Quarantine ဝင်ပြီး ဆေးစစ်ချက်အဖြေထွက်လာပြီဖြစ်တဲ့ ဇော်ဝင်းထွဋ်

အခုလို Covid-19 ရဲ့ ခြိမ်းခြောက်မှုကို တစ်ကမ္ဘာလုံး ခံနေရတဲ့ အချိန်ကာလကြီးမှာ ကူးစက်ရောဂါပြန့်ပွားမှုနှုန်းလျော့ကျစေရေး ရောဂါကွင်းဆက်ပြတ်စေရေးအတွက် အစိုးရရဲ့ လမ်းညွှန်ချက်တွေအပြင် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း အဓိကကျတဲ့နေရာမှာပါဝင်နေပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီတဲ့အနေနဲ့ ရောဂါမရှိသူတွေကလည်း ကိုယ့်အိမ်ထဲမှာပဲကိုယ်နေနေကြပြီဖြစ်သလို ရောဂါရှိသူတွေနဲ့ အချိန်ခဏလေးပဲဖြစ်ဖြစ် နီးစပ်မှုရှိခဲ့သူတွေအနေနဲ့လည်း ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် Q ဝင်နေကြတာကိုတွေ့ရပါတယ်။ ပြည်သူတွေချစ်တဲ့ ဦးညီထွဋ်ကတော့ မကြာသေးမီရက်ပိုင်းကပဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် quarantine ဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဦးညီထွဋ် Q ဝင်ပြီး ရက်အနည်းငယ်အကြာမှာပဲ ဦးညီထွဋ်ရဲ့ အမေဖြစ်သူ အဆိုတော်ထားနဲ့ ပတ်သက်ပြီး ကောလဟလတွေထွက်လာခဲ့တာကြောင့် ပရိသတ်တွေအတော်များများ စိုးရိမ်ပူပန်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဦးညီထွဋ်ရဲ့ သမီးဖြစ်သူ ဝင်းထွဋ်တာရာက သတင်းတွေဟာ မဟုတ်မမှန်ကြောင်း ဖြေရှင်းပေးခဲ့တာကြောင့် ပရိသတ်တွေ စိတ်သက်သာရာရခဲ့ကြတယ်ဆိုရမှာပါ။ ဒါပေမယ့် ဦးညီၤထွဋ်ရဲ့ ကျန်းမာရေးအတွက်တော့ ရတက်မအေးဖြစ်နေကြရဆဲပါ။ ဦးညီထွဋ်ဟာ နေထိုင်မကောင်းခြင်းမရှိပဲ ကျန်းမာရေးဒေါင်ဒေါင်မြည်အနေအထားနဲ့ Q ဝင်သွားခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

အခုတော့ စိုးရိမ်ပူပန်နေတဲ့ ပရိသတ်တွေအတွက် ရင်ထဲက အလုံးကြီးကျသွားစေမယ့် ဝမ်းသာစရာသတင်းပေါ်ထွက်လာခဲ့ပါပြီ။ အဲဒါကတော့ မကြာသေးမီက ဦးညီထွဋ်ရဲ့သမီးဖြစ်သူ ဝင်းထွဋ်တာရာက သူမရဲ့ လူမှုကွန်ယက်မှာ ဦးညီထွဋ်ရဲ့ ဆေးစစ်ချက်အဖြေထွက်လာပြီဖြစ်ကြောင်းနဲ့ အဖြေက Negative ဖြစ်ကြောင်း ပရိသတ်တွေကို ဝမ်းမြောက်စွာ အသိပေးလာခဲ့ပါတယ်။ ဝင်းထွဋ်တာရာက သူမရဲ့ လူမှုကွန်ယက်မှာ “မနေ့ မနက်က လာစစ်ပေးသွားတယ်ဆိုကတည်းက တစ်အိမ်လုံး ရင်ခုန်နေကြတာ အထုတ်ပဲ ပြင်ထားရမလိုလို…ထိုင်ရမလို…ထရမလို…ရယ်ချင်သလိုလို…အိမ်သာပဲ ဝင်ချင်သလိုလိုနဲ့! နှစ်နဲ့ချီကြာသလို ခံစားရတဲ့ တစ်ရက်ပဲ MOHS page ကို Refresh ရတာလဲ သေမလိုပဲ ခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ Negative တဲ့စိတ်ပူပေးကြတဲ့…ဝိုင်းဆုတောင်းပေးကြတဲ့…ကူညီပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်”လို့ ပြောပြထားခဲ့တာဖြစ်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း ဦးညီထွဋ်အတွက် ဝမ်းသာနေကြမယ်ထင်ပါတယ်။ ဒီကပ်ကြီးပြီးရင် ဦးညီထွဋ်ရဲ့ အနုပညာတွေကိုဆက်လက်အားပေးနိုင်ဖို့အတွက် လက်ရှိမှာ အိမ်ထဲမှာပဲနေပြီး ရောဂါကာကွယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

