ကိုယ့်ကိုထမင်းမကျွေးတဲ့သူတွေရဲ့ ပြောစကားတွေကို ဂရုမစိုက်ဘူးဆိုတဲ့ ဝင်းမင်းသန်း

အွန်လိုင်းပေါ်မှာ ပညာပေးဗီဒီယိုတွေနဲ့ အတူတူ ပွင့်ပွင့်လင်းလင်း ပြောပြတတ်တဲ့ ဝင်းမင်းသန်း တစ်ယောက်ကတော့ လက်ရှိအချိန်မှာဆိုရင် ပရိသတ် အခိုင်အမာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ ဝင်းမင်းသန်းကတော့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ပွင့်လင်းစွာ ပြောတတ်တဲ့ Blogger တစ်ယောက်ဖြစ်သလို ဝေဖန်ခံရသူတွေ များသလို အားပေးတဲ့သူတွေကလည်း များပါတယ်။ လက်ရှိမှာလည်း ဝင်းမင်းသန်းကတော့ သူ့အနေနဲ့ သူ့ကိုလာပြီးတော့ ဝေဖန်တဲ့ဟာတွေကို ဂရုမစိုက်သလို ကိုယ့်ကို ထမင်းမကျွေးတဲ့သူတွေရဲ့ ပြောစကားကိုလည်း ဂရုမစိုက်ဘူးလို့ ပြောသွားခဲ့ပါတယ်။

ဝင်းမင်းသန်းကတော့ အင်တာဗျုးမှာ ဝေဖန်မှုတွေ စပြီးကြုံတော့ ဘယ်လိုခံစားရလဲ ဆိုတဲ့ အပေါ်မှာ “ကိုယ်လည်း လူပဲလေ တကယ်တမ်း ကိုယ်ပြောတာလေးတွေ ရင်ထဲက လာတာကြောင့် စေတနာနဲ့ လာတာကို အဆဲခံရရင် စိတ်တော့မကောင်းဘူး ဒါပေမယ့်လည်း ပြန်ကြည့်လိုက်တဲ့ အခါမှာ ကွန်းမန့်တွေမှာ ဘယ်လောက်က ကိုယ့်ကို ဆဲလဲ ဘယ်လောက်က ကိုယ့်ကို လက်ခံသလဲလို့ ပြန်ကြည့်လိုက်တဲ့ အချိန်မှာ တခါတလေကျတော့ရင်လည်း ကိုယ်က ပြင်ဆင်စရာရှိတာ ပြင်ဆင်တယ် လိုက်နာစရာရှိရင်လည်း လိုက်နာတယ်

ကိုယ့်ကိုထမင်းမကျွေးတဲ့သူတွေရဲ့ ပြောစကားတွေကို ဂရုမစိုက်ဘူးဆိုတဲ့ ဝင်းမင်းသန်း

ဒီလိုမှ မဟုတ်ပဲ အလကားသက်သက် လာဆဲတဲ့ သူတွေကိုတော့ အခုနောက်ပိုင်းဘာမှ ပြန်ပြီးတော့ မတုန့်ပြန်တော့ဘူး Block လိုက်တယ် အစ်မကလေ ကိုယ့်ထမင်းကိုယ်စားတယ် ကိုယ့်ပိုက်ဆံကိုယ်ရှာတယ် အမရှာတဲ့ ပိုက်ဆံကလည်း သမာအာဇီဝ ဖြစ်တယ်ဆိုတာ အမသိတဲ့အတွက်ကြောင့် ကိုယ့်ကို ထမင်းကျွေးနေတာ မဟုတ်တဲ့သူတွေရဲ့ လာပြီး ပြောတဲ့စကားတွေကို သိပ်ပြီးတော့ ဂရုမစိုက်ဘူး ဘာလို့လည်းဆိုတော့ ကိုယ့်ပိုက်ဆံကိုယ် ရှာစားနေတာလေ” ဆိုပြီး ပြောကြားသွား ခဲ့ပါတယ်။

