နွစ္ငါးဆယ္ေက်ာ္အတြင္း အျမင့္မားဆံုးျဖစ္လာတဲ့ ရန္ကုန္ျမိဳ႕ အပူခ်ိန္ စံခ်ိ္န္သစ္

နွေရာသီကို ချည်းနင်းဝင်ရောက်လာခဲ့တာ လအနည်းငယ်ရှိပြီဖြစ်တဲ့အလျောက် အခုရက်ပိုင်းတွေမှာ မြန်မာတစ်နိုင်ငံလုံးရဲ့ ဒေသအနှံ့အပြားမှာ အပူချိန်ပြောင်းလွဲမှုတွေကို အနည်းနဲ့အများရင်ဆိုင်ကြုံတွေ့နေကြရမှာပါ။ အခုနောက်ပိုင်းနှစ်တွေမှာ နွေရာသီတွေဟာ ကြာရှည်လာပြီး ဆောင်းပျောက်လုခမန်းဖြစ်နေတာကိုလည်း အားလုံး သတိထားမိကြမယ်ထင်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာတဲ့ ရာသီဥတုကြောင့်လည်း အခြေခံလူတန်းစားတွေ၊ နေပူမရှောင်မိုးရွာမရှောင် အပြင်ထွက်အလုပ်လုပ်ရသူတွေနဲ့ ပြည်သူတွေအားလုံး ရာသီဥတုဒဏ်ကို ပြေးမလွတ်အောင် ခံနေကြရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မကြာသေးမီရက်ပိုင်းမှာ ထူးထူးခြားခြားပိုမိုပူပြင်းလာတာကို တော်တော်များများသတိထားမိကြပြီး ဒါဟာ မြန်မာ့ရိုးရာအတာသင်္ကြန်မကျင်းပလိုက်ရတာကြောင့်များလားလို့ အချို့က ထင်ကြေးပေးမှုတွေရှိခဲ့ပေမယ့် တကယ်တော့ အပူချိန်ပိုမိုပူပြင်းလာတာဟာ စိတ်ထင်တာမဟုတ်ပဲ အမှန်တကယ် အပူချိန်မြင့်တက်လာတာဖြစ်ကြောင်း အစိုးရက ကြေငြာပေးခဲ့ပါပြီ။ သာမန်အားဖြင့် အပူချိန် (၃၇) ဒီဂရီစင်တီဂရိတ်ဝန်းကျင်ခန့်သာရှိနေခဲ့တဲ့ ရန်ကုန်အပူချိန်ဟာ ပြီးခဲ့တဲ့နေ့ (၂၀.၄.၂၀၂၀) ရက်နေ့မှာ ရန်ကုန်(ကမ္ဘာအေး) မိုးလေဝသနဲ့ ဇလဗေဒ တိုင်းတာချက်အရ အပူချိန် (၄၂.၂)ဒီဂရီစင်တီဂရိတ်အထိ တိုးမြင့်လာခဲ့ပြီဖြစ်ကြောင်း MOI Webportal Myanmar page က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

ဒီတိုင်းတာချက်ဟာ စခန်းစဖွင့်တဲ့နှစ်ကနေစပြီး လွန်ခဲ့တဲ့နှစ်ပေါင်း (၅၂) နှစ်အတွင်း တိုင်းတာရသမျှအပူချိန်တွေထဲမှာ အမြင့်ဆုံး အပူချိန်ဖြစ်ကြောင်းလည်းသိရပါတယ်။ MOI ရဲ့ သတင်းထုတ်ပြန်တဲ့ post အောက်မှာ ပြည်သူလူထုက အပူချိန်နဲ့ပတ်သက်ပြီးဆွေးနွေးစကား comment တွေပြောကြားလျက်ရှိကြသလို ဒီလိုအပူချိန်ကြောင့် covid -19 ရောဂါပိုး အမြန်ဆုံးပျောက်ကွယ်သွားဖို့ မျှော်လင့်ကြောင်းရေးသားထားကြတာတွေကိုလည်း တွေ့ရပါတယ်။ဒါပေမယ့် WHO က တရားဝင်ပြောကြားထားချက်တွေအရတော့ ရောဂါပိုးဟာ အပူချိန်မြင့်တဲ့နေရာတွေမှာ မနေနိုင်ဘူးဆိုတာ မဟုတ်မှန်ကြောင်းလည်း သိရပါတယ်။လက်ရှိမှာတော့ covid – 19 ကပ်ရောဂါကြီးကြောင့် အိမ်ထဲမှာပဲနေကြရတဲ့အချိန်မှာ ဒီလိုရာသီဥတုပူပြင်းမှုကြောင့် လေအေးပေးစက်နဲ့ မနေနိုင်တဲ့ အခြေခံလူတန်းစားတွေ အခက်ကြုံနေကြရတာလည်းဖြစ်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း အခုလိုမြင့်တက်လာတဲ့အပူချိန်ကြားမှာ သက်ကြီးရွယ်အိုအနေနဲ့ ပိုဂရုစိုက်နေကြဖို့ နဲ့ ကပ်ရောဂါမကူးစက်အောင်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီတဲ့အနေနဲ့ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေကြဖို့ တိုက်တွန်းပြောကြားလိုက်ရပါတယ်။

