ဘဝနဲ့ရင်းပြီး ခံစားခဲ့ရတာတွေကို ရင်ဖွင့်လိုက်တဲ့ ကျော်သူ
ဦးကျော်သူဟာ ငယ်စဉ်တုန်းက တစ်နိုင်ငံလုံးက ပျိုမေတွေအသည်းစွဲ သည်းသည်းလှုပ်ချစ်ခင်အားပေးခြင်းခံခဲ့ရတဲ့ မင်းသားကြီးတစ်လက်ဖြစ်ပြီး ရုပ်ရှင်တွေမှာ သရုပ်ဆောင်ကောင်းတာတွေလည်း တသသပြောစမှတ်ပြုခဲ့ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဦးကျော်သူဟာ ဘဝတစ်ကွေ့မှာ ချစ်တဲ့ပရိသတ်တွေနဲ့ ခဏတာ ကွာဝေးနေခဲ့ပြီး အခုလက်ရှိမှာတော့ ကောင်းမှုကုသိုလ်တွေလုပ်ရင်း အနုပညာတွေလည်း ကြိုကြားကြိုကြားလုပ်ရင်းနဲ့ ချစ်တဲ့ မိသားစုနဲ့ အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာလည်းဖြစ်ပါတယ်။
ဦးကျော်သူက အခုလို covid- 19ကပ်ကြီးနဲ့ ရင်ဆိုင်နေရတဲ့ကာလမှာ နာရေးကူညီမှုအသင်းနဲ့အတူတူ ပိုးသတ်ဆေးဖြန်းခြင်း ၊လိုအပ်တဲ့နေရာတွေကို ရောဂါကာကွယ်ရေးပစ္စည်းတွေနဲ့ ငွေကြေးတွေ သွားရောက်လှူဒါန်းခြင်းတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ ဦးကျော်သူက ကုသိုလ်ပြုခဲ့သမျှတွေကို ပရိသတ်တွေသာဓုခေါ်နိုင်စေဖို့သူ့ရဲ့ လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် တင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကတော့ ဦးကျော်သူက သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ငယ်ငယ်တုန်းက ဓာတ်ပုံလေးတွေတင်ထားပြီး ငယ်ဘဝကို တမ်းတထားတာကိုလည်းတွေ့ရပါတယ်။ ဦးကျော်သူက ငယ်ငယ်တုန်းက ဓာတ်ပုံလေးတွေနဲ့အတူ လူငယ်တွေကို ငယ်စဉ်ကတည်းက အများကောင်းကျိုးသယ်ပိုးဖို့ ဆုံးမထားတာတွေ့ရပါတယ်။ ဦးကျော်သူက “မိုက် တယ်ကွာ…ဂေါ် တယ်ကွာ…ဟော့ တယ်ကွာ…လန်း တယ်ကွာ… လို့ ပြောနေမယ့်အစားငါ အဲဒီအရွယ်မှာ လူမှုကောင်းကျိုး ဘာတွေများလုပ်ခဲ့လဲ။ လက်ရှိ အချိန်မှာကော အများကောင်းကျိုး ဘာတွေများ လုပ်နေသလဲ။ ဒါကို ပြန်ပြီးသုံးသပ်ပါ။ငယ်ဘဝ ဆိုတာပြန်မရနိုင်ဘူး။ ငယ်ဘဝ ကထဲက စိတ်မလေဘဲ လူမှုကောင်းကျိုးတွေကို နိုင်သလောက်လုပ်ပေးခဲ့ရင် ကြီးဘဝမှာငြိမ်းချမ်းမှာ အသေအချာဘဲ”လို့ ဆုံးမထားတာတွေ့ရပါတယ်။
ဒါ့အပြင် ဦးကျော်သူက ပြန်မရနိုင်တော့တဲ့ ငယ်ဘဝကို လွမ်းဆွတ်တမ်းတရင်းနဲ့ “ငယ်ဘဝ မှာ “လူငယ်” ဆိုတဲ့ ပညတ်ကိုခုတုံးလုပ်ပြီး ကဲချင်သလိုကဲ၊ဆိုးချင်သလိုဆိုး၊မိုက်ချင်သလိုမိုက်ခဲ့ကြရင်တော့ ကြီးလာတဲ့အချိန်ရောက်ရင် ကောင်းမှုတွေကိုပြန်အဖတ်ဆယ်ရတာ မောပါ့ကွာ…မောပါ့။ဒါဟာ….ငါ ပြန်မရနိုင်တော့တဲ့ငါ့ဘဝနဲ့ရင်းပြီး ခံစားခဲ့ရတဲ့ဖြစ်ရပ်ဟောင်းတွေ၊ လုပ်ရပ်ဟောင်းတွေရဲ့ပြစ်ချက်၊ ဆိုးချက်တွေပါ။ဒါကို အထူး တိကျ သေချာ လေးနက်စွာ သင်ခန်းစာယူကြပါစို့ လူငယ်အပေါင်းတို့…။မေတ္တာ စေတနာ အရင်းခံလျက် သက်ရှည်ကျန်းမာချမ်းသာ သောကကင်းကြပါစေ ကျော်သူ”လို့ ဘဝရဲ့ ရင်းပြီး ခံစားရတာတွေကို ရင်ဖွင့်ထားတာလည်းတွေ့ရပါတယ်။ ပရိသတ်တွေက comment ထဲမှာ ငယ်ငယ်ကတည်းက ယောက်ျားပီသချောမောတဲ့ ကျော်သူကို ချီးကျူးတဲ့ comment လေးတွေရေးထားကြတာကိုလည်းတွေ့ရပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဦးကျော်သူကိုချစ်ကြလား။ ဦးကျော်သူရဲ့ငယ်ငယ်တုန်းက ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ဖြစ်ကြလား။ ဦးကျော်သူရဲ့နောက်ထပ်အနုပညာအလုပ်တွေကိုရော ဆက်လက်အားပေးကြမှာလား။ပြောခဲ့ၾကပါဦး။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*