ချစ်စရာကောင်းတဲ့ ကလေးတုန်းကပုံလေးတွေ ထုတ်ပြလိုက်တဲ့ ခိုင်နှင်းဝေ

အနုပညာလောကထဲမှာ အခြေချလာတာ ကြာပြီ ဖြစ်တဲ့ မင်းသမီး ခိုင်နှင်းဝေကိုတော့ ပရိသတ်တွေ အနေနဲ့ ခုနောက်ပိုင်းမှာ ပရဟိတလုပ်ငန်းတွေ ဆက်တိုက်လုပ်လာတာကြောင့် ပိုပြီးတော့ သတိထားမိလာကြမယ် ထင်ပါတယ်။ ခိုင်နှင်းဝေ ကတော့ လက်ရှိအချိန်မှာ ရုပ်ရှင်တွေ သိပ်မရိုက်တော့ပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကတော့ ပိုလို့တောင် များပြားနေတာ ဖြစ်ပါတယ်။

ခိုင်နှင်းဝေ ကတော့ ချစ်စရာကောင်းပြီး အခက်အခဲ ဖြစ်နေတဲ့ ကလေးလေးတွေကို မိခင်ရင်းသဖွယ် မွေးစားထားပြီး လက်ရှိမှာတော့ ဂေဟာတခုတောင် ဖွင့်ထားပြီ ဖြစ်ပါတယ်။ ခိုင်နှင်းဝေ ကတော့ ကလေးတွေ အပြင် ဒုက္ခရောက်နေတဲ့ သူတွေကိုလည်း အမြဲတမ်းကူညီ တတ်တဲ့သူလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး အများကို ကူညီပေးတာကြောင့် ခိုင်နှင်းဝေ တစ်ယောက် တခါတလေမှာတော့ ကိုယ့်အကြောင်းကို တင်ဖို့ မေ့နေတာလည်း ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ကလေးတုန်းကပုံလေးတွေ ထုတ်ပြလိုက်တဲ့ ခိုင်နှင်းဝေ

ဒါပေမယ့်လည်း ခိုင်နှင်းဝေတစ်ယောက်ကတော့ လက်ရှိမှာ ရှားရှားပါးပါး သူ့ရဲ့ ငယ်စဉ်က ပုံရိပ်လေးတွေကို တင်လာတာ ဖြစ်ပါတယ်။ သူငယ်ငယ်တုန်းက ပုံလေးတွေကို စုဆောင်းထားပြီး ” အာပေတူး တုန်းက ပုံလေးတွေ ခုလဲ အာပေတူးပါပဲ” ဆိုပြီး ရေးသားတင်ထားတာ ဖြစ်ပါတယ်။ ခိုင်နှင်းဝေ တစ်ယောက်က‌တော့ လက်ရှိအချိန်ထိကို ငယ်ငယ်တုန်းက မျက်နှာပေါက်လေး ကျန်နေပြီး သူငယ်ငယ်တုန်းက ပုံလေးတွေ ကြည့်လိုက်တာနဲ့ သူဆိုတာကို တန်းသိမှာပါ။

ချစ်စရာကောင်းတဲ့ ကလေးတုန်းကပုံလေးတွေ ထုတ်ပြလိုက်တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေ ကတော့ သူ့ကိုယ်သူ အာပေတူးလို့ ပြောထားပေမယ့်လည်း ပရိသတ် အချစ်ကို သိမ်းပိုက်ထားတဲ့ ပရဟိတမင်းသမီးကြီး တစ်ယောက်ဖြစ်သလို လက်ရှိမှာလည်း သူနဲ့တူတဲ့ ချစ်စရာကလေးတွေကို ပြုစုစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း မင်းသမီး ခိုင်နှင်းဝေကို အားပေးတဲ့သူတွေ ရှိကြလား။

Zawgy





Be the first to comment

Leave a Reply

Your email address will not be published.


*