မာဆတ်ပိတ်လည်း ကိုယ်ပိုင်အနှိပ်သည်လေးနဲ့လို့ကြွားလိုက်တဲ့ နိုင်းဝမ်း

နိုင်းဝမ်းဟာဆိုရင် လွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာတစ်နေရာ အရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ လူငယ်တွေရင်ထဲကို ထိတဲ့ သီချင်းစာသားတွေကြောင့်လည်း နိုင်းဝမ်းရဲ့သီချင်းတွေဟာ တမုဟုတ်ချင်း လူကြိုက်များရေပန်းစားလာခဲ့ပြီး ပရိတ်သတ်အခိုင်အမာရရှိထားတယ်လို့လည်း ဆိုနိုင်ပါတယ်။ နိုင်းဝမ်းက လက်ရှိမှာတော့ သီချင်းအသစ်တွေဖန်တီးနေသလို ချစ်သူလေးနဲ့ သာယာတဲ့ဘဝကို ဖြတ်သန်းနေတာလည်းဖြစ်ပါတယ်။

လက်ရှိဖြစ်နေတဲ့ covid -19 ကပ်ရောဂါကြီးကြောင့် လူတွေအားလုံး အိမ်ထဲမှာပဲ stay home နေကြတဲ့ ကာလကြီးမှာ အချို့တွေကတော့ ချစ်တဲ့သူတွေနဲ့အတူတူနေရပေမယ့် အချို့ကတော့ ချစ်သူနဲ့ ကွေကွင်းနေတာကြောင့် ကြေကွဲနေရသူတွေလည်း ရှိနေပါတယ်။ နိုင်းဝမ်းကတော့ ချစ်သူနဲ့ stay home မှာ အတူတူရှိနေရပြီး ပျော်ရွှင်စရာအချိန်လေးတွေကို ဖန်တီးနေတာဟာ မြင်ရသူတိုင်း အားကျချင်စရာပါပဲ။ နိင်းဝမ်းက မကြာသေးမီက လူမှုကွန်ယက်မှာ မြင်ရသူတိုင်း အားကျသွားရအောင် ရိုမန်းတစ်လိုက်ပြန်ပါပြီ။ နိုင်းဝမ်းက ချစ်သူလေးက နင်းနှိပ်ပေးနေတာကိုခံရင်း ကိုယ်ပိုင်အနှိပ်သည်လေးရထားကြောင်း ကြွားလိုက်တာပါ။

နိုင်းဝမ်းက ချစ်သူလေးနင်းပေးနေတဲ့ ဓာတ်ပုံလေးနဲ့အတူ “မာဆတ်ပိတ်လဲ အေးဆေးပဲ ကိုယ်ပိုင်အနှိပ်သည်လေးနဲ့ယူတို့ချစ်ချစ်တွေက ယူတို့ကိုဒါမျိုးချစ်ရဲ့လားဗျာ။ Tagတွဲထားသောဘော်ဘော်များ၊ ရည်းစားရှိသောယောက်ျား၊ မိန်းမရှိသောဘီးကျဲ အားလုံးကို ချဲလန့်ခေါ်ပါတယ်။ ချဲလန့်ကိုလက်ခံပြီးပို့စ်တင်တဲ့အခါ မိမိပတ်ဝန်းကျင်က မယကဥက္ကဌကြီးများကိုချဲလန့်ဆက်ခေါ်ပါ”ဆိုတဲ့စာလေးနဲ့ အချစ်ခံရတဲ့ ဘဝကို အားကျအောင် ကြွားလိုက်တာပါ။ နိုင်းဝမ်းရဲ့ post အောက်မှာ ပရိသတ်တွေနဲ့ အပေါင်းအသင်းတွေက အားကျတဲ့ comment လေးတွေအလုအယက်ပေးထားတာကိုလည်း တွေ့ရပါတယ်။ နိုင်းဝမ်းရဲ့ ချစ်သူလေးနဲ့ တူနှစ်ဖြာ သာယာပျော်ရွှင်နေတဲ့ ဓာတ်ပုံလေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။


ပြောချင်လွန်းလို့ပရိသတ်ကြီးရော နိုင်းဝမ်းကို ချစ်ကြလား။ နိုင်းဝမ်းရဲ့ နောက်ထပ်သီချင်းအသစ်တွေကိုရော အားပေးကြမှာလား။ နိုင်းဝမ်းလို ကြင်နာရမယ့်သူလေးမရှိရင်တောင်မှ ကပ်ရောဂါကြီးကို ကာကွယ်ဖို့တတ်နိုင်သမျှအိမ်ထဲမှာပဲနေကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

