ငယ်ငယ်တုန်းက မပြည့်စုံတဲ့ဘဝကို ရင်ဖွင့်လာတဲ့ ပိုင်တံခွန်

ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံတွင်သာမက အခြားသော အိမ်နီးချင်း နိုင်ငံတွေမှာလည်း အားပေးမှုကို ရရှိထားပြီး ထိုင်းနိုင်ငံမှာဆိုရင်လည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ အောင်မြင်နေတဲ့ အနုပညာရှင် တယောက်လည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့သူ့ရဲ့ ပရိသတ်တွေအတွက် အမြဲ သူ့ရဲ့ အမိုက်စား ဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေ ကိုသူ့ရဲ့လူမှုကွန်ယက်မှာ တင်ပေးလေ့ရှိပြီး ပရိသတ်တွေရဲ့အသည်းကိုညှို့ယူတတ်သူပါ။ထိုင်းနိုင်ငံမှာ ပရိသတ်အခိုင်အမာရထားပြီး ထိုင်းတစ်နိုင်ငံလုံးရဲ့ တခဲနက်အားပေးမှုတွေရထားတဲ့ ပိုင်တံခွန်က ထိုင်းနဲ့ မြန်မာကို သွားလိုက်လာလိုက်နဲ့အနုပညာလုပ်ငန်းတွေလုပ်ဆောင်နေသူပါ။ ပိုင်တံခွန်ဟာ ဘာသာတရားကိုင်းရှိုင်းပြီး အလှူရေစက်လက်နဲ့မကွာအောင် အလှူတွေပြုတတ်သူတစ်ဦးလည်းဖြစ်သလို လူကြီးမိဘကို သိတတ်တဲ့ သားလိမ္မာလေးတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေကို ကြင်နာပြီး စိတ်ချမ်းသာအောင်ထားတတ်တဲ့ အနုပညာရှင်တစ်ဦးပါ။ မကြာသေးမီကလည်း ပိုင်တံခွန်က သူ့ရဲ့လူမှုကွန်ယက်မှာ သူ့ရဲ့ ငယ်ဘဝအကြောင်းကို ရင်ဖွင့်လာခဲ့ြ့ပီး ပရိသတ်တွေကို သူ့ဘဝနဲ့ ယှဉ်ပြီး အားပေးထားခဲ့တာလည်းတွေ့ရပါတယ်။

ပိုင်တံခွန်က သူငယ်ငယ်တုန်းက ခမောက်ကြီးကျေးရွာမှာနေခဲ့ကြောင်း “နှစ်ဆန်းတစ်ရက်နေ့မှာ အဖေအမေကိုကန်တော့ဖို့ အမေ့အိမ်သွားရင်း ငယ်တုန်းက ပုံလေးတွေ အမှတ်တရ ရှာခဲ့တာ။ အဲဒီအချိန်က‌တော့ ခမောက်ကြီးဆိုတဲ့ တောရွာလေးပေါ့ ဒါကြောင့် ကျနော့်ကို တောသားလို့‌ခေါ် တိုင်း ငယ်ဘဝကို လွမ်းလို့ အမြဲတမ်း ပြုံးမိတယ်။ အခုတော့ ကျနော်ကြီးပြင်းတဲ့ဒေသလေးက လမ်းတွေ ကောင်းပြီး ပိုလို့တောင်နေချင်စရာကောင်းတဲ့ ခမောက်ကြီးမြို့လေးဖြစ်နေပြီ”လို့ ပြောပြထားခဲ့ပါတယ်။ ဒါ့အပြင် မပြည့်စုံတဲ့ဘဝမှာ နေရလို့ စိတ်အားမငယ်ဖို့လည်း “မပြည့်စုံတဲ့ ဘဝကိုပိုင်ဆိုင်ထားလို့ စိတ်မရှုပ်နဲ့နော် အားလည်းမငယ်နဲ့ အရာရာပြည့်စုံနေတဲ့ဘဝထက် မပြည့်စုံတဲ့ဘဝကို ပြည့်စုံအောင်ဖြည့်ဆည်းရတဲ့ဘဝက ရှင်သန်ရတာပိုပြီးတန်ဖိုးရှိပါတယ်။ Fighting”လို့လည်း ပရိသတ်တွေကို အားပေးထားတာတွေ့ရပါတယ်။ ပိုင်တံခွန်က ငယ်ဘဝက ဓာတ်ပုံလေးတွေနဲ့အတူ အဲဒီစာလေးကိုတင်ထားခဲ့တာပါ။

