အိမ္ေထာင္ျပဳဖို႔ အစီအစဥ္မရွိေသးဘူးလို႔ ဖြင့္ဟလိုက္တဲ့ ထြန္းထြန္း

ထွန်းထွန်း (Example) ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက် ကတည်းက သီချင်းတွေ များစွာထွက်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားသူဖြစ်ပြီး လက်ရှိမှာဆိုရင်လည်း အောင်မြင်တဲ့ မင်းသား တယောက်အဖြစ်ရပ်တည်နေပြီး ပရိသတ်အခိုင် အမာရရှိထားတာ ဖြစ်ပါတယ်။ ထွန်းထွန်းကတော့ အမြဲတမ်းလိုလို တက်တက်ကြွကြွ ပုံစံနဲ့ ရှိနေတတ်ပြီး ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးနေတတ်တဲ့ သူတယောက်ဆိုလည်း မမှားပါဘူး။

ထွန်းထွန်းက မကြာသေးမီက သူ့ရဲ့လူမှုကွန်ယက်မှာ လူပျိုကြီးဇာတာခွင်အကြောင်းတွေရေးထားတာကြောင့် ပရိသတ်တွေက ကိုကိုထွန်းထွန်းတစ်ယောက် လူပျိုကြီးဇာတာခွင်ထဲရောက်နေတာများလားလို့ သိချင်နေကြတာပါ။ ထွန်းထွန်းက မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ လူပျိုကြီးဇာတာကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြသွားခဲ့သလို အိမ်ထောင်ပြုဖို့အစီအစဉ်မရှိသေးကြောင်းလည်း ဖွင့်ဟသွားခဲ့ပါတယ်။

ထွန်းထွန်းက လူပျိုကြီးဇာတာအကြောင်း ပို့စ်တင်ထားတာနဲ့ ပတ်သက်ပြီး “ဒါကတော့ ခြုံပြီးပြောတာပါ။ ကိုယ့်ကိုယ်ကိုယ်ရယ်လို့တော့မဟုတ်ပါဘူး။ ဒီလိုပဲ အဲ့လိုတွေလွဲချော်နေသမျှကတော့ အဲ့လိုပဲ ဖြစ်နေမှာပဲလို့။ ဒီတိုင်းပါပဲ။ ပေါ့ပေါ့ပါးပါးလေးပဲ ရေးထားတာပါ လျှောက်ရေးထားတာ”လို့ ရယ်မောပြီးပြောထားသလို အချစ်ရေးနဲ့ပတ်သက်ပြီးတော့ “ဘယ်အရာမဆိုကတော့ မဖြစ်နိုင်ဘူး ဖြစ်နိုင်တယ်ကတော့ ယတိပြတ်ကြီးပြောလို့မဖြစ်ဘူးဆိုတော့ ဘာမဆိုဖြစ်နိုင်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်တော့အခုတော့ အဆင်ပြေအောင်နေပါတယ်။အရာအားလုံးကို”လို့ ဖြေကြားထားပါတယ်။

အိမ်ထောင်ပြုဖို့အစီအစဉ်ကိုတော့ ထွန်းထွန်းက “အိမ်ထောင်ပြုဖို့ကတော့ လောလောဆယ်မှာတော့ ဘာအစီအစဉ်မှမရှိသေးပါဘူး။ အလုပ်ကိုပဲ ကောင်းကောင်းလေးလုပ်နေပါတယ်။ ကိုယ့်ဟာကိုယ်လုပ်စရာရှိတာလေးတွေလုပ်တယ်။ သူငယ်ချင်းတွေနဲ့ခရီးထွက်တာပဲဖြစ်ဖြစ်။အဓိကကတော့ သူငယ်ချင်းတွေနဲ့ခရီးထွက်တယ်။ Gym ဆော့တယ်။ အခြားကိစ္စလေးတွေလုပ်ဖြစ်တယ် ဒါပါပဲ။ ထွေထွေထူးထူးမရှိပါဘူး”လို့ ပြောပြထားခဲ့ပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ထွန်းထွန်းကိုချစ်ကြလား။ ကိုကိုထွန်းထွန်းကို လူပျိုကြီးအဖြစ်နဲ့ပဲ ဆက်မြင်ချင်ကြလား။ ဒါမှမဟုတ် အချစ်နဲ့ပျော်ရွှင်နေတာမြင်ချင်ကြပြီလား။ပြောခဲ့ကြပါဦး။

