တစ္ဖက္တစ္လမ္းကေန တတ္အားသမွ်ကူညီေနတဲ့ သူရဲေကာင္းေတြကလည္း ရွိေနပါတယ္။ အဲဒါကေတာ့ အေမရိကန္နုိင္ငံရဲ႕ Petrochemical ေတြထုတ္လုပ္ေပးတဲ့ အၾကီးမားဆံုး company ေတြထဲက တစ္ခုျဖစ္တဲ့ Braskem Company ရဲ႕ ဝန္ထမ္းေတြပါ။ ဒီကပ္ေရာဂါၾကီးအတြင္းမွာ PPE ေတြ၊ face masks၊ face shields ေတြ၊ surgical gowns ေတြစတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ မရွိမျဖစ္လုိအပ္တဲ့ ကာကြယ္ေရးပစၥည္းေတြျပဳလုပ္ဖို႔ လိုအပ္တဲ့ ကုန္ၾကမ္းေတြျဖစ္တဲ့ Polypropylene ေတြကုိ Braskem ရဲ႕ ဝန္ထမ္းေတြက ကုိယ္က်ိဳးစြန္႔အနစ္နာခံျပီး ထုတ္လုပ္ေပးခဲ့ၾကတာျဖစ္ပါတယ္။ လူတိုင္းက ကုိယ့္အိမ္ထဲမွာ မိသားစုေတြနဲ႔ လံုလံုျခံဳျခံဳေနဖို႔ ဆႏၵရွိၾကတဲ့ အခ်ိ္န္မွာ Braskem ရဲ႕ ဝန္ထမ္းေပါင္း ေလးဆယ္ေက်ာ္ဟာ မိသားစုေတြနဲ႔ ခြဲျပီး သူတို႔အလုပ္လုပ္တဲ့ စက္ရုံကုိ ကုိယ့္အိမ္ကုိယ့္ယာလိုမွတ္ျပီး တစ္လေက်ာ္ေလာက္ စက္ရံုထဲမွာ အခ်ိန္ျပည့္ေနထုိင္ျပီး ကုန္ၾကမ္းေတြထုတ္လုပ္ေပးခဲ့ၾကတာ ျဖစ္ေၾကာင္းသိရပါတယ္။

ဝန္ထမ္းေပါင္း ေလးဆယ္ေက်ာ္ဟာ ေန႔ဆိုင္းၾကဆိုင္းခြဲျပီး polypropylene ေတြၾကိဳးစားထုတ္လုပ္ေနၾကခ်ိန္မွာ သူတို႔ရဲ႕ မိသားစုေတြနဲ႔ ခြဲေနရတဲ့ အျပင္ ေရာဂါကူးစက္မွာစုိိးတာေၾကာင့္ သူတို႔ရဲ႕ မိသားစုေတြအလည္လာျခင္းကုိလည္း ခြင့္ျပဳထားျခင္းမရွိေၾကာင္းသိရပါတယ္။ ဒါေၾကာင့္ မိသားစုေတြက အလြမ္းဒဏ္ကုိမခံနုိင္လို႔ မ်က္နွာေလးေတြ႕ခြင့္ရခ်င္တဲ့အခါ စက္ရံုေရွ႕ကေန ကားျဖတ္ေမာင္းျပီး Drive in visits ပဲ လုပ္ခြင့္ရပါတယ္တဲ့။ ကားကိုရပ္ခြင့္မရွိတာေၾကာင့္ ကားေမာင္းသြားတဲ့အခ်ိန္ခဏေလးမွာပဲ မ်က္နွာေလးေတြ႕ခြင့္ရေအာင္ၾကိဳးစားရမွာျဖစ္ျပီး ကားမွန္ေတြခ်ျပီးစကားလွမ္းေျပာလို႔လည္းမရပါဘူးတဲ့။ ဒီလို ကိုယ္ခ်စ္တဲ့ သူေတြနဲ႔ ေဝးရတဲ့ အတိဒုကၡကုိ သည္းခံျပီး က်န္းမာေရးဝန္ထမ္းေတြအတြက္ ကူညီတဲ့အေနနဲ႔ ကုန္ၾကမ္းေတြထုတ္လုပ္ေပးခဲ့ၾကတဲ့ ဒီသူရဲေကာင္းေတြဟာ လက္ရွိမွာေတာ့ March လ 23 ရက္ေန႔ကေန စခဲ့တဲ့ သူတို႔ရဲ႕ လုပ္ငန္းခြင္တာဝန္ေတြျပီးဆံုးလို႔ ကုိယ္ခ်စ္တဲ့သူေတြရွိရာ အိမ္ကုိ ျပန္ခြင့္ရရွိသြားၾကပါျပီ။

