ယွန်းဒါဂျောင်း အနေနဲ့သရုပ်ဆောင်ရတဲ့ ခံစားချက်ကို ရင်ဖွင့်လာတဲ့ Han So Hee

လက်ရှိ လူမှုကွန်ယက်တွေပေါ်မှာ ရေပန်းစားနေတဲ့ The World of the Married ဇာတ်လမ်းတွဲကို အားလုံး ရင်းနှီးနေကြမယ်ထင်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ မိန်းမသားထုကြီးကို ထိတ်လန့်သွားစေတဲ့ ဇာတ်လမ်းတွဲတစ်ခုအဖြစ်ရပ်တည်နေသလို လူမှုကွန်ယက်ပေါ်မှာ တော်တော်လေး ဂယက်ရိုက်သွားစေခဲ့တဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ မိန်းကလေးနှစ်ယောက်စလုံးကို တစ်ပြိုင်တည်းချစ်မိသွားတဲ့ ယောက်ျားတစ်ယောက်၊ အိမ်ထောင်ရှိယောက်ျားတစ်ယောက်ကိုမှ ချစ်မိသွားတဲ့ အသက်နှစ်ဆယ်အရွယ် ငယ်ရွယ်နုပျိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းနဲ့ တစ်သက်လုံးလက်တွဲလာတဲ့ ယောက်ျားက ပိပိရိရိဖောက်ပြန်နေမှန်း အားလုံးထက်နောက်ကျပြီး နောက်ဆုံးမှသိလိုက်ရတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်နဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ကြည့်ရှုသူတွေကို အားမလိုအားမရဖြစ်စေပြီး စိတ်ရှုပ်ထွေးမွန်းကျပ်စေတဲ့ ဒီဇာတ်ကားမှာ လူမုန်းအခံရဆုံးကတော့ အငယ်အနှောင်းအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Han So Hee ပါပဲ။

နတ်သမီးတစ်ပါးလိုလှတဲ့ Han So Hee က မကြာသေးမီက photoshoot တစ်ခုလုပ်ရင်းနဲ့ The World of the Married ထဲမှာ ယွန်းဒါဂျောင်းအဖြစ် သရုပ်ဆောင်ရတဲ့ သူမရဲ့ ခံစားချက်တွေကို အင်တာဗျူးမှာ ရင်ဖွင့်သွားခဲ့ပါတယ်။ Han So Hee က ကာရိုက်တာအကြောင်း စဖတ်ရတုန်းက ယွန်းဒါဂျောင်းအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။ “ကျွန်မ ဇာတ်ညွှန်းဖတ်ရင်းနဲ့ ဒါဂျောင်းအတွက် ဝမ်းနည်းမိတယ်။ သူက ဘာလို့ ဒီလိုလုပ်ရပ်တွေလုပ်ခဲ့ရတာလဲ။ မိသားစုတွေ၊ ပတ်ဝန်းကျင်အမြင်တွေကို ဂရုမစိုက်ပဲ အသက်နှစ်ဆယ်အရွယ်လှပတဲ့မိန်းကလေးတစ်ယောက်မှာရှိတဲ့ မာနကိုပါ ခဝါချပြီး ဘာကြောင့် အချစ်ကိုကိုးကွယ်ခဲ့တာလဲ”လို့ Han So Hee က ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဒီကာရိုက်တာကို သရုပ်ဆောင်ဖို့ ကာရိုက်တာကို နားလည်အောင်ကြိုးစားခဲ့ရပုံကို “ဒါဂျောင်းအဖြစ်သရုပ်ဆောင်ဖို့ ကျွန်မသူ့ကို နားလည်မှဖြစ်မယ်။ ဒါကြောင့် သူ့ကိုနားလည်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါဂျောင်းက Tae Oh ရဲ့ အချစ်တစ်ခုတည်းအတွက် သူ့ရဲ့ခန္ဓာကိုယ်ကိုရော နှလုံးသားကိုပါ စတေးခဲ့တာ။ အဲဒါကြောင့် အဲဒီအပိုင်းကို ကျွန်မနားလည်အောင်မြင်ကြည့်ခဲ့တယ်”လို့ ပြောပြပြီး ဒါဂျောင်းရဲ့ ကာရိုက်တာအပေါ် နားလည်မှုကို “ဒါဂျောင်းအတွက်က အိမ်ထောင်ရှိ အမျိုးသား ဆိုတဲ့စကားလုံးထက် အချစ် ဆိုတဲ့ စကားလုံးက အရင်လာတယ်။ ဒါပေမယ့် ကျန်တဲ့သူတွေ၊ ပရိသတ်တွေအတွက်ကတော့ အချစ်ဆိုတာထက် အိမ်ထောင်ရှိတယ်ဆိုတာကို ရှေ့တန်းတင်ပြီးအရင်မြင်ကြတယ်။ ဒါကြောင့် ဒါဂျောင်းအပေါ်ကျွန်မရဲ့ အမြင်နဲ့ ပရိသတ်တွေရဲ့အမြင်က ကွာခြားသွားတယ်လို့ ထင်ပါတယ်”လို့ ရင်ဖွင့်ထားခဲ့ပါတယ်။

