အခ်ိဳ႕က အနုပညာေၾကးသက္သာတဲ့ေနာက္ကို လိုက္ၾကတယ္ဆိုတဲ့ ပတ္ထရစ္ရွာ

ပတ်ထရစ်ရှာဟာ ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက အောင်မြင်နေတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦး ဖြစ်ပြီးထိုင်းမလေးတွေလို ချောမောလွန်းတာကြောင့် ပုရိသတွေရင်ထဲမှာ အသည်းစွဲဖြစ်ရတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ ပတ်ထရစ်ရှာဟာ ဇာတ်ကားတွေရိုက်ရာမှာလည်း သေချာစိစစ်ရွေးချယ်ပြီးရိုက်ကူးတတ်တဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ ရှာရှာက မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ အချို့တွေက အနုပညာကြေးငါးသိန်းဆယ်သိန်းသက်သာတာကို ရွေးကြတယ်လို့ ရင်ဖွင့်လာခဲ့ပါတယ်။

ရှာရှာက ဒီရက်ပိုင်းမှာ ရိုက်ဖို့လွတ်သွားတဲ့ ဇာတ်ကားတွေရှိကြောင်း “အခုလေ ရှာရှာ ကားလွတ်သွားတာ နှစ်ကားပေ့ါ။ တစ်ကားကလေ လုံးဝ international မှာ ပြမယ့်ကား။မြန်မာပြည်က productionမဟုတ်ဘူး။ အဲဒီက production ပေ့ါနော်။ Europe နိုင်ငံတော်တော်များများမှာ ပြမှာ။ ဒါပေမယ့် အနုပညာကြေးညှိတော့သူတို့ကနှစ်ခါပြန်မညှိဘူးဖြစ်နေတာ။ သူတို့ပေးထားတဲ့ budget လောက်ပဲလုပ်ရမယ်ဆိုတော့ ရှာကလည်း အချိန်ကပေးရတာ တစ်လ။ ပြီးတော့ ကိုယ့်နိုင်ငံမှာမဟုတ်ဘူး။သူများနိုင်ငံမှာပေ့ါနော်။ အဲ့တော့လည်း တောင်းမိတယ်ပေ့ါ။ ဒါပေမယ့် သူတို့ budget နဲ့ အဆင်မပြေတာနဲ့ အဲ့ဒီကားလေးလည်း ပျက်သွားတယ်ပေ့ါနော်။ ပြီးတော့ အခု နောက်လနေရင်းရိုက်ရမယ့်ကားလည်း ပျက်သွားတယ်။ အဲ့လိုပဲအနုပညာကြေးညှိလို့မရလို့ပျက်သွားတယ်။ ရှာမြင်နေကျ ကာရိုက်တာမဟုတ်တဲ့ ဇာတ်ကားလေး”လို့ ပြောထားပါတယ်။

ရှာရှာက အချို့လူတွေက အနုပညာကြေးသက်သာတဲ့ဆီသွားကြတာမျိုးရှိတယ်လို့လည်း “ရှာရှာအခုပြောချင်တာကလေ ကားရိုက်တွေကလေ ရှာရှာဆိုရင် အရမ်းသေချာ ကာရိုက်တာပေါ်မူတည်ပြီး သေချာဝတ်ပေးတာ စေတနာလည်းအရမ်းထားတယ်။ကိုယ်လုပ်နေတဲ့အလုပ်ပေါ်မှာ။ အချို့ကတော့ အဲဒါကိုသိတယ်နားလည်တယ်။အနုပညာကြေးတွေဘာတွေလည်းညှိပေးတယ်။ အချို့ကကျတော့ ငါးသိန်းသက်သာရင် ငါးသိန်းသက်သာတဲ့ဆီကိုလိုက်သွားတယ်။ ဆယ်သိန်းသက်သာရင် ဆယ်သိန်းသက်သာတဲ့လူနောက်ကိုလိုက်သွားတယ်။ အဲ့လိုမျိုးပေ့ါ”လို့ရင်ဖွင့်ထားပါတယ်။

