မြင်ရသူတိုင်း အားကျမျက်ရည်ဝိုင်းသွားအောင် ရိုလိုက်ပြန်တဲ့ လင်းလင်းနဲ့ ချစ်သုဝေ

ပြည့်သူ့အချစ်တော် အဆိုတော် လင်းလင်းနဲ့ မင်းသမီး အဆိုတော် ချစ်သုဝေ တို့ ဇနီးမောင်နှံလေးကိုတော့ တော်တော်များများ ရင်းနှီးကြပြီး အားပေးကြမယ်ထင်ပါတယ်။ လေးစားအားကျစရာကောင်းတဲ့ သူတို့ဇနီးမောင်နှံလေးကတော့ ဘာ ပကာသနမှ မရှိပဲ အမြဲတမ်းလိုလို ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေတတ်သလို သမီးလေးတွေကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်စောင့်ရှောက်ပြီးကောင်းမွန်စွာမွေးမြူနေတဲ့ မိဘနှစ်ပါးဆိုရင်လည်းမမှားပါဘူး။ လင်းလင်းနဲ့ချစ်သုဝေက သမီးလေးတွေကို တုန်နေအောင်ချစ်သလို အချင်းချင်းလည်း အချစ်ပိုတဲ့ ဇနီးမောင်နှံလေးပါ။ လင်းလင်းက ဇနီးဖြစ်သူကို အရိပ်တကြည့်ကြည့်နဲ့ ဖြစ်ချင်တာမှန်သမျှဖြည့်ဆည်းပေးတတ်သလို ချစ်သုဝေကလည်း နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်ပြီး ပရဟိတလုပ်ငန်းတွေနဲ့ မအားရအောင်ဗျာများနေတဲ့ကြားထဲက အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် အမြဲတမ်းတာဝန်ကျေတတ်သူလည်း ဖြစ်ပါတယ်။

ထရီဇာက အခုရက်ပိုင်းမှာ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့အတူ လိုအပ်တဲ့နေရာတွေအတွက် ဆေးပစ္စည်းတွေအလုံအလောက် လှူဒါန်းနေခဲ့ပြီး အဲဒီလို လှူဒါန်းဖို့ရာ ကိုယ်တိုင်ကိုယ်ကျ ထုပ်ပိုးပြင်ဆင်နေခဲ့တာကြောင့် ပင်ပန်းနေခဲ့ပေမယ့်လည်း ခေတ်နဲ့သစ်လေးအတွက် အမေတာဝန်ကျေဖို့ ထရီဇာက တတ်နိုင်သမျှကြိုးစားပြီး နွေးထွေးမှုတွေပေးနေခဲ့တာကိုလည်းတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်က ထရီဇာက ခေတ်နဲ့သစ်လေးအတွက် စားသောက်စရာတွေ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမွေးပြီး သမီးလေးတွေ အားရပါးရစားနေတဲ့ ဓာတ်ပုံလေးတွေကို ပီတိအဟုန်အပြည့်နဲ့ သူမရဲ့လူမှုကွန်ယက်ပေါ်မှာ မျှဝေထားခဲ့ပါတယ်။ ခေတ်လေးနဲ့သစ်လေးကို လွမ်းနေကြတဲ့ ပရိသတ်တွေကလည်း ထရီဇာရဲ့ ပိုစ့်လေးအောက်မှာ comment တွေဝင်ပေးထားခဲ့ကြပြီး အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်တဲ့ ထရီဇာကို ချီးကျူးထားကြတာလည်းတွေ့ရပါတယ်။

အဲဒီပိုစ့်လေးကို ထရီဇာက “ကပ်ကြီးအတွင်းမှ tre layလက်ရာတစ်ချို့တစ်စက်ကလေးမှမနားရသေးဘူး..လူအားရင် ပါးစပ်နဲ့ဦးနှောက်မအားဘူး…အေး ..stay at homeမှာ ရုပ်ရှင်လေးကြည့် အအေးလေးသောက် တစ်ရက်လောက်တော့နေဖူးချင်တာဟယ် တကယ်ပါ တစ်ယောက်တည်းနော် ဟို ကလောင်သုံးကေးလည်းအနားမရှိပဲဒါမှမဟုတ်လည်း အနားမှာတော့နေ မဂျီ မအီ ဘာdemandမှမလုပ်ပဲနေ ပိုင်သကွာ ဖြစ်ချင်တာလေးတော့ချရေးမယ်လေ ရတယ်မို့လား”ဆိုတဲ့ စာလေးနဲ့ တင်ထားခဲ့တာပါ။ အဲဒီပိုစ့်ထဲမှာ ချစ်ခင်ပွန်းလင်းလင်းက ဟင်းတွေချက်ပြီး ပင်ပန်းသွားတဲ့ ဇနီးဖြစ်သူကို ကြင်ကြင်နာနာနှိပ်ပေးနေတဲ့ ဓာတ်ပုံလေးပါ ပါဝင်ပြီး အဲဒီပုံလေးကိုတော့ “ကိုယ်အရမ်းပင်ပမ်းသွားပြီ ချစ်စရာ tre lay ရဲ့ ဘေပူးလေးပါသူအင်မတန်ချစ်ဖို့ကောင်းအဲ့လိုလေးအမြဲနေ တခါခါ ပေကပ်ကပ် ဘုတုတုတွေမလုပ်နဲ့တော့”လို့ ရေးတင်ထားတာတွေ့ရပါတယ်။ အဲဒီဓာတ်ပုံလေးကို ပရိသတ်တွေက အသည်းယားပြီးအားကျတဲ့ comment လေးတွေပေးထားကြတာကိုလည်းတွေ့ရပါတယ်။ မိန်းကလေးတွေအတွက် ကိုယ့်ကိုကြင်နာပြီးချစ်တဲ့ အမျိုးသားလေးရထားတဲ့ ထရီဇာကတော့ တကယ် အားကျစရာပါပဲ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ချစ်သုဝေတို့မိသားစုလေးကို ချစ်ကြလား။ ပရိသတ်ကြီးလည်း ကပ်ကြီးအတွင်းမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီတဲ့အနေနဲ့ရော ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ပါ တတ်နိုင်သမျှ အိမ်မှာပဲနေပြီး ရောဂါကူးစက်မှုကွင်းဆက်ပြတ်အောင် ကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*