ငယ်ငယ်တုန်းက ဓာတ်ပုံလေးတွေ အလွမ်းပြေထုတ်ပြလိုက်တဲ့ Rဇာနည်

Rဇာနည်ဟာ တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေကြားထဲမှာ သည်းသည်းလှုပ်အချစ်ခံရပြီး ရေပန်းစားခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ Rဇာနည်ရဲ့ အညို့အငင်ဆွဲအားကောင်းတဲ့ အသံပါဝါနဲ့ သီချင်းကောင်းတွေဟာလည်း ပရိသတ်တွေရဲ့နှလုံးသားကို အပိုင်သိမ်းနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးက ဝိုင်းချစ်ရတဲ့အဆိုတော်တစ်ဦးဖြစ်ခဲ့သလို အခုလက်ရှိအချိန်အထိလည်း အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးလို့ဆိုရမှာပါ။

Rဇာနည်က လက်ရှိမှာတော့ တစ်သက်လုံးအနားမှာ အေးအတူပူအမျှလက်တွဲလာတဲ့ ချစ်ဇနီးဝမ်းနဲ့အတူ ချစ်ချစ်တုန်နဲ့ ဖစ်ဖစ်တုန်သားလေးနှစ်ယောက်အပြင် မကြာခင်မှာ မွေးဖွားလာတော့မယ့် သမီးလေးကိုယ်ဝန်နဲ့ ပျော်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ Rဇာနည်က မကြာသေးမီက သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကို ပရိသတ်တွေပြန်လွမ်းသွားစေမယ့် ပို့စ်လေးတစ်ခုတင်ထားခဲ့ပါတယ်။ အဲဒီ ပို့စ်ကတော့ Rဇာနည်ငယ်ငယ်တုန်းက ဓာတ်ပုံလေးတွေပါ။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ အဆိုတော်ဖြစ်စက ဓာတ်ပုံလေးတွေကိုတင်ထားခဲ့ပြီး “ငယ်ငယ်တုန်းကသေးသေးလေးနော် ပိန်တာလဲ အရိုးရယ်”လို့ရေးထားခဲ့ပါသေးတယ်။ ဓာတ်ပုံလေးတွေထဲမှာ ငယ်ငယ်တုန်းက ပျိုမေတွေ အသည်းခိုက်အောင် ကြွေခဲ့ရတဲ့ ချောမောပြီး ကပိုကရိုစတိုင်လေးနဲ့ အမိုက်စား Rဇာနည်ကို ပြန်မြင်ရမှာဖြစ်ပြီး အဲဒီအချိန်ကတည်းက ဘေးမှာရှိပေးခဲ့တဲ့ ဝမ်းကိုလည်းတွေ့ရမှာပါ။ Rဇာနည်ရဲ့ ပိုစ့်လေးအောက်မှာ ပရိသတ်တွေက အရင်အချိန်တွေကို လွမ်းဆွတ်တဲ့အကြောင်း comment လေးတွေပေးထားခဲ့တာကိုလည်းတွေ့ရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် Rဇာနည် ငယ်စဉ်က ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးရော Rဇာနည်ကိုချစ်ကြလား။ Rဇာနည်ရဲ့ နောက်ထပ်သီချင်းအသစ်တွေထွက်လာရင်ရော အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

Zawgyi

Rဇာနည္ဟာ တစ္ေခတ္တစ္ခါက နႈတ္ခမ္းနီမေလးေတြၾကားထဲမွာ သည္းသည္းလႈပ္အခ်စ္ခံရျပီး ေရပန္းစားခဲ့တဲ့ အဆုိေတာ္တစ္ဦးျဖစ္ပါတယ္။ Rဇာနည္ရဲ႕ အညိဳ႕အငင္ဆြဲအားေကာင္းတဲ့ အသံပါဝါနဲ႔ သီခ်င္းေကာင္းေတြဟာလည္း ပရိသတ္ေတြရဲ႕နွလံုးသားကုိ အပိုင္သိမ္းနုိင္ခဲ့ျပီး တစ္နုိင္ငံလံုးက ဝုိင္းခ်စ္ရတဲ့အဆိုေတာ္တစ္ဦးျဖစ္ခဲ့သလို အခုလက္ရွိအခ်ိန္အထိလည္း ေအာင္ျမင္မႈကို ဆက္လက္ထိန္းသိမ္းထားနုိင္တဲ့ အနုပညာရွင္တစ္ဦးလို႔ဆိုရမွာပါ။

Rဇာနည္က လက္ရွိမွာေတာ့ တစ္သက္လံုးအနားမွာ ေအးအတူပူအမွ်လက္တြဲလာတဲ့ ခ်စ္ဇနီးဝမ္းနဲ႔အတူ ခ်စ္ခ်စ္တုန္နဲ႔ ဖစ္ဖစ္တုန္သားေလးနွွစ္ေယာက္အျပင္ မၾကာခင္မွာ ေမြးဖြားလာေတာ့မယ့္ သမီးေလးကုိယ္ဝန္နဲ႔ ေပ်ာ္စရာမိသားစုေလးကုိ ပုိင္ဆိုင္ထားတာလည္းျဖစ္ပါတယ္။ Rဇာနည္က မၾကာေသးမီက သူ႔ရဲ႕ လူမႈကြန္ယက္ေပၚမွာ လြန္ခဲ့တဲ့ဆယ္စုနွစ္တစ္ခုကို ပရိသတ္ေတြျပန္လြမ္းသြားေစမယ့္ ပုိ႔စ္ေလးတစ္ခုတင္ထားခဲ့ပါတယ္။ အဲဒီ ပုိ႔စ္ကေတာ့ Rဇာနည္ငယ္ငယ္တုန္းက ဓာတ္ပံုေလးေတြပါ။

လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာ အဆိုေတာ္ျဖစ္စက ဓာတ္ပံုေလးေတြကုိတင္ထားခဲ့ျပီး “ငယ္ငယ္တုန္းကေသးေသးေလးေနာ္ ပိန္တာလဲ အ႐ိုးရယ္”လို ႔ေရးထားခဲ့ပါေသးတယ္။ ဓာတ္ပံုေလးေတြထဲမွာ ငယ္ငယ္တုန္းက ပ်ိဳေမေတြ အသည္းခိုက္ေအာင္ ေၾကြခဲ့ရတဲ့ ေခ်ာေမာျပီး ကပုိကရိုစတုိင္ေလးနဲ႔ အမိုက္စား Rဇာနည္ကုိ ျပန္ျမင္ရမွာျဖစ္ျပီး အဲဒီအခ်ိန္ကတည္းက ေဘးမွာရွိေပးခဲ့တဲ့ ဝမ္းကုိလည္းေတြ႕ရမွာပါ။ Rဇာနည္ရဲ႕ ပိုစ့္ေလးေအာက္မွာ ပရိသတ္ေတြက အရင္အခ်ိန္ေတြကုိ လြမ္းဆြတ္တဲ့အေၾကာင္း comment ေလးေတြေပးထားခဲ့တာကုိလည္းေတြ႕ရပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ Rဇာနည္ ငယ္စဥ္က ဓာတ္ပံုေလးေတြကုိ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပရိသတ္ၾကီးေရာ Rဇာနည္ကုိခ်စ္ၾကလား။ Rဇာနည္ရဲ႕ ေနာက္ထပ္သီခ်င္းအသစ္ေတြထြက္လာရင္ေရာ အားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*