သီခ်င္းသစ္ေရးျပီးရင္ ရင္ခုန္သူေလးေတြကုိ ဆိုျပေနက်ဆိုတဲ့ စုိင္းစုိင္း

စိုင်းစိုင်းဟာ မြန်မာနိုင်ငံက အအောင်မြင်ဆုံး အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ အဆိုတော်မင်းသားတစ်ဦးဖြစ်ပြီး မြန်မာသာမက ကမ္ဘာကပါသိတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ စိုင်းစိုင်း တယောက်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေလောက်ကလည်းက တဟုန်ထိုးအောင်မြင်လာခဲ့ပြီး လက်ရှိချိန်ထိကို အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်သူပါ။

စိုင်းစိုင်းကတော့ အသက်ကြီးလာပေမယ့်လည်း အရွယ်တင်နုပျိုနေတာကြောင့် လက်ရှိချိန်ထိကို နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးတာ ခံနေရတာလည်းဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ သူ့ပရိသတ်တွေအတွက် နှစ်တိုင်းလည်း တစ်ကိုယ်တော်ရှိုးပွဲ လုပ်ပေးနေကြဖြစ်ပြီး လုပ်လိုက်တဲ့ ရှိုးပွဲတွေတိုင်းကလည်း အံ့မခန်းအောင်မြင်မှုတွေရရှိထားသူဖြစ်ပါတယ်။စိုင်းစိုင်းဟာ ပရိသတ်တွေကိုအမြဲလိုလိုရည်မွန်ယဉ်ကျေးစွာဆက်ဆံတတ်သူဖြစ်ပြီး အခြေအနေတိုင်းကိုလည်း အကောင်းဆုံးကိုင်တွယ်နိုင်သူဖြစ်တာကြောင့် PR Skill အရမ်းကောင်းသူတစ်ဦးအဖြစ်အသိအမှတ်ပြုခံထားရတာပါ။

စိုင်းစိုင်းကမကြာသေးမီက ပိုးမမှီသာနဲ့ရိုက်ကူးထားတဲ့ ပိတောက်ကတဲ့ဂီတ ဇာတ်ကားကြီးထဲက ဇာတ်ဝင်ခန်းတွေနဲ့ပတ်သက်ပြီး မီဒီယာတွေနဲ့အင်တာဗျူးမှာဖြေကြားသွားခဲ့ပါတယ်။ ပိတောက်ကတဲ့ဂီတဇာတ်ကားကြီးထဲမှာ ပိုးမမှီသာကို video call ခေါ်ပြီး သီချင်းဆိုပြတာနဲ့ ပတ်သက်ပြီး စိုင်းစိုင်းက “များသောအားဖြင့်တော့လေ ကျွန်တော်ငယ်ငယ်ကတည်းက တကယ့်တကယ်က တစ်ယောက်မဟုတ်တစ်ယောက်ကိုတော့ သီချင်းရေးပြီးတိုင်းဆိုပြတာပဲ။ များသောအားဖြင့်တော့ သူငယ်ချင်းလည်းပါတာပေါ့လေ။ အဲလိုပဲ သူ့ခေတ်သူ့အခါကပေါ့နော် အဲဒီတုန်းက ရင်ခုန်သူလေးတွေလည်းပါတာပေါ့”လို့ ရယ်မောရင်းပြောပြထားပါတယ်။

ပိုးမမှီသာနဲ့ ရုပ်ရှင်တွေထပ်ရိုက်ဖြစ်မလားဆိုတာကိုတော့ “အဲဒါကတော့ အနုပညာကအဓိကပေါ့နော်။ သီချင်းဆိုရင်လည်း ဘယ်သူနဲ့တွဲဆိုဖို့အတွက်ရေးတဲ့သီချင်းဆိုတာ ကျွန်တော့်မှာမရှိဘူး။ သီချင်းရေးလိုက်တယ်။ ဒီသီချင်းက ကိုနန္ဒုစိုင်းနဲ့လိုက်တယ်ဆိုရင် ကိုနန္ဒစိုင်းနဲ့ တွဲဆိုလိုက်တယ်။ သီချင်းက တကယ့်ကို ကျောင်းသူလေး ဆယ်ကျော်သက်ကောင်မလေးနဲ့ တွဲဆိုမှ မိုက်တယ်ဆိုရင် ကျွန်တော်ကြိုးကြာနဲ့ ကောင်မလေးကြိုက်တယ် ခိုက်တယ်ဆိုခဲ့တယ်။ အဲ့လိုပေ့ါနော်။ အခုပိုးမမှီသာနဲ့ရိုက်တယ်ဆိုတာ ကျွန်တော်ဒီဇာတ်လမ်းဇာတ်ကွက်က သူနဲ့ တကယ်လိုက်ဖက်မယ်လို့ယုံကြည်တဲ့အတွက်ရိုက်လိုက်တယ်။ နောက်နှစ်မှာ ကျွန်တော်ရိုက်မယ့်ကားက ဘယ်သူနဲ့ ရိုက်ဖြစ်မယ်ဆိုတာ ကျွန်တော်မသိသေးဘူး”လို့ ဖြေကြားထားပါတယ်။