ဈေးလျှော့ပေးတော့လည်း အရမ်းရိုက်ချင်နေတယ်ဖြစ်ပြီးပေါသွားတယ်လို့ “အရမ်းကြီးလျှော့ပေးတော့လည်းလေ အရမ်းကြီးပေါသွားရော အရမ်းကြီးရိုက်ချင်နေတဲ့ပုံစံကြီးဖြစ်ပြီးပေါသွားရော။ ရှာပြောချင်တာက ရှာညှိပေးလို့ရရင်ညှိပေးတယ်။ ဈေးကိုအရမ်းကြီးချိုးချလိုက်တဲ့ပုံစံမျိုးဖြစ်သွားတော့ ရှာတို့ဘက်က ကုန်ကျရတဲ့ဟာမျိုးရှိတယ်။ တစ်ခါတစ်လေဘာမှတောင်မကျန်ပါဘူး။ ပေးရတာမျိုးတွေရှိတယ်။အခုကားဆိုလည်း stylist တွေရော မိတ်ကပ်ပညာရှင်တွေရော သေချာခေါ်မှာပါ။ ဒါပေမယ့် အနုပညာကြေးပေးတာအရမ်းနည်းတယ်။ဆယ်သိန်းသက်သာရင်ဆယ်သိန်းသက်သာတဲ့နောက်ကိုလိုက်သွားတာ။ ရှာလည်း ဈေးကို အရမ်းကြီးမပေါသွားချင်ဘူးလေ။ ကိုယ့်တန်းလေးနဲ့ကိုယ်လုပ်ထားတာ။ ရိုက်ချင်တဲ့လူရိုက် မရိုက်ချင်တဲ့လူမရိုက်နဲ့ပေ့ါနော်။ အဲ့လိုလေးပဲလုပ်ထားဖြစ်တယ်”လို့ ဖြေကြားထားပါတယ်။

Zawgyi

ပတ္ထရစ္ရွာဟာ ဟိုးလြန္ခဲ့တဲ့နွစ္ေတြကတည္းက ေအာင္ျမင္ေနတဲ့ ေမာ္ဒယ္သရုပ္ေဆာင္တစ္ဦး ျဖစ္ျပီးထုိင္းမေလးေတြလို ေခ်ာေမာလြန္းတာေၾကာင့္ ပုရိသေတြရင္ထဲမွာ အသည္းစြဲျဖစ္ရတဲ့ သရုပ္ေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။ ပတ္ထရစ္ရွာဟာ ဇာတ္ကားေတြရိုက္ရာမွာလည္း ေသခ်ာစိစစ္ေရြးခ်ယ္ျပီးရို္က္ကူးတတ္တဲ့ သရုပ္ေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။ ရွာရွာက မၾကာေသးမီက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ အခ်ဳိ႕ေတြက အနုပညာေၾကးငါးသိန္းဆယ္သိန္းသက္သာတာကို ေရြးၾကတယ္လို႔ ရင္ဖြင့္လာခဲ့ပါတယ္။

ရွာရွာက ဒီရက္ပုိင္းမွာ ရိုက္ဖို႔လြတ္သြားတဲ့ ဇာတ္ကားေတြရွိေၾကာင္း “အခုေလ ရွာရွာ ကားလြတ္သြားတာ နွစ္ကားေပ့ါ။ တစ္ကားကေလ လံုးဝ international မွာ ျပမယ့္ကား။ျမန္မာျပည္က productionမဟုတ္ဘူး။ အဲဒီက production ေပ့ါေနာ္။ Europe နုိ္င္ငံေတာ္ေတာ္မ်ားမ်ားမွာ ျပမွာ။ ဒါေပမယ့္ အနုပညာေၾကးညွိေတာ့သူတို႕ကနွစ္ခါျပန္မညွိဘူးျဖစ္ေနတာ။ သူတို႔ေပးထားတဲ့ budget ေလာက္ပဲလုပ္ရမယ္ဆိုေတာ့ ရွာကလည္း အခ်ိန္ကေပးရတာ တစ္လ။ ျပီးေတာ့ ကုိယ့္နုိင္ငံမွာမဟုတ္ဘူး။သူမ်ားနုိင္ငံမွာေပ့ါေနာ္။ အဲ့ေတာ့လည္း ေတာင္းမိတယ္ေပ့ါ။ ဒါေပမယ့္ သူတို႔ budget နဲ႔ အဆင္မေျပတာနဲ႔ အဲ့ဒီကားေလးလည္း ပ်က္သြားတယ္ေပ့ါေနာ္။ ျပီးေတာ့ အခု ေနာက္လေနရင္းရိုက္ရမယ့္ကားလည္း ပ်က္သြားတယ္။ အဲ့လိုပဲအနုပညာေၾကးညွိလုိ႔မရလို႔ပ်က္သြားတယ္။ ရွာျမင္ေနက် ကာရို္က္တာမဟုတ္တဲ့ ဇာတ္ကားေလး”လို႔ ေျပာထားပါတယ္။