Zawgyi

နိုင္းဝမ္းဟာဆိုရင္ လြန္ခဲ့တဲ့နွစ္အတန္ၾကာကတည္းက ပရိသတ္ေတြရဲ႕ရင္ထဲမွာ ေနရာတစ္ေနရာ အရယူထားနိုင္ခဲ့သူျဖစ္ပါတယ္။ လူငယ္ေတြရင္ထဲကုိ ထိတဲ့ သီခ်င္းစာသားေတြေၾကာင့္လည္း နုိင္းဝမ္းရဲ႕သီခ်င္းေတြဟာ တမုဟုတ္ခ်င္း လူၾကိဳက္မ်ားေရပန္းစားလာခဲ့ျပီး ပရိတ္သတ္အခို္င္အမာရရွိိထားတယ္လို႔လည္း ဆိုနုိင္ပါတယ္။ နုိင္းဝမ္းက လက္ရွိမွာေတာ့ သီခ်င္းအသစ္ေတြဖန္တီးေနသလို ခ်စ္သူေလးနဲ႔ သာယာတဲ့ဘဝကုိ ျဖတ္သန္းေနတာလည္းျဖစ္ပါတယ္။

လက္ရိွျဖစ္ေနတဲ့ covid -19 ကပ္ေရာဂါၾကီးေၾကာင့္ လူေတြအားလံုး အိမ္ထဲမွာပဲ stay home ေနၾကတဲ့ ကာလၾကီးမွာ အခ်ိဳ႕ေတြကေတာ့ ခ်စ္တဲ့သူေတြနဲ႔အတူတူေနရေပမယ့္ အခ်ိဳ႕ကေတာ့ ခ်စ္သူနဲ႔ ေကြကြင္းေနတာေၾကာင့္ ေၾကကြဲေနရသူေတြလည္း ရွိေနပါတယ္။ နုိင္းဝမ္းကေတာ့ ခ်စ္သူနဲ႔ stay home မွာ အတူတူရွိေနရျပီး ေပ်ာ္ရႊင္စရာအခ်ိန္ေလးေတြကုိ ဖန္တီးေနတာဟာ ျမင္ရသူတိုင္း အားက်ခ်င္စရာပါပဲ။ နိင္းဝမ္းက မၾကာေသးမီက လူမႈကြန္ယက္မွာ ျမင္ရသူတိုင္း အားက်သြားရေအာင္ ရိုမန္းတစ္လိုက္ျပန္ပါျပီ။ နုိင္းဝမ္းက ခ်စ္သူေလးက နင္းနွိပ္ေပးေနတာကုိခံရင္း ကုိယ္ပိုင္အနွိပ္သည္ေလးရထားေၾကာင္း ၾကြားလိုက္တာပါ။

နိုင္းဝမ္းက ခ်စ္သူေလးနင္းေပးေနတဲ့ ဓာတ္ပုံေလးနဲ႔အတူ “မာဆတ္ပိတ္လဲ ေအးေဆးပဲ ကိုယ္ပိုင္အႏွိပ္သည္ေလးနဲ႔ယူတို႔ခ်စ္ခ်စ္ေတြက ယူတို႔ကိုဒါမ်ိဳးခ်စ္ရဲ႕လားဗ်ာ။ Tagတြဲထားေသာေဘာ္ေဘာ္မ်ား၊ ရည္းစားရွိေသာေယာက္်ား၊ မိန္းမရွိေသာဘီးက်ဲ အားလုံးကို ခ်ဲလန႔္ေခၚပါတယ္။ ခ်ဲလန႔္ကိုလက္ခံၿပီးပို႔စ္တင္တဲ့အခါ မိမိပတ္ဝန္းက်င္က မယကဥကၠဌႀကီးမ်ားကိုခ်ဲလန႔္ဆက္ေခၚပါ”ဆုိတဲ့စာေလးနဲ႔ အခ်စ္ခံရတဲ့ ဘဝကုိ အားက်ေအာင္ ၾကြားလုိက္တာပါ။ နုိင္းဝမ္းရဲ႕ post ေအာက္မွာ ပရိသတ္ေတြနဲ႔ အေပါင္းအသင္းေတြက အားက်တဲ့ comment ေလးေတြအလုအယက္ေပးထားတာကုိလည္း ေတြ႕ရပါတယ္။ နုိင္းဝမ္းရဲ႕ ခ်စ္သူေလးနဲ႔ တူနွစ္ျဖာ သာယာေပ်ာ္ရႊင္ေနတဲ့ ဓာတ္ပံုေလးကုိ ပရိသတ္ၾကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ နုိင္းဝမ္းကုိ ခ်စ္ၾကလား။ နိုင္းဝမ္းရဲ႕ ေနာက္ထပ္သီခ်င္းအသစ္ေတြကုိေရာ အားေပးၾကမွာလား။ နုိင္းဝမ္းလို ၾကင္နာရမယ့္သူေလးမရွိရင္ေတာင္မွ ကပ္ေရာဂါၾကီးကို ကာကြယ္ဖို႔တတ္နုိင္သမွ်အိမ္ထဲမွာပဲေနၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္ေနာ္။

Be the first to comment

Leave a Reply

Your email address will not be published.


*