ေဝဖန္တိုက္ခိုက္ေနၾကတာေတြနဲ႔ပတ္သက္ျပီး တုံ႔ျပန္လိုက္တဲ့ ေနေဒြး

နေဒွေးဟာဆိုရင် ဟိုးအရင်နှစ်တွေကတည်းက ပရိသတ်တွေအားပေးတာခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး အခုထိ အောင်မြင်မှုကိုထိန်းထားနိုင်သလို အနုပညာအလုပ်တွေတစိုက်မတ်မတ်လုပ်နေတဲ့ မင်းသားတစ်လက်ဆိုရင်လည်းမမှားပါဘူး။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကစပြီးနေဒွေးနဲ့ ပတ်သက်တဲ့ ကောလလဟတွေက ပရိသတ်တွေကြားထဲမှာ ပျံ့နှံ့ခဲ့တာကြောင့် ဝေဖန်မှုတွေအများအပြားခံခဲ့ရပါသေးတယ်။ နေဒွေးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ သူ့ကို ဝေဖန်တိုက်ခိုက်နေကြတာတွေအပေါ် သဘောထားကို ပြောပြသွားခဲ့ပါတယ်။

နေဒွေးက ဝေဖန်တိုက်ခိုက်တာတွေကို စိတ်ညစ်ဖို့အချိန်ကိုမရှိဘူးလို့ “ဒါက ဒီလိုပါပဲ။ ဝေဖန်တိုက်ခိုက်မှုဆိုတာ ဘယ်နေရာမှာမဆို ကြုံရမှာပဲလေ။ အဓိကကတော့ ဒါတွေကို ကျွန်တော်သင်ခန်းစာယူရမယ်။ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ရမယ်။ပြီးတော့ စိတ်ညစ်တာကိုမရှိဘူး ကျွန်တော့်မှာက စိတ်ညစ်စရာအချိန်မရှိတာ ခက်နေတာ။ ဇာတ်လမ်းတွဲတွေရိုက်ရတယ်။ ပြီးတော့ကျတော့ အလုပ်ပေါ့နော်။ စီးပွားရေးပေါ့။ ဆန်တွေကလည်း အသစ်ပေါ်ပြီဆိုတော့ အဲဒီဘက်မှာလည်း ကျွန်တော်က နည်းနည်းပါးပါး ပြန်ပြီးတော့ ကိုယ့်ရဲ့ စီးပွားရေးအတွက် ငဲ့ပေးရသေးတယ်။ နောက်ထပ်ဇာတ်လမ်းတွဲတွေ Pay per view ဇာတ်လမ်းတွေကလည်း ပြင်ဆင်နေရပြီဆိုတော့ ရှင်းရှင်းပြောရရင် စဉ်းစားချိန်ကိုမရဘူး”လို့ ပြောပြထားပါတယ်။

ဝေဖန်တိုက်ခိုက်မှုတွေက ခေါင်းထဲမှာ Alarm မြည်သလိုပဲလို့လည်း “ကျေးဇူးတင်တယ်လို့ပဲပြောချင်တယ်။ ဘာလို့ဆိုတော့ အဲ့လိုဝေဖန်တိုက်ခိုက်တာတွေမရှိရင် လေနေဦးမယ်ထင်တယ်။ အသိတရားပေါ့။ ခေါင်းလောင်းမြည်သံပေ့ါနော်။ Alarm မြည်တာပေ့ါ။ ငါ့အတွက်ဘာသာရေးတွေပိုလုပ်ရတော့မယ်။အလုပ်ကို ဖိဖိစီးစီးလုပ်ရတော့မယ်။ အဲ့လိုလေးတွေမြင်လာတယ်။ ဝေဖန်တိုက်ခိုက်တယ်ဆိုတာလည်း ကျွန်တော်ဒီအချိန်မှာ ကောင်းတာပြောခံရရင် ကောင်းတာပြောခံရမယ်။ ဆိုးတာပြောခံရရင်ဆိုးတာပြောခံရမယ်။ သွားပြောလို့မရဘူးလေ။ လောကကြီးက ရှိပြီးသားလေ။

ဝေဖန်တိုက်ခိုက်လာပြီဆိုရင် ကိုယ်ပြင်ဆင်စရာရှိတာပြင်ဆင်တယ်။ ဝေဖန်တိုက်ခိုက်တဲ့လူကို သွားမုန်းနေလို့မရဘူး။ ကျွန်တော့်ကိုဆဲနေတဲ့ ပရိသတ်ကိုတစ်ယောက်ချင်းစီသွားမုန်းနေလို့မရဘူးလေ။ လူဆိုတာ သူ့အမြင်နဲ့ သူရှိကြတာပဲလေ။ အကြောင်းစုံမသိတဲ့လူတွေကတော့ မုန်းနေကြမှာပဲ။ အကြောင်းစုံသိတဲ့လူတွေကတော့ အားပေးနှစ်သိမ့်မှုတွေလုပ်နေကြမှာပဲ။ ကျွန်တော်လည်း အဲဒါကြီးကို ထိုင်ကြည့်ပြီးတော့ အချိန်ကုန်မခံနိုင်ဘူးလေ။ ဘဝကြီးက ရှေ့ဆက်နေရမှာပဲ။ ရှေ့ဆက်သွားဖို့ပဲ ကျွန်တော်စဉ်းစားထားပါတယ်”လို့လည်း ဖြေကြားသွားပါတယ်။