Zawgyi

ထြန္းထြန္း (Example) ဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေလာက္ ကတည္းက သီခ်င္းေတြ မ်ားစြာထြက္ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို အျပည့္အဝ ရရွိထားသူျဖစ္ျပီး လက္ရွိမွာဆိုရင္လည္း ေအာင္ျမင္တဲ့ မင္းသား တေယာက္အျဖစ္ရပ္တည္ေနျပီး ပရိသတ္အခိုင္ အမာရရွိထားတာ ျဖစ္ပါတယ္။ ထြန္းထြန္းကေတာ့ အျမဲတမ္းလိုလို တက္တက္ၾကြၾကြ ပံုစံနဲ႔ ရွိေနတတ္ျပီး ပရိသတ္ေတြနဲ႔လည္း ရင္းရင္းႏွီးႏွီးေနတတ္တဲ့ သူတေယာက္ဆိုလည္း မမွားပါဘူး။

ထြန္းထြန္းက မၾကာေသးမီက သူ႔ရဲ႕လူမႈကြန္ယက္မွာ လူပ်ိဳၾကီးဇာတာခြင္အေၾကာင္းေတြေရးထားတာေၾကာင့္ ပရိသတ္ေတြက ကုိကုိထြန္းထြန္းတစ္ေယာက္ လူပ်ိဳၾကီးဇာတာခြင္ထဲေရာက္ေနတာမ်ားလားလို႔ သိခ်င္ေနၾကတာပါ။ ထြန္းထြန္းက မၾကာေသးမီက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ လူပ်ိဳၾကီးဇာတာကိစၥနဲ႔ ပတ္သက္ျပီး ရွင္းျပသြားခဲ့သလုိ အိမ္ေထာင္ျပဳဖို႔အစီအစဥ္မရွိေသးေၾကာင္းလည္း ဖြင့္ဟသြားခဲ့ပါတယ္။

ထြန္းထြန္းက လူပ်ိဳၾကီးဇာတာအေၾကာင္း ပုိ႔စ္တင္ထားတာနဲ႔ ပတ္သက္ျပီး “ဒါကေတာ့ ျခံဳျပီးေျပာတာပါ။ ကုိယ့္ကုိယ္ကိုယ္ရယ္လို႔ေတာ့မဟုတ္ပါဘူး။ ဒီလိုပဲ အဲ့လိုေတြလြဲေခ်ာ္ေနသမွ်ကေတာ့ အဲ့လုိပဲ ျဖစ္ေနမွာပဲလို႔။ ဒီတိုင္းပါပဲ။ ေပါ့ေပါ့ပါးပါးေလးပဲ ေရးထားတာပါ ေလွ်ာက္ေရးထားတာ”လို႔ ရယ္ေမာျပီးေျပာထားသလို အခ်စ္ေရးနဲ႔ပတ္သက္ျပီးေတာ့ “ဘယ္အရာမဆိုကေတာ့ မျဖစ္နုိင္ဘူး ျဖစ္နုိင္တယ္ကေတာ့ ယတိျပတ္ၾကီးေျပာလို႔မျဖစ္ဘူးဆိုေတာ့ ဘာမဆိုျဖစ္နုိင္ပါတယ္။ ကြ်န္ေတာ့္ကုိယ္ကြ်န္ေတာ္ေတာ့အခုေတာ့ အဆင္ေျပေအာင္ေနပါတယ္။အရာအားလံုးကုိ”လို႔ ေျဖၾကားထားပါတယ္။

အိ္မ္ေထာင္ျပဳဖို႔အစီအစဥ္ကုိေတာ့ ထြန္းထြန္းက “အိမ္ေထာင္ျပဳဖို႔ကေတာ့ ေလာေလာဆယ္မွာေတာ့ ဘာအစီအစဥ္မွမရွိေသးပါဘူး။ အလုပ္ကုိပဲ ေကာင္းေကာင္းေလးလုပ္ေနပါတယ္။ ကုိယ့္ဟာကုိယ္လုပ္စရာရွိတာေလးေတြလုပ္တယ္။ သူငယ္ခ်င္းေတြနဲ႔ခရီးထြက္တာပဲျဖစ္ျဖစ္။အဓိကကေတာ့ သူငယ္ခ်င္းေတြနဲ႔ခရီးထြက္တယ္။ Gym ေဆာ့တယ္။ အျခားကိစၥေလးေတြလုပ္ျဖစ္တယ္ ဒါပါပဲ။ ေထြေထြထူးထူးမရွိပါဘူး”လို႔ ေျပာျပထားခဲ့ပါေသးတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ထြန္းထြန္းကုိခ်စ္ၾကလား။ ကုိကုိထြန္းထြန္းကုိ လူပ်ိဳၾကီးအျဖစ္နဲ႔ပဲ ဆက္ျမင္ခ်င္ၾကလား။ ဒါမွမဟုတ္ အခ်စ္နဲ႔ေပ်ာ္ရႊင္ေနတာျမင္ခ်င္ၾကျပီလား။ေျပာခဲ့ၾကပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*