Zawgyi

ေႏြရာသီကုိ ခ်ည္းနင္းဝင္ေရာက္လာခဲ့တာ လအနည္းငယ္ရွိျပီျဖစ္တဲ့အေလ်ာက္ အခုရက္ပုိင္းေတြမွာ ျမန္မာတစ္နုိင္ငံလံုးရဲ႕ ေဒသအနွံ႔အျပားမွာ အပူခ်ိန္ေျပာင္းလြဲမႈေတြကုိ အနည္းနဲ႔အမ်ားရင္ဆိုင္ၾကံဳေတြ႕ေနၾကရမွာပါ။ အခုေနာက္ပုိင္းနွစ္ေတြမွာ ေႏြရာသီေတြဟာ ၾကာရွည္လာျပီး ေဆာင္းေပ်ာက္လုခမန္းျဖစ္ေနတာကုိလည္း အားလံုး သတိထားမိၾကမယ္ထင္ပါတယ္။ တစ္နွစ္ထက္တစ္နွစ္ ပုိမိုပူျပင္းလာတဲ့ ရာသီဥတုေၾကာင့္လည္း အေျခခံလူတန္းစားေတြ၊ ေနပူမေရွာင္မိုးရြာမေရွာင္ အျပင္ထြက္အလုပ္လုပ္ရသူေတြနဲ႔ ျပည္သူေတြအားလံုး ရာသီဥတုဒဏ္ကုိ ေျပးမလြတ္ေအာင္ ခံေနၾကရတာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ မၾကာေသးမီရက္ပို္င္းမွာ ထူးထူးျခားျခားပုိမိုပူျပင္းလာတာကုိ ေတာ္ေတာ္မ်ားမ်ားသတိထားမိၾကျပီး ဒါဟာ ျမန္မာ့ရိုးရာအတာသၾကၤန္မက်င္းပလိုက္ရတာေၾကာင့္မ်ားလားလို႔ အခ်ိဳ႕က ထင္ေၾကးေပးမႈေတြရွိခဲ့ေပမယ့္ တကယ္ေတာ့ အပူခ်ိန္ပုိမိုပူျပင္းလာတာဟာ စိတ္ထင္တာမဟုတ္ပဲ အမွန္တကယ္ အပူခ်ိန္ျမင့္တက္လာတာျဖစ္ေၾကာင္း အစိုးရက ေၾကျငာေပးခဲ့ပါျပီ။ သာမန္အားျဖင့္ အပူခ်ိန္ (၃၇) ဒီဂရီစင္တီဂရိတ္ဝန္းက်င္ခန္႔သာရွိေနခဲ့တဲ့ ရန္ကုန္အပူခ်ိန္ဟာ ျပီးခဲ့တဲ့ေန႔ (၂၀.၄.၂၀၂၀) ရက္ေန႔မွာ ရန္ကုန္(ကမၻာေအး) မိုးေလဝသနဲ႔ ဇလေဗဒ တုိင္းတာခ်က္အရ အပူခ်ိန္ (၄၂.၂)ဒီဂရီစင္တီဂရိတ္အထိ တိုးျမင့္လာခဲ့ျပီျဖစ္ေၾကာင္း MOI Webportal Myanmar page က သတင္းထုတ္ျပန္ထားခဲ့ပါတယ္။

ဒီတိုင္းတာခ်က္ဟာ စခန္းစဖြင့္တဲ့နွစ္ကေနစျပီး လြန္ခဲ့တဲ့နွစ္ေပါင္း (၅၂) နွစ္အတြင္း တို္င္းတာရသမွ်အပူခ်ိန္ေတြထဲမွာ အျမင့္ဆံုး အပူခ်ိ္န္ျဖစ္ေၾကာင္းလည္းသိရပါတယ္။ MOI ရဲ႕ သတင္းထုတ္ျပန္တဲ့ post ေအာက္မွာ ျပည္သူလူထုက အပူခ်ိန္နဲ႔ပတ္သက္ျပီးေဆြးေႏြးစကား comment ေတြေျပာၾကားလ်က္ရွိၾကသလို ဒီလိုအပူခ်ိန္ေၾကာင့္ covid -19 ေရာဂါပုိး အျမန္ဆံုးေပ်ာက္ကြယ္သြားဖို႔ ေမ်ွာ္လင့္ေၾကာင္းေရးသားထားၾကတာေတြကုိလည္း ေတြ႕ရပါတယ္။ဒါေပမယ့္ WHO က တရားဝင္ေျပာၾကားထားခ်က္ေတြအရေတာ့ ေရာဂါပုိးဟာ အပူခ်ိန္ျမင့္တဲ့ေနရာေတြမွာ မေနနိုင္ဘူးဆိုတာ မဟုတ္မွန္ေၾကာင္းလည္း သိရပါတယ္။လက္ရွိမွာေတာ့ covid – 19 ကပ္ေရာဂါၾကီးေၾကာင့္ အိမ္ထဲမွာပဲေနၾကရတဲ့အခ်ိန္မွာ ဒီလိုရာသီဥတုပူျပင္းမႈေၾကာင့္ ေလေအးေပးစက္နဲ႔ မေနနို္င္တဲ့ အေျခခံလူတန္းစားေတြ အခက္ၾကံဳေနၾကရတာလည္းျဖစ္ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးလည္း အခုလိုျမင့္တက္လာတဲ့အပူခ်ိန္ၾကားမွာ သက္ၾကီးရြယ္အုိအေနနဲ႔ ပုိဂရုစိုက္ေနၾကဖို႔ နဲ႔ ကပ္ေရာဂါမကူးစက္ေအာင္နဲ႔ က်န္းမာေရးဝန္ထမ္းေတြကုိ ကူညီတဲ့အေနနဲ႔ တတ္နိုင္သမွ် အိမ္ထဲမွာပဲေနၾကဖို႔ တိုက္တြန္းေျပာၾကားလုိက္ရပါတယ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*