အိမ်ကတနိုင်တပိုင် စီးပွားရေးလေးကို ပိုက်ဆံရှိရင်တိုးချဲ့မယ်ဆိုတဲ့ ဧရာ

ပရိသတ်တွေကို အမြဲတမ်း ရယ်မောပျော်ရွှင်အောင် လုပ်ပေးနေတဲ့ လူရွှင်တော် သရုပ်ဆောင် ဧရာတယောက်ကတော့ လက်ရှိအချိန်မှာ ဇရာက စကားပြောလာတာကြောင့် ဘဝကို အဆင်ပြေသလို ရုန်းကန်နေရတာ ဖြစ်ပါတယ်။ အနုပညာကို အသွေးအသားထဲက ပါတဲ့ ဧရာတယောက်ကတော့ ရုပ်ရှင်တွေ မရိုက်ရတော့ပေမယ့်လည်း သူတတ်တဲ့ အနုပညာလေးတွေနဲ့ ပရိသတ်တွေကို ချပြနေဆဲဖြစ်ပါတယ်။ ဧရာကတော့ လက်ရှိမှာ ကိုယ်တိုင်ရေးတဲ့ စာအုပ်လေးတွေကို ထုတ်ထားပြီး ကားရိုက်ကြဲနေတာကြောင့်လည်း အိမ်မှာ ဆိုင်လေးဖွင့်စားနေတာ ဖြစ်ပါတယ်။

ဒီအကြောင်းလေးကိုတော့ ဧရာက အင်တာဗျူးမှာ အိမ်မှာ စီးပွားရေး လုပ်နေတာနဲ့ ပတ်သက်ပြီး “တချို့ကျတော့လည်း လာကြတယ် ကလေးရဲ့ လက်ရာကို ကြိုက်လို့ပေါ့ တချို့ကလည်း ဦးကသနားလို့ပေါ့နော်။ လုပ်တော့လုပ်ရတယ် နိုင်တောင် မနိုင်ချင်ဘူး လူငှားတွေဘာတွေခေါ်ပေါ့ ငါလည်းမလုပ်နိုင်ဘူး ပြောရတယ် မိန်းမကဦးစီးပြီး လုပ်နေတာပဲ မင်းတို့ တလှည့်လုပ်ကျွေးကြဦးဆိုပြီးတော့ လွတ်ထားတာပဲ”

အိမ်ကတနိုင်တပိုင် စီးပွားရေးလေးကို ပိုက်ဆံရှိရင်တိုးချဲ့မယ်ဆိုတဲ့ ဧရာ

အိမ်လုပ်ငန်းလေးကိုရော တိုးချဲ့ဖို့မရှိဘူးလားဆိုတဲ့ အပေါ်မှာ “ဆိုင်ခန်းတွေဘာတွေ ဖွင့်ပြီးတော့ သေချာလေးလုပ်ပေါ့ ဒါပေမယ့် လောလောဆယ် ပိုက်ဆံက လက်ထဲမှာ မရှိသေးဘူးလေ။ မရှိသေးတော့ ရှာလိုက်ဖွေလိုက် စုလိုက်ဦးမယ်။ ဇာတ်လမ်းတွဲလေးတွေ ပြောထားတာရှိတယ် ဒါမျိုးရိုက်ရရင်တော့ ဆယ်သိန်းနဲ့ အထက်ထွက်လာရင်တော့ ဆိုင်ခန်းလေးငှားလို့ရပြီ အဲ့ဆိုရင်တော့ ဆိုင်ခန်းလေး ဖွင့်ပေးကြည့်မယ်

အိမ်ကတနိုင်တပိုင် စီးပွားရေးလေးကို ပိုက်ဆံရှိရင်တိုးချဲ့မယ်ဆိုတဲ့ ဧရာ

မိသားစုအတွက် ဒီစီးပွားရေးက ပင်မလို့တော့ ပြောလို့မရပါဘူး နောက်ပြီး ဦးအလုပ်ကလည်း ကျိုကြားကျိုကြား ဖြစ်သွားတော့ နှစ်ခုပေါင်းပြီးတော့ လုပ်နေတာပေါ့ “ဆိုပြီးတော့ ပြောကြားသွားတာ ဖြစ်ပါတယ်။ ပရိသတ်တွေ အနေနဲ့လည်း ဦးဧရာကြီးတယောက် အမြန်ဆုံး အရင်လိုပြန်ပြီးတော့ အဆင်ပြေပြေနေနိုင်ပါစေလို့ ဆုတောင်သွားကြဦးနော်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*