Zawgyi

စုိင္းစိုင္းဟာ ျမန္မာႏိုင္ငံက အေအာင္ျမင္ဆံုး အႏုပညာ႐ွင္ေတြထဲက တေယာက္ျဖစ္တဲ့ အဆိုေတာ္မင္းသားတစ္ဦးျဖစ္ျပီး ျမန္မာသာမက ကမာၻကပါသိတဲ့အနုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။ စိုင္းစိုင္း တေယာက္ကေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြေလာက္ကလည္းက တဟုန္ထိုးေအာင္ျမင္လာခဲ့ၿပီး လက္ရိွခ်ိန္ထိကို ေအာင္ျမင္မႈကိုထိန္းသိမ္းထားနုိင္သူပါ။

စိုင္းစိုင္းကေတာ့ အသက္ႀကီးလာေပမယ့္လည္း အရြယ္တင္ႏုပ်ိဳေနတာေၾကာင့္ လက္႐ွိခ်ိန္ထိကို ႏႈတ္ခမ္းနီမေလးေတြ သည္းသည္းလႈပ္အားေပးတာ ခံေနရတာလည္းျဖစ္ပါတယ္။ စိုင္းစိုင္းကေတာ့ သူ႔ပရိသတ္ေတြအတြက္ ႏွစ္တိုင္းလည္း တစ္ကုိယ္ေတာ္႐ိႈးပြဲ လုပ္ေပးေနၾကျဖစ္ျပီး လုပ္လိုက္တဲ့ ႐ိႈးပြဲေတြတို္င္းကလည္း အံ့မခန္းေအာင္ျမင္မႈေတြရရွိထားသူျဖစ္ပါတယ္။စိုင္းစိုင္းဟာ ပရိသတ္ေတြကုိအျမဲလိုလိုရည္မြန္ယဥ္ေက်းစြာဆက္ဆံတတ္သူျဖစ္ျပီး အေျခအေနတို္င္းကုိလည္း အေကာင္းဆံုးကုိင္တြယ္နုိင္သူျဖစ္တာေၾကာင့္ PR Skill အရမ္းေကာင္းသူတစ္ဦးအျဖစ္အသိအမွတ္ျပဳခံထားရတာပါ။

စုိင္းစိုင္းကမၾကာေသးမီက ပိုးမမွီသာနဲ႔ရိုက္ကူးထားတဲ့ ပိေတာက္ကတဲ့ဂီတ ဇာတ္ကားၾကီးထဲက ဇာတ္ဝင္ခန္းေတြနဲ႔ပတ္သက္ျပီး မိီဒီယာေတြနဲ႔အင္တာဗ်ဴးမွာေျဖၾကားသြားခဲ့ပါတယ္။ ပိေတာက္ကတဲ့ဂီတဇာတ္ကားၾကီးထဲမွာ ပိုးမမွီသာကို video call ေခၚျပီး သီခ်င္းဆိုျပတာနဲ႔ ပတ္သက္ျပီး စုိင္းစုိင္းက “မ်ားေသာအားျဖင့္ေတာ့ေလ ကြ်န္ေတာ္ငယ္ငယ္ကတည္းက တကယ့္တကယ္က တစ္ေယာက္မဟုတ္တစ္ေယာက္ကုိေတာ့ သီခ်င္းေရးျပီးတိုင္းဆိုျပတာပဲ။ မ်ားေသာအားျဖင့္ေတာ့ သူငယ္ခ်င္းလည္းပါတာေပါ့ေလ။ အဲလိုပဲ သူ႔ေခတ္သူ႔အခါကေပါ့ေနာ္ အဲဒီတုန္းက ရင္ခုန္သူေလးေတြလည္းပါတာေပါ့”လို႔ ရယ္ေမာရင္းေျပာျပထားပါတယ္။

ပုိးမမွီသာနဲ႔ ရုပ္ရွင္ေတြထပ္ရိုက္ျဖစ္မလားဆိုတာကိုေတာ့ “အဲဒါကေတာ့ အနုပညာကအဓိကေပါ့ေနာ္။ သီခ်င္းဆိုရင္လည္း ဘယ္သူနဲ႔တြဲဆိုဖို႔အတြက္ေရးတဲ့သီခ်င္းဆိုတာ ကြ်န္ေတာ့္မွာမရွိဘူး။ သီခ်င္းေရးလိုက္တယ္။ ဒီသီခ်င္းက ကုိနႏၵုစုိင္းနဲ႔လိုက္တယ္ဆိုရင္ ကုိနႏၵစုိင္းနဲ႔ တြဲဆိုလိုက္တယ္။ သီခ်င္းက တကယ့္ကုိ ေက်ာင္းသူေလး ဆယ္ေက်ာ္သက္ေကာင္မေလးနဲ႔ တြဲဆိုမွ မုိက္တယ္ဆိုရင္ ကြ်န္ေတာ္ၾကိဳးၾကာနဲ႔ ေကာင္မေလးၾကိဳက္တယ္ ခိုက္တယ္ဆိုခဲ့တယ္။ အဲ့လိုေပ့ါေနာ္။ အခုပိုးမမွီသာနဲ႔ရုိက္တယ္ဆိုတာ ကြ်န္ေတာ္ဒီဇာတ္လမ္းဇာတ္ကြက္က သူနဲ႔ တကယ္လိုက္ဖက္မယ္လို႔ယံုုၾကည္တဲ့အတြက္ရုိက္လိုက္တယ္။ ေနာက္နွစ္မွာ ကြ်န္ေတာ္ရိုက္မယ့္ကားက ဘယ္သူနဲ႔ ရိုက္ျဖစ္မယ္ဆိုတာ ကြ်န္ေတာ္မသိေသးဘူး”လို႔ ေျဖၾကားထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*