လူပြောများနေတဲ့ ပိုးမမှီသာရဲ့ တချိန်ကဓါတ်ပုံတစ်ပုံ

စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်း MTV လေးကနေ စတင်ပြီးတော့ ပရိသတ်တွေ သတိထား ရင်းနှီးလာတဲ့ တက်သစ်စ သရုပ်ဆောင် ပိုးမမှီသာလေးကိုတော့ လက်ရှိအချိန်မှာ တော်တော်များများလည်း ရင်းနှီးကြမယ် ထင်ပါတယ်။ ဆေးကျောင်းတက်နေတဲ့ သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ရုပ်ရှင်နဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့်လည်း တစ်ခဏလေး အတွင်းမှာ ပရိသတ်တော်တော်များများရဲ့ ဝန်းရံခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ပိုးမမှီသာကတော့ နာမည်ကျော် အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ ပိတောက်ကတဲ့ ဂီတ ဆိုတဲ့ ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အကြိုက်တွေ့နေတဲ့ မင်းသမီးတစ်လက်ဖြစ်ခဲ့ပါတယ်။ စိုင်းစိုင်းနဲ့ အနုပညာလုပ်တဲ့နေရာမှာ အတွဲအဖက်ညီတာကြောင့်လည်း ပီတောက်ကတဲ့ဂီတ ရုပ်ရှင်ကားကြီးကလည်း အောင်မြင်နေတာ ဖြစ်ပါတယ်။

လူပြောများနေတဲ့ ပိုးမမှီသာရဲ့ တချိန်ကဓါတ်ပုံတစ်ပုံ

အောင်မြင်မှုနောက်ကွယ်မှာတော့ ဝေဖန်တိုက်ခိုက်တဲ့သူတွေ ရှိစမြဲဆိုတဲ့ အတိုင်း ပိုးမမှီသာ တစ်ယောက် အောင်မြင်လာတဲ့ အချိန်မှာတော့ သူ့ရဲ့ တစ်ချိန်တုန်းက ပုံတွေကို တချို့က ဖြန့်လိုက်တာ ဖြစ်ပါတယ်။ ဒါကတော့ ပိုးမမှီသာ ငယ်စဉ်က ပုံလေးဖြစ်ပြီး ဒီပုံလေးနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့သူတွေ ရှိသလို ဒီပုံလေးကို အားပေးပြီး အားကျနေတဲ့ သူတွေလည်း ရှိကြပါတယ်။

လူပြောများနေတဲ့ ပိုးမမှီသာရဲ့ တချိန်ကဓါတ်ပုံတစ်ပုံ

ပုံထဲမှာတော့ ပိုးမမှီသာ တစ်ယောက် ကလေးတစ်ယောက်လိုပါပဲ။ ဒါကြောင့် ဒီပုံတက်လာပြီးနောက်မှာတော့ လက်ရှိပိုးမမှီသာနဲ့ မတူတော့တာကြောင့် ဝေဖန်မှုတွေ ရှိသလို တချို့ကျတော့လည်း မိန်းမသားတွေက အရွယ်တစ်ခုရောက်မှ လှလာတာဆိုပြီးတော့ အားကျနေကြတာလည်း ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း ပိုးမမှီသာရဲ့ ပုံလေးတွေကိုကြည့်ပြီးတော့ ဘာများပြောချင်ကြလဲဗျ။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*