Stay at home ကာလမှာအိမ်မှာ အရုပ်ဆက်နေတဲ့ မင်းသားကြီး လွင်မိုး

မြန်မာနိုင်ငံ ရဲ့ နာမည်အကြီးဆုံးမင်းသားကြီး တစ်ယောက်ဖြစ်တဲ့ လွင်မိုးကတော့ လက်ရှိမျာ အသက်အရွယ်တစ်ခုကို ရောက်နေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေနဲ့ အေးအေးချမ်းချမ်း နေနေတာကို တွေ့ရမှာပါ။ လွင်မိုးကတော့ လက်ရှိအချိန်မှာ အနုပညာလုပ်ငန်းတွေကို ခပ်ကြဲကြဲသာ လုပ်ကိုင်တော့ပေမယ့်လည်း ပရိသတ်တွေကတော့ အားပေးနေကြတုန်းပါပဲ

လွင်မိုးကတော့ ယခုဆိုလျှင်တော်တော်များများ အချိန်တွေကို ‌မြေးလေး Liam နဲ့အတူ အချိန်ဖြုန်းလေ့ ရှိပြီး သူ့မြေးလေးကို ဘယ်လောက်ထိချစ်တယ်ဆိုတာလည်း ပရိသတ်တွေက အသိပဲ ဖြစ်ပါတယ်။ အမြဲလိုလို မြေးလေးနဲ့ဆော့နေတဲ့ ဗီဒီယိုတွေ တင်လေ့ရှိပြီး ပရိသတ်တွေရဲ့ အားကျမှုကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။

အခုလည်း လွင်မိုးတစ်ယောက်ကတော့ အိမ်မှာ နေနေရတဲ့အချိန်တွေမှာမပျင်းရအောင် ကလေးလေး တစ်ယောက်လိုမျိုး အရုပ်‌တွေထိုင်ဆက်တော့မယ့် အကြောင်းကို သူ့ဖေ့ဘုတ်အကောင့်မှာ တင်ထားတာ ဖြစ်ပါတယ်။

လွင်မိုးကတော့ “Home stay အတွက် ဒီနေ့စပြီး စိတ်ရှိလက်ရှိ အစိတ်အပိုင်းပေါင်း ၅၀၀ ကျော် အသေအချာ ဖြတ် ကော်ကပ် ဆေးသုတ် စအလုပ်ရှုပ်ပါပြီခင်ဗျာ”ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ လွင်မိုးကတော့ အိမ်မှာနေတဲ့အချိန် တကယ့်ကို လွတ်လွတ်လပ်လပ် စိတ်အပန်း‌ဖြေနေတာ ဖြစ်ပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*