Han So Hee က နောက်ပိုင်းဒရာမာတွေမှာ သူမသရုပ်ဆောင်ချင်တဲ့ ပုံစံကို “အလွန်အကျူးရိုမန်းတစ်တာတွေထက် သာမန် လက်တွေ့ကျတဲ့ အချစ်ဇာတ်လမ်းမျိုး ကျွန်မ သရုပ်ဆောင်ချင်တယ်။ လက်ရှိ လူနေမှုဘဝနဲ့ ပိုပြီးနီးစပ်တာမျိုးပေ့ါ။အခက်အခဲတွေ ပြဿနာတွေရှိလာရင် အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်ဖြေရှင်းတာမျိုး၊ ပြီးတော့ ပျော်စရာအဆုံးသတ်မျိုးရှိတဲ့ ဇာတ်လမ်းမျိုးပေါ့”လို့ ပြောပြထားပါသေးတယ်။ The World of the Married မှာ လူမုန်းများပြီးဝေဖန်မှုတွေခံရတာနဲ့ပတ်သက်ပြီးတော့ Han So Hee က “နောက်ဆိုရင်တော့ အချစ်ခံရတဲ့ ကာရိုက်တာမျိုး သရုပ်ဆောင်ရဖို့ ကျွန်မ မျှော်လင့်ပါတယ်”လို့ ရယ်မောရင်းဖြေကြားသွားခဲ့ပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးရော ယွန်းဒါဂျောင်းအဖြစ် ပီပြင်စွာသရုပ်ဆောင်နေတဲ့ Han So Hee ကိုချစ်ကြလား။ ယွန်းဒါဂျောင်းရဲ့ ကာရိုက်တာအပေါ်ရော ဘယ်လိုမြင်ကြလဲ။ Han So Hee ကို နောက်ထပ်ဘယ်လိုကာရိုက်တာမျိုးတွေနဲ့ မြင်တွေ့ချင်ကြလဲ။ ပြောခဲ့ကြပါဦး။

