လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ဓာတ်ပုံကို ချပြလိုက်တဲ့ Mဆိုင်းလူ
M Seng Lu ဟာဆိုရင် Professional runway model တစ်ဦးဖြစ်ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားတဲ့ ထိပ်တန်းမော်ဒယ်တစ်ဦးလည်းဖြစ်ပါတယ်။ Mဆိုင်းလူဟာ နိုင်ငံတကာ ဖက်ရှင်ပြိုင်ပွဲတွေရဲ့ ဖိတ်ကြားခြင်းခံရတဲ့ မော်ဒယ်တစ်ဦးဖြစ်ပြီး ဝတ်လိုက်တဲ့ ဖက်ရှင်တိုင်းက နိုင်ငံတကာက ဖက်ရှင်အသိုင်းအဝိုင်းတွေက စောင့်ကြည့်ပြီး မှတ်ချက်ပေးခြင်းတွေခံရသူလည်းဖြစ်ပါတယ်။ ထိပ်တန်းမော်ဒယ်တစ်ဦးဖြစ်ပေမယ့် ကိန်းကြီးခန်းကြီးမရှိပဲ ပေါ့ပေါ့ပါးပါးနေထိုင်တတ်ပြီးချစ်ဖို့ကောင်းလွန်းတဲ့ M Seng Lu ကို ပရိသတ်တွေက သည်းသည်းလှုပ်ချစ်နေရတယ်ဆိုရင်လည်းမမှားပါဘူး။
M Seng Lu ဟာ ရောက်ရာအရပ်မှာ ပျော်အောင်နေတတ်သူလေးဖြစ်ပြီးပေါင်းသင်းဆက်ဆံရေးလည်းကောင်းလို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေတွေရဲ့ ချီးကျူးမှုကိုလည်းခံရသူတစ်ဦးပါ။ အခုလတ်တလောမှာ ဖြစ်ပေါ်နေတဲ့ covid-19 ကပ်ရောဂါကြီးကြောင့် လူတိုင်းဟာ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေရပြီး အပြင်မထွက်ရလို့ လူတော်တော်များများက ပျင်းရိငြီးငွေ့နေကြပေမယ့် Mဆိုင်းလူကတော့ အိမ်ထဲမှာပဲ အိန္ဒြေရရ tiktok လေးတွေရိုက်၊ အကဗီဒီယိုတွေရိုက်ပြီး ပျော်ရွှင်နေတတ်သူလေးဖြစ်ပါသေးတယ်။ M ဆိုင်းလူရဲ့ Tiktok video တွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး ပရိသတ်တွေဝိုင်းချစ်တာခံနေရတာလည်းဖြစ်ပါတယ်။
မကြာသေးမီက M Seng Lu က သူမရဲ့ လူမှုကွန်ယက်ကနေ ပရိသတ်တွေကို ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတစ်ပုံချပြလာခဲ့ပါတယ်။ အဲဒီဓာတ်ပုံလေးကတော့ လုလုငယ်စဉ်ဘဝက ဓာတ်ပုံလေးဖြစ်ပြီး ဓာတ်ပုံမှာ 2009 ခုနှစ်လို့ ရေးထားတာကြောင့် လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ဓာတ်ပုံလေးပါ။ ဆံပင်ဘေးခွဲကို ကလစ်လေးထိုးထားပြီး ပါးဖောင်းဖောင်းလေးနဲ့ ကင်မရာကိုကြည့်နေခဲ့တဲ့ ကလေးမလေးဟာ အခုလို လှသွေးကြွယ်ပြီးချစ်စရာကောင်းတဲ့ ကောင်မလေးအဖြစ်ကြီးပြင်းလာပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်းမော်ဒယ်တစ်ဦးဖြစ်နေခဲ့တာဟာ အံ့သြစရာပဲလို့ဆိုရမှာပါ။ ပရိသတ်တွေကတော့ လုလုရဲ့ ဓာတ်ပုံလေးအောက်မှာ ချစ်တဲ့ comment လေးတွေပေးထားကြတာတွေ့ရပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော M Seng Lu ကို ချစ်ကြလား။ လုလုကိုချစ်ရင် ကျန်းမာရေးဝန်ထမ်းတွေကိုတစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့ လုလုလိုပဲ အိမ်ပြင်မထွက်ပဲ အိမ်ထဲမှာပဲပျော်စရာလေးတွေဖန်တီးပြီးနေကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်နော်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*