ပိုင်တံခွန်ရဲ့ ငယ်ဘဝက ဓာတ်ပုံလေးတွေမှာ ငယ်ငယ်ထဲက ချောပြီး ချစ်ဖို့ကောင်းတဲ့ ကလေးလေးကို အသည်းယားစရာမြင်တွေ့ရမှာပါ။ ပိုင်တံခွန်က ငယ်ငယ်ကတည်းက အနုပညာဗီဇရှိပြီး ကျောင်းကပွဲတွေ စုံညီပွဲတော်တွေမှာ ကပြဖျော်ဖြေခဲ့တဲ့ဓာတ်ပုံလေးတွေကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် ပိုင်တံခွန်က ပညာလည်းထူးချွန်ပြီး ထူးချွန်ဆုပေးပွဲမှာ ဆုတက်ယူရတဲ့ ကျောင်းသားလေးလည်းဖြစ်ခဲ့ပါသေးတယ်။ ပရိသတ်တွေက ပိုင်တံခွန်ရဲ့ ပိုစ့်အောက်မှာ အခုလိုငယ်ဘဝကို ရဲရဲဝံ့ဝံ့ထုတ်ပြတဲ့အတွက် ချီးကျူးတဲ့ comment လေးတွေပေးထားကြပြီး ပရိသတ်တွေကို အားပေးတတ်တဲ့ စိတ်ကလေးကိုလည်း ဝိုင်းချစ်နေကြတာတွေ့ရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ပိုင်တံခွန်ရဲ့ ငယ်ဘဝက ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးရော ပိုင်တံခွန်ကိုချစ်ကြလား။ ကပ်ကြီးပြီးရင်ပိုင်တံခွန်ရဲ့အနုပညာအသစ်အသစ်တွေကို အားပေးဖို့အသင့်ပဲလား။ ဒီကပ်ကြီးမပြီးဆုံးခင်မှာလည်း ကျန်းမာရေးဝန်ထမ်းတွေကို ကူညီတဲ့အနေနဲ့ ကူးစက်ရောဂါကွင်းဆက်ပြတ်အောင် အိမ်ထဲမှာပဲနေကြဖို့နဲ့ မလိုအပ်ပဲအပြင်မထွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Zawgyi

ပိုင္တံခြန္ကေတာ့ လက္႐ွိမွာ ျမန္မာႏိုင္ငံတြင္သာမက အျခားေသာ အိမ္နီးခ်င္း ႏို္င္ငံေတြမွာလည္း အားေပးမႈကို ရ႐ွိထားၿပီး ထိုင္းနုို္င္ငံမွာဆုိရင္လည္း ပရိသတ္အခိုင္အမာရရွိထားတဲ့ ေအာင္ျမင္ေနတဲ့ အႏုပညာ႐ွင္ တေယာက္လည္း ျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့သူ႔ရဲ႕ ပရိသတ္ေတြအတြက္ အျမဲ သူ႔ရဲ႕ အမိုက္စား ဓာတ္ပံုေလးေတြ ဗီဒီယုိေလးေတြ ကုိသူ႔ရဲ႕လူမႈကြန္ယက္မွာ တင္ေပးေလ့ရွိျပီး ပရိသတ္ေတြရဲ႕အသည္းကုိညိွဳ႕ယူတတ္သူပါ။ထုိင္းနို္င္ငံမွာ ပရိသတ္အခိုင္အမာရထားျပီး ထုိင္းတစ္နို္င္ငံလံုးရဲ႕ တခဲနက္အားေပးမႈေတြရထားတဲ့ ပိုင္တံခြန္က ထုိင္းနဲ႔ ျမန္မာကုိ သြားလုိက္လာလိုက္နဲ႔အနုပညာလုပ္ငန္းေတြလုပ္ေဆာင္ေနသူပါ။
ပို္င္တံခြန္ဟာ ဘာသာတရားကုိင္းရိႈင္းျပီး အလွဴေရစက္လက္နဲ႔မကြာေအာင္ အလွွဴေတြျပဳတတ္သူတစ္ဦးလည္းျဖစ္သလို လူၾကီးမိဘကုိ သိတတ္တဲ့ သားလိမၼာေလးတစ္ဦးလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြကုိ ၾကင္နာျပီး စိတ္ခ်မ္းသာေအာင္ထားတတ္တဲ့ အနုပညာရွင္တစ္ဦးပါ။ မၾကာေသးမီကလည္း ပုိင္တံခြန္္က သူ႔ရဲ႕လူမႈကြန္ယက္မွာ သူ႕ရဲ႕ ငယ္ဘဝအေၾကာင္းကို ရင္ဖြင့္လာခဲ့ျ့ပီး ပရိသတ္ေတြကုိ သူ႔ဘဝနဲ႔ ယွဥ္ျပီး အားေပးထားခဲ့တာလည္းေတြ႕ရပါတယ္။