Zawgyi

လက္ရွိ လူမႈကြန္ယက္ေတြေပၚမွာ ေရပန္းစားေနတဲ့ The World of the Married ဇာတ္လမ္းတြဲကုိ အားလံုး ရင္းနီွးေနၾကမယ္ထင္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ မိန္းမသားထုၾကီးကုိ ထိတ္လန္႔သြားေစတဲ့ ဇာတ္လမ္းတြဲတစ္ခုအျဖစ္ရပ္တည္ေနသလုိ လူမႈကြန္ယက္ေပၚမွာ ေတာ္ေတာ္ေလး ဂယက္ရိုက္သြားေစခဲ့တဲ့ ဇာတ္လမ္းတြဲလည္းျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ မိန္းကေလးနွစ္ေယာက္စလံုးကို တစ္ျပိဳင္တည္းခ်စ္မိသြားတဲ့ ေယာက္်ားတစ္ေယာက္၊ အိမ္ေထာင္ရွိေယာက္်ားတစ္ေယာက္ကုိမွ ခ်စ္မိသြားတဲ့ အသက္နွစ္ဆယ္အရြယ္ ငယ္ရြယ္နုပ်ိဳတဲ့ ေကာင္မေလးတစ္ေယာက္အေၾကာင္းနဲ႔ တစ္သက္လံုးလက္တဲြလာတဲ့ ေယာက္်ားက ပိပိရိရိေဖာက္ျပန္ေနမွန္း အားလံုးထက္ေနာက္က်ျပီး ေနာက္ဆံုးမွသိလိုက္ရတဲ့ အိ္မ္ေထာင္ရွင္အမ်ိဳးသမီးတစ္ေယာက္နဲ႔ ဇာတ္အိမ္တည္ထားပါတယ္။ ၾကည့္ရႈသူေတြကုိ အားမလိုအားမရျဖစ္ေစျပီး စိတ္ရႈပ္ေထြးမြန္းက်ပ္ေစတဲ့ ဒီဇာတ္ကားမွာ လူမုန္းအခံရဆံုးကေတာ့ အငယ္အေႏွာင္းအျဖစ္ သရုပ္ေဆာင္တဲ့ မင္းသမီး Han So Hee ပါပဲ။

နတ္သမီးတစ္ပါးလိုလွတဲ့ Han So Hee က မၾကာေသးမီက photoshoot တစ္ခုလုပ္ရင္းနဲ႔ The World of the Married ထဲမွာ ယြန္းဒါေဂ်ာင္းအျဖစ္ သရုပ္ေဆာင္ရတဲ့ သူမရဲ႕ ခံစားခ်က္ေတြကုိ အင္တာဗ်ဴးမွာ ရင္ဖြင့္သြားခဲ့ပါတယ္။ Han So Hee က ကာရုိက္တာအေၾကာင္း စဖတ္ရတုန္းက ယြန္းဒါေဂ်ာင္းအတြက္ စိတ္မေကာင္းျဖစ္မိတယ္လို႔ ဆိုပါတယ္။ “ကြ်န္မ ဇာတ္ညႊန္းဖတ္ရင္းနဲ႔ ဒါေဂ်ာင္းအတြက္ ဝမ္းနည္းမိတယ္။ သူက ဘာလို႔ ဒီလိုလုပ္ရပ္ေတြလုပ္ခဲ့ရတာလဲ။ မိသားစုေတြ၊ ပတ္ဝန္းက်င္အျမင္ေတြကုိ ဂရုမစိုက္ပဲ အသက္နွစ္ဆယ္အရြယ္လွပတဲ့မိန္းကေလးတစ္ေယာက္မွာရွိတဲ့ မာနကုိပါ ခဝါခ်ျပီး ဘာေၾကာင့္ အခ်စ္ကုိကိုးကြယ္ခဲ့တာလဲ”လို႔ Han So Hee က ဆိုပါတယ္။

