သူ့ရဲ့ ယောကျာ်းလေး Version ကိုချပြလိုက်တဲ့ ရွှေအိမ်စည်
မြန်မာဂုဏ်ဆောင် Miss ပြိုင်ပွဲတွေမှာ မြန်မာ ကိုယ်စားပြု အကောင်းဆုံး ယှဉ်ပြိုင်ပေးနေတဲ့ Miss တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကိုတော့ သတိထားမိကြမှာပါ။ ပြတ်ပြတ်သားသား နဲ့ ထက်ထက်မြက်မြက်ရှိတဲ့ ရွှေအိမ်စည်ကတေ့ာ သူလုပ်လိုက်တဲ့ ပုံစံတိုင်းကို သူ့ပရိသတ်တွေကတော့ သဘောကျပြီးရင်း ကျနေကြတာ ဖြစ်ပါတယ်။
ရွှေအိမ်စည်ကတော့ အမြဲတမ်း စမတ်ကျကျနေတတ်တဲ့ မိန်းကလေး တစ်ယောက်လည်း ဖြစ်သလို မိန်းကလေးတိုင်း လိုချင်နေတဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာထားကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အင်တာဗျူးတွေမှာလည်း အမြဲတမ်း တက်တက်ကြွကြွနဲ့ ဖြေတတ်ပြီး သူမရဲ့ ပရိသတ်တွေကိုလည်း ရင်းရင်းနှီးနှီးနေတတ်သူ တစ်ယောက်ဖြစ်ပါတယ်။
သူ့ရဲ့ ယောကျာ်းလေး Version ကိုချပြလိုက်တဲ့ ရွှေအိမ်စည်
ရွှေအိမ်စည်ကတော့ လက်ရှိမှာလည်း သူမရဲ့ ပရိသတ်တွေ အတွက် အထူးအဆန်း ဖြစ်စေမယ့် ပုံလေးတစ်ပုံကို တင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။ ဒီပုံလေးကတော့ သူ့ရဲ့ ယောကျာ်း Version ဖြစ်ပြီး တကယ့်ကို အမိုက်စား မျက်နှာထားနဲ့ပါပဲ။ ရွှေအိမ်စည်ကတော့ ယောကျာ်း မျက်နှာထားနဲ့ မှုတ်ဆိတ်တွေတပ်ပြီး ပြင်ထားတာတောင်မှ ကြည့်လို့ကောင်းနေတုန်းပါပဲ။
သူ့ရဲ့ ယောကျာ်းလေး Version ကိုချပြလိုက်တဲ့ ရွှေအိမ်စည်
ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း ဒီပုံလေးကို ကြည့်ပြီးရင် ရွှေအိမ်စည် တစ်ယောက်ရဲ့ ယောကျာ်းပုံစံကို ရှင်းရှင်းကြီး မြင်မိသွား‌ကြမယ် ထင်ပါတယ်။ ဒီပုံလေးရဲ့ အောက်မှာလည်း ပရိသတ်တွေကတော့ ဝန်းရံပြီး အားပေးနေကြတာ ဖြစ်ပါတယ်။ ရွှေအိမ်စည်ကတော့ အမြဲတမ်း ထက်မြက်တဲ့ မိန်းမတစ်ယောက်အနေနဲ့ မြင်နေရတာကြောင့် ဒီပုံလေးကတော့ ပရိသတ်တွေအတွက် အထူးအဆန်းဖြစ်မှာ အမှန်ပါပဲ။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*