ပုိင္တံခြန္က သူငယ္ငယ္တုန္းက ခေမာက္ၾကီးေက်းရြာမွာေနခဲ့ေၾကာင္း “ႏွစ္ဆန္းတစ္ရက္ေန႔မွာ အေဖအေမကိုကန္ေတာ့ဖို႔ အေမ့အိမ္သြားရင္း ငယ္တုန္းက ပုံေလးေတြ အမွတ္တရ ရွာခဲ့တာ။ အဲဒီအခ်ိန္က‌ေတာ့ ခေမာက္ႀကီးဆိုတဲ့ ေတာ႐ြာေလးေပါ့ ဒါေၾကာင့္ က်ေနာ့္ကို ေတာသားလို႔‌ေခၚ တိုင္း ငယ္ဘဝကို လြမ္းလို႔ အၿမဲတမ္း ၿပဳံးမိတယ္။ အခုေတာ့ က်ေနာ္ႀကီးျပင္းတဲ့ေဒသေလးက လမ္းေတြ ေကာင္းၿပီး ပိုလို႔ေတာင္ေနခ်င္စရာေကာင္းတဲ့ ခေမာက္ႀကီးၿမိဳ႕ေလးျဖစ္ေနၿပီ”လို႔ ေျပာျပထားခဲ့ပါတယ္။ ဒါ့အျပင္ မျပည့္စံုတဲ့ဘဝမွာ ေနရလို႔ စိ္တ္အားမငယ္ဖို႔လည္း “မျပည့္စုံတဲ့ ဘဝကိုပိုင္ဆိုင္ထားလို႔ စိတ္မရႈပ္နဲ႔ေနာ္ အားလည္းမငယ္နဲ႔ အရာရာျပည့္စုံေနတဲ့ဘဝထက္ မျပည့္စုံတဲ့ဘဝကို ျပည့္စုံေအာင္ျဖည့္ဆည္းရတဲ့ဘဝက ရွင္သန္ရတာပိုၿပီးတန္ဖိုးရွိပါတယ္။ Fighting”လို႔လည္း ပရိသတ္ေတြကုိ အားေပးထားတာေတြ႕ရပါတယ္။ ပုိင္တံခြန္က ငယ္ဘဝက ဓာတ္ပံုေလးေတြနဲ႔အတူ အဲဒီစာေလးကုိတင္ထားခဲ့တာပါ။

ပိုင္တံခြန္ရဲ႕ ငယ္ဘဝက ဓာတ္ပံုေလးေတြမွာ ငယ္ငယ္ထဲက ေခ်ာျပီး ခ်စ္ဖို႔ေကာင္းတဲ့ ကေလးေလးကုိ အသည္းယားစရာျမင္ေတြ႕ရမွာပါ။ ပုိင္တံခြန္က ငယ္ငယ္ကတည္းက အနုပညာဗီဇရွိျပီး ေက်ာင္းကပြဲေတြ စံုညီပြဲေတာ္ေတြမွာ ကျပေဖ်ာ္ေျဖခဲ့တဲ့ဓာတ္ပံုေလးေတြကုိလည္းေတြ႕ရပါတယ္။ ဒါ့အျပင္ ပုိင္တံခြန္က ပညာလည္းထူးခြ်န္ျပီး ထူးခြ်န္ဆုေပးပြဲမွာ ဆုတက္ယူရတဲ့ ေက်ာင္းသားေလးလည္းျဖစ္ခဲ့ပါေသးတယ္။ ပရိသတ္ေတြက ပိုင္တံခြန္ရဲ႕ ပုိစ့္ေအာက္မွာ အခုလိုငယ္ဘဝကုိ ရဲရဲဝံ့ဝံ့ထုတ္ျပတဲ့အတြက္ ခ်ီးက်ဴးတဲ့ comment ေလးေတြေပးထားၾကျပီး ပရိသတ္ေတြကုိ အားေပးတတ္တဲ့ စိတ္ကေလးကုိလည္း ဝုိင္းခ်စ္ေနၾကတာေတြ႕ရပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ ပုိင္တံခြန္ရဲ႕ ငယ္ဘဝက ဓာတ္ပံုေလးေတြကုိ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပရိသတ္ၾကီးေရာ ပိုင္တံခြန္ကုိခ်စ္ၾကလား။ ကပ္ၾကီးျပီးရင္ပုိင္တံခြန္ရဲ႕အနုပညာအသစ္အသစ္ေတြကုိ အားေပးဖို႔အသင့္ပဲလား။ ဒီကပ္ၾကီးမျပီးဆံုးခင္မွာလည္း က်န္းမာေရးဝန္ထမ္းေတြကုိ ကူညီတဲ့အေနနဲ႔ ကူးစက္ေရာဂါကြင္းဆက္ျပတ္ေအာင္ အိမ္ထဲမွာပဲေနၾကဖို႔နဲ႔ မလိုအပ္ပဲအျပင္မထြက္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*