အဲဒီေနာက္မွာေတာ့ ဒီကာရုိက္တာကုိ သရုပ္ေဆာင္ဖို႔ ကာရုိက္တာကုိ နားလည္ေအာင္ၾကိဳးစားခဲ့ရပံုကုိ “ဒါေဂ်ာင္းအျဖစ္သရုပ္ေဆာင္ဖို႔ ကြ်န္မသူ႔ကုိ နားလည္မွျဖစ္မယ္။ ဒါေၾကာင့္ သူ႔ကုိနားလည္နုိင္ဖို႔ ၾကိဳးစားခဲ့တယ္။ ဒါေဂ်ာင္းက Tae Oh ရဲ႕ အခ်စ္တစ္ခုတည္းအတြက္ သူ႔ရဲ႕ခႏၶာကုိ္ယ္ကုိေရာ နွလံုးသားကုိပါ စေတးခဲ့တာ။ အဲဒါေၾကာင့္ အဲဒီအပိုင္းကုိ ကြ်န္မနားလည္ေအာင္ျမင္ၾကည့္ခဲ့တယ္”လို႔ ေျပာျပျပီး ဒါေဂ်ာင္းရဲ႕ ကာရုိက္တာအေပၚ နားလည္မႈကို “ဒါေဂ်ာင္းအတြက္က အိမ္ေထာင္ရွိ အမ်ိဳးသား ဆိုတဲ့စကားလံုးထက္ အခ်စ္ ဆုိတဲ့ စကားလံုးက အရင္လာတယ္။ ဒါေပမယ့္ က်န္တဲ့သူေတြ၊ ပရိသတ္ေတြအတြက္ကေတာ့ အခ်စ္ဆိုတာထက္ အိမ္ေထာင္ရွိတယ္ဆိုတာကုိ ေရွ႕တန္းတင္ျပီးအရင္ျမင္ၾကတယ္။ ဒါေၾကာင့္ ဒါေဂ်ာင္းအေပၚကြ်န္မရဲ႕ အျမင္နဲ႔ ပရိသတ္ေတြရဲ႕အျမင္က ကြာျခားသြားတယ္လို႔ ထင္ပါတယ္”လို႔ ရင္ဖြင့္ထားခဲ့ပါတယ္။

Han So Hee က ေနာက္ပုိင္းဒရာမာေတြမွာ သူမသရုပ္ေဆာင္ခ်င္တဲ့ ပံုစံကုိ “အလြန္အက်ဴးရိုမန္းတစ္တာေတြထက္ သာမန္ လက္ေတြ႕က်တဲ့ အခ်စ္ဇာတ္လမ္းမ်ိဳး ကြ်န္မ သရုပ္ေဆာင္ခ်င္တယ္။ လက္ရွိ လူေနမႈဘဝနဲ႔ ပုိျပီးနီးစပ္တာမ်ိဳးေပ့ါ။အခက္အခဲေတြ ျပႆနာေတြရွိလာရင္ ေအးေအးခ်မ္းခ်မ္းတည္တည္ျငိမ္ျငိမ္ေျဖရွင္းတာမ်ိဳး၊ ျပီးေတာ့ ေပ်ာ္စရာအဆံုးသတ္မ်ိဳးရွိတဲ့ ဇာတ္လမ္းမ်ိဳးေပါ့”လို႔ ေျပာျပထားပါေသးတယ္။ The World of the Married မွာ လူမုန္းမ်ားျပီးေဝဖန္မႈေတြခံရတာနဲ႔ပတ္သက္ျပီးေတာ့ Han So Hee က “ေနာက္ဆိုရင္ေတာ့ အခ်စ္ခံရတဲ့ ကာရိုက္တာမ်ိဳး သရုပ္ေဆာင္ရဖို႔ ကြ်န္မ ေမွ်ာ္လင့္ပါတယ္”လို႔ ရယ္ေမာရင္းေျဖၾကားသြားခဲ့ပါတယ္။

ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးေရာ ယြန္းဒါေဂ်ာင္းအျဖစ္ ပီျပင္စြာသရုပ္ေဆာင္ေနတဲ့ Han So Hee ကုိခ်စ္ၾကလား။ ယြန္းဒါေဂ်ာင္းရဲ႕ ကာရိုက္တာအေပၚေရာ ဘယ္လိုျမင္ၾကလဲ။ Han So Hee ကုိ ေနာက္ထပ္ဘယ္လိုကာရုိက္တာမ်ိဳးေတြနဲ႔ ျမင္ေတြ႕ခ်င္ၾကလဲ။ ေျပာခဲ့ၾကပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*