Zawgyi

ေနေဒြးဟာဆိုရင္ ဟုိးအရင္နွစ္ေတြကတည္းက ပရိသတ္ေတြအားေပးတာခံရတဲ့ အနုပညာရွင္တစ္ဦးျဖစ္ျပီး အခုထိ ေအာင္ျမင္မႈကုိထိန္းထားနုိင္သလုိ အနုပညာအလုပ္ေတြတစုိက္မတ္မတ္လုပ္ေနတဲ့ မင္းသားတစ္လက္ဆိုရင္လည္းမမွားပါဘူး။ ျပီးခဲ့တဲ့နွစ္ကုန္ပုိင္းေလာက္ကစျပီးေနေဒြးနဲ႔ ပတ္သက္တဲ့ ေကာလလဟေတြက ပရိသတ္ေတြၾကားထဲမွာ ပ်ံ႕နွံ႕ခဲ့တာေၾကာင့္ ေဝဖန္မႈေတြအမ်ားအျပားခံခဲ့ရပါေသးတယ္။ ေနေဒြးက မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ သူ႔ကုိ ေဝဖန္တိုက္ခိုက္ေနၾကတာေတြအေပၚ သေဘာထားကုိ ေျပာျပသြားခဲ့ပါတယ္။

ေနေဒြးက ေဝဖန္တိုက္ခိုက္တာေတြကုိ စိတ္ညစ္ဖို႔အခ်ိန္ကုိမရွိဘူးလို႔ “ဒါက ဒီလိုပါပဲ။ ေဝဖန္တိုက္ခိုက္မႈဆိုတာ ဘယ္ေနရာမွာမဆို ၾကံဳရမွာပဲေလ။ အဓိကကေတာ့ ဒါေတြကုိ ကြ်န္ေတာ္သင္ခန္းစာယူရမယ္။ ျပင္ဆင္သင့္တာေတြ ျပင္ဆင္ရမယ္။ျပီးေတာ့ စိတ္ညစ္တာကုိမရွိဘူး ကြ်န္ေတာ့္မွာက စိတ္ညစ္စရာအခ်ိန္မရွိတာ ခက္ေနတာ။ ဇာတ္လမ္းတြဲေတြရိုက္ရတယ္။ ျပီးေတာ့က်ေတာ့ အလုပ္ေပါ့ေနာ္။ စီးပြားေရးေပါ့။ ဆန္ေတြကလည္း အသစ္ေပၚျပီဆိုေတာ့ အဲဒီဘက္မွာလည္း ကြ်န္ေတာ္က နည္းနည္းပါးပါး ျပန္ျပီးေတာ့ ကုိယ့္ရဲ႕ စီးပြားေရးအတြက္ ငဲ့ေပးရေသးတယ္။ ေနာက္ထပ္ဇာတ္လမ္းတြဲေတြ Pay per view ဇာတ္လမ္းေတြကလည္း ျပင္ဆင္ေနရျပီဆိုေတာ့ ရွင္းရွင္းေျပာရရင္ စဥ္းစားခ်ိန္ကုိမရဘူး”လို႔ ေျပာျပထားပါတယ္။

ေဝဖန္တိုက္ခိုက္မႈေတြက ေခါင္းထဲမွာ Alarm ျမည္သလိုပဲလို႔လည္း “ေက်းဇူးတင္တယ္လို႔ပဲေျပာခ်င္တယ္။ ဘာလို႔ဆိုေတာ့ အဲ့လိုေဝဖန္တိုက္ခိုက္တာေတြမရွိရင္ ေလေနဦးမယ္ထင္တယ္။ အသိတရားေပါ့။ ေခါင္းေလာင္းျမည္သံေပ့ါေနာ္။ Alarm ျမည္တာေပ့ါ။ ငါ့အတြက္ဘာသာေရးေတြပိုလုပ္ရေတာ့မယ္။အလုပ္ကုိ ဖိဖိစီးစီးလုပ္ရေတာ့မယ္။ အဲ့လိုေလးေတြျမင္လာတယ္။ ေဝဖန္တိုက္ခိုက္တယ္ဆိုတာလည္း ကြ်န္ေတာ္ဒီအခ်ိန္မွာ ေကာင္းတာေျပာခံရရင္ ေကာင္းတာေျပာခံရမယ္။ ဆိုးတာေျပာခံရရင္ဆိုးတာေျပာခံရမယ္။ သြားေျပာလို႔မရဘူးေလ။ ေလာကၾကီးက ရွိျပီးသားေလ။

ေဝဖန္တိုက္ခုိက္လာျပီဆိုရင္ ကုိုယ္ျပင္ဆင္စရာရွိတာျပင္ဆင္တယ္။ ေဝဖန္တိုက္ခိုက္တဲ့လူကုိ သြားမုန္းေနလို႔မရဘူး။ ကြ်န္ေတာ့္ကုိဆဲေနတဲ့ ပရိသတ္ကုိတစ္ေယာက္ခ်င္းစီသြားမုန္းေနလို႔မရဘူးေလ။ လူဆိုတာ သူ႔အျမင္နဲ႔ သူရွိၾကတာပဲေလ။ အေၾကာင္းစံုမသိတဲ့လူေတြကေတာ့ မုန္းေနၾကမွာပဲ။ အေၾကာင္းစံုသိတဲ့လူေတြကေတာ့ အားေပးနွစ္သိမ့္မႈေတြလုပ္ေနၾကမွာပဲ။ ကြ်န္ေတာ္လည္း အဲဒါၾကီးကုိ ထုိင္ၾကည့္ျပီးေတာ့ အခ်ိန္ကုန္မခံနုိင္ဘူးေလ။ ဘဝၾကီးက ေရွ႕ဆက္ေနရမွာပဲ။ ေရွ႕ဆက္သြားဖို႔ပဲ ကြ်န္ေတာ္စဥ္းစားထားပါတယ္”လို႔လည္း ေျဖၾကားသြားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*