Zawgyi

အခုလို Covid-19 ရဲ႕ ျခိမ္းေျခာက္မႈကုိ တစ္ကမၻာလံုး ခံေနရတဲ့ အခ်ိန္ကာလၾကီးမွာ ကူးစက္ေရာဂါျပန္႔ပြားမႈနႈန္းေလ်ာ့က်ေစေရး ေရာဂါကြင္းဆက္ျပတ္ေစေရးအတြက္ အစုိးရရဲ႕ လမ္းညႊန္ခ်က္ေတြအျပင္ ျပည္သူေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈေတြကလည္း အဓိကက်တဲ့ေနရာမွာပါဝင္ေနပါတယ္။ က်န္းမာေရးဝန္ထမ္းေတြကုိ ကူညီတဲ့အေနနဲ႔ ေရာဂါမရွိသူေတြကလည္း ကုိယ့္အိမ္ထဲမွာပဲကုိုယ္ေနေနၾကျပီျဖစ္သလုိ ေရာဂါရွိသူေတြနဲ႔ အခ်ိန္ခဏေလးပဲျဖစ္ျဖစ္ နီးစပ္မႈရွိခဲ့သူေတြအေနနဲ႔လည္း ကုိယ့္အသိစိ္တ္ဓာတ္နဲ႔ ကုိယ္ Q ဝင္ေနၾကတာကုိေတြ႕ရပါတယ္။ ျပည္သူေတြခ်စ္တဲ့ ဦးညီထြဋ္ကေတာ့ မၾကာေသးမီရက္ပုိင္းကပဲ ကုိယ့္အသိစိတ္ဓာတ္နဲ႔ ကုိယ္ quarantine ဝင္သြားခ့ဲတာလည္းျဖစ္ပါတယ္။

ဦးညီထြဋ္ Q ဝင္ျပီး ရက္အနည္းငယ္အၾကာမွာပဲ ဦးညီထြဋ္ရဲ႕ အေမျဖစ္သူ အဆိုေတာ္ထားနဲ႔ ပတ္သက္ျပီး ေကာလဟလေတြထြက္လာခဲ့တာေၾကာင့္ ပရိသတ္ေတြအေတာ္မ်ားမ်ား စိုးရိမ္ပူပန္ခဲ့ၾကပါေသးတယ္။ ဒါေပမယ့္ ဦးညီထြဋ္ရဲ႕ သမီးျဖစ္သူ ဝင္းထြဋ္တာရာက သတင္းေတြဟာ မဟုတ္မမွန္ေၾကာင္း ေျဖရွင္းေပးခဲ့တာေၾကာင့္ ပရိသတ္ေတြ စိတ္သက္သာရာရခဲ့ၾကတယ္ဆိုရမွာပါ။ ဒါေပမယ့္ ဦးညီၤထြဋ္ရဲ႕ က်န္းမာေရးအတြက္ေတာ့ ရတက္မေအးျဖစ္ေနၾကရဆဲပါ။ ဦးညီထြဋ္ဟာ ေနထုိင္မေကာင္းျခင္းမရွိပဲ က်န္းမာေရးေဒါင္ေဒါင္ျမည္အေနအထားနဲ႔ Q ဝင္သြားခဲ့တာျဖစ္ေၾကာင္းလည္း သိရပါတယ္။

အခုေတာ့ စိုုးရိမ္ပူပန္ေနတဲ့ ပရိသတ္ေတြအတြက္ ရင္ထဲက အလံုးၾကီးက်သြားေစမယ့္ ဝမ္းသာစရာသတင္းေပၚထြက္လာခဲ့ပါျပီ။ အဲဒါကေတာ့ မၾကာေသးမီက ဦးညီထြဋ္ရဲ႕သမီးျဖစ္သူ ဝင္းထြဋ္တာရာက သူမရဲ႕ လူမႈကြန္ယက္မွာ ဦးညီထြဋ္ရဲ႕ ေဆးစစ္ခ်က္အေျဖထြက္လာျပီျဖစ္ေၾကာင္းနဲ႔ အေျဖက Negative ျဖစ္ေၾကာင္း ပရိသတ္ေတြကုိ ဝမ္းေျမာက္စြာ အသိေပးလာခဲ့ပါတယ္။ ဝင္းထြဋ္တာရာက သူမရဲ႕ လူမႈကြန္ယက္မွာ “မေန႔ မနက္က လာစစ္ေပးသြားတယ္ဆိုကတည္းက တစ္အိမ္လုံး ရင္ခုန္ေနၾကတာ အထုတ္ပဲ ျပင္ထားရမလိုလို…ထိုင္ရမလို…ထရမလို…ရယ္ခ်င္သလိုလို…အိမ္သာပဲ ဝင္ခ်င္သလိုလိုနဲ႔! ႏွစ္နဲ႔ခ်ီၾကာသလို ခံစားရတဲ့ တစ္ရက္ပဲ MOHS page ကို Refresh ရတာလဲ ေသမလိုပဲ ခုမွပဲ သက္ျပင္းခ်ႏိုင္ေတာ့တယ္။ Negative တဲ့စိတ္ပူေပးၾကတဲ့…ဝိုင္းဆုေတာင္းေပးၾကတဲ့…ကူညီေပးၾကတဲ့သူေတြ အားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္”လို႔ ေျပာျပထားခဲ့တာျဖစ္ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးလည္း ဦးညီထြဋ္အတြက္ ဝမ္းသာေနၾကမယ္ထင္ပါတယ္။ ဒီကပ္ၾကီးျပီးရင္ ဦးညီထြဋ္ရဲ႕ အနုပညာေတြကုိဆက္လက္အားေပးနုိင္ဖို႔အတြက္ လက္ရွိမွာ အိမ္ထဲမွာပဲေနျပီး ေရာဂါကာကြယ္ၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္ေနာ္။

Be the first to comment

Leave a Reply

Your email address will not be published.


*