The Washington Post သတင္းစာရဲ႕ ေဖာ္ျပထားခ်က္ေတြအရေတာ့ ဒီ ေလးဆယ့္သံုးေယာက္ေသာ သူရဲေကာင္းေတြကုိ စက္ရံုထဲမွာ တစ္လေက်ာ္ေနျပီး ဒုကၡခံအလုပ္လုပ္ဖို႔ ဘယ္သူကမွ အတင္းအၾကပ္ခိုင္းေစျခင္းမရွိပဲ ေရွ႕တန္းကေန ေရာဂါကုိရင္ဆိုင္တိုက္ထုတ္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ေနာက္ကြယ္က ကူညီပံ့ပုိးတဲ့အေနနဲ႔ ကုိယ့္သေဘာနဲ႔ ကုိယ္ ဒီလို အလုပ္လုပ္ေပးခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရပါတယ္။ လက္ရွိမွာေတာ့ ဒီသူရဲေကာင္းေတြရဲ႕ ကူညီေပးမႈေၾကာင့္ အေမရိကားဟာ ေရာဂါကာကြယ္ေရးပစၥည္းေတြ ျပတ္လပ္မယ့္ေဘးက ကင္းေဝးသြားခဲ့ျပီလို႔ဆိုရမွာပါ။ Braskem ရဲ႕ ဝန္ထမ္းတစ္ဦးျဖစ္တဲ့ Joe Boyce က abc သတင္းဌာနကို “ကြ်န္ေတာ္တုိ႔ကုိ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ EMS ဝန္ထမ္းေတြနဲ႔ အျခားသူေတြအမ်ားၾကီးက social media ကေန ေက်းဇူးတင္စကားေတြလွမ္းေျပာၾကတယ္။ တကယ္ေတာ့ က်န္းမာေရးဝန္ထမ္းေတြကုိ ကြ်န္ေတာ္တို႔က ေက်းဇူးတင္ရမွာပါ၊သူတို႔အနစ္နာခံျပီးလုပ္ေပးေနတာေတြအတြက္ တကယ္ေက်းဇူးတင္ပါတယ္။ က်န္းမာေရးဝန္ထမ္းေတြကုိ အခုလို ေနာက္ကြယ္ကေန ပံ့ပုိးကူညီခြင့္ရတယ္ဆိုတဲ့အသိက ကြ်န္ေတာ္တို႔ အလုပ္လုပ္ေနရတဲ့အခ်ိန္ေတြ တိုသြားသလိုခံစားရတယ္၊ တကယ္ အားတက္ရပါတယ္”လို႔ ေျပာၾကားထားခဲ့ပါတယ္။

ကမၻာမွာ ဒီလို အမွန္တကယ္လိုအပ္ေနတဲ့ေနရာေတြအတြက္ နယ္ပယ္အသီးသီးက သူရဲေကာင္းေတြရဲ႕ ျဖည့္ဆည္းကူညီမႈေတြနဲ႔ covid – 19 ကုိ တက္ညီလက္ညီတိုက္ထုတ္ေနၾကတာဟာ အားတက္စရာပါပဲ။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးလည္း က်န္းမာေရးဝန္ထမ္းေတြကုိ တစ္ဖက္တစ္လမ္းက ကူညီတဲ့အေနနဲ႔ ေရာဂါကြင္းဆက္ျပတ္ေအာင္ အိမ္ထဲမွာပဲ တတ္နုိင္သမွ် ေနၾကျပီး မလိုအပ္ပဲအိမ္ျပင္မထြက္ၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*