ရွာရွာက အခ်ိဳ႕လူေတြက အနုပညာေၾကးသက္သာတဲ့ဆီသြားၾကတာမ်ိဳးရွိတယ္လို႔လည္း “ရွာရွာအခုေျပာခ်င္တာကေလ ကားရုိက္ေတြကေလ ရွာရွာဆိုရင္ အရမ္းေသခ်ာ ကာရိုက္တာေပၚမူတည္ျပီး ေသခ်ာဝတ္ေပးတာ ေစတနာလည္းအရမ္းထားတယ္။ကုိယ္လုပ္ေနတဲ့အလုပ္ေပၚမွာ။ အခ်ိဳ႕ကေတာ့ အဲဒါကုိသိတယ္နားလည္တယ္။အနုပညာေၾကးေတြဘာေတြလည္းညိွိေပးတယ္။ အခ်ိဳ႕ကက်ေတာ့ ငါးသိန္းသက္သာရင္ ငါးသိန္းသက္သာတဲ့ဆီကုိလိုက္သြားတယ္။ ဆယ္သိန္းသက္သာရင္ ဆယ္သိ္န္းသက္သာတဲ့လူေနာက္ကုိလိုက္သြားတယ္။ အဲ့လိုမ်ိဳးေပ့ါ”လို႔ရင္ဖြင့္ထားပါတယ္။

ေစ်းေလွ်ာ့ေပးေတာ့လည္း အရမ္းရုိက္ခ်င္ေနတယ္ျဖစ္ျပီးေပါသြားတယ္လို႔ “အရမ္းၾကီးေလွ်ာ့ေပးေတာ့လည္းေလ အရမ္းၾကီးေပါသြားေရာ အရမ္းၾကီးရုိက္ခ်င္ေနတဲ့ပံုစံၾကီးျဖစ္ျပီးေပါသြားေရာ။ ရွာေျပာခ်င္တာက ရွာညွိေပးလို႔ရရင္ညွိေပးတယ္။ ေစ်းကုိအရမ္းၾကီးခ်ိဳးခ်လိုက္တဲ့ပံုစံမ်ိဳးျဖစ္သြားေတာ့ ရွာတို႔ဘက္က ကုန္က်ရတဲ့ဟာမ်ိဳးရွိတယ္။ တစ္ခါတစ္ေလဘာမွေတာင္မက်န္ပါဘူး။ ေပးရတာမ်ိဳးေတြရွိတယ္။အခုကားဆုိလည္း stylist ေတြေရာ မိတ္ကပ္ပညာရွင္ေတြေရာ ေသခ်ာေခၚမွာပါ။ ဒါေပမယ့္ အနုပညာေၾကးေပးတာအရမ္းနည္းတယ္။ဆယ္သိန္းသက္သာရင္ဆယ္သိန္းသက္သာတဲ့ေနာက္ကုိလိုက္သြားတာ။ ရွာလည္း ေစ်းကုိ အရမ္းၾကီးမေပါသြားခ်င္ဘူးေလ။ ကုိယ့္တန္းေလးနဲ႔ကုိယ္လုပ္ထားတာ။ ရိုက္ခ်င္တဲ့လူရုိက္ မရုိက္ခ်င္တဲ့လူမရိုက္နဲ႔ေပ့ါေနာ္။ အဲ့လိုေလးပဲလုပ္ထားျဖစ္တယ္”လို႔ ေျဖၾကားထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*