ကိုယ့်ကိုထမင်းမကျွေးတဲ့သူတွေရဲ့ ပြောစကားတွေကို ဂရုမစိုက်ဘူးဆိုတဲ့ ဝင်းမင်းသန်း

ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း ဝင်းမင်းသန်းရဲ့ ပရိသတ်တွေ ပါကြသလို ဝင်းမင်းသန်း ပရိသတ် မဟုတ်တဲ့သူတွေလည်း ပါကြမယ်ထင်တယ်။ ဝင်းမင်းသန်းပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး ထင်မြင်ချက်တခုခု ပေးခဲ့ပါဦးနော်။

Zawgyi

အြန္လိုင္းေပၚမွာ ပညာေပးဗီဒီယိုေတြနဲ႔ အတူတူ ပြင့္ပြင့္လင္းလင္း ေျပာျပတတ္တဲ့ ဝင္းမင္းသန္း တစ္ေယာက္ကေတာ့ လက္ရွိအခ်ိန္မွာဆိုရင္ ပရိသတ္ အခိုင္အမာ ရရွိေနၿပီပဲ ျဖစ္ပါတယ္။ ဝင္းမင္းသန္းကေတာ့ ျဖစ္ပ်က္ေနတဲ့ အေၾကာင္းအရာေတြကို ပြင့္လင္းစြာ ေျပာတတ္တဲ့ Blogger တစ္ေယာက္ျဖစ္သလို ေဝဖန္ခံရသူေတြ မ်ားသလို အားေပးတဲ့သူေတြကလည္း မ်ားပါတယ္။ လက္ရွိမွာလည္း ဝင္းမင္းသန္းကေတာ့ သူ႔အေနနဲ႔ သူ႔ကိုလာၿပီးေတာ့ ေဝဖန္တဲ့ဟာေတြကို ဂ႐ုမစိုက္သလို ကိုယ့္ကို ထမင္းမေကြၽးတဲ့သူေတြရဲ႕ ေျပာစကားကိုလည္း ဂ႐ုမစိုက္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။

ဝင္းမင္းသန္းကေတာ့ အင္တာဗ်ဳးမွာ ေဝဖန္မႈေတြ စၿပီးႀကဳံေတာ့ ဘယ္လိုခံစားရလဲ ဆိုတဲ့ အေပၚမွာ “ကိုယ္လည္း လူပဲေလ တကယ္တမ္း ကိုယ္ေျပာတာေလးေတြ ရင္ထဲက လာတာေၾကာင့္ ေစတနာနဲ႔ လာတာကို အဆဲခံရရင္ စိတ္ေတာ့မေကာင္းဘူး ဒါေပမယ့္လည္း ျပန္ၾကည့္လိုက္တဲ့ အခါမွာ ကြန္းမန႔္ေတြမွာ ဘယ္ေလာက္က ကိုယ့္ကို ဆဲလဲ ဘယ္ေလာက္က ကိုယ့္ကို လက္ခံသလဲလို႔ ျပန္ၾကည့္လိုက္တဲ့ အခ်ိန္မွာ တခါတေလက်ေတာ့ရင္လည္း ကိုယ္က ျပင္ဆင္စရာရွိတာ ျပင္ဆင္တယ္ လိုက္နာစရာရွိရင္လည္း လိုက္နာတယ္

ဒီလိုမွ မဟုတ္ပဲ အလကားသက္သက္ လာဆဲတဲ့ သူေတြကိုေတာ့ အခုေနာက္ပိုင္းဘာမွ ျပန္ၿပီးေတာ့ မတုန႔္ျပန္ေတာ့ဘူး Block လိုက္တယ္ အစ္မကေလ ကိုယ့္ထမင္းကိုယ္စားတယ္ ကိုယ့္ပိုက္ဆံကိုယ္ရွာတယ္ အမရွာတဲ့ ပိုက္ဆံကလည္း သမာအာဇီဝ ျဖစ္တယ္ဆိုတာ အမသိတဲ့အတြက္ေၾကာင့္ ကိုယ့္ကို ထမင္းေကြၽးေနတာ မဟုတ္တဲ့သူေတြရဲ႕ လာၿပီး ေျပာတဲ့စကားေတြကို သိပ္ၿပီးေတာ့ ဂ႐ုမစိုက္ဘူး ဘာလို႔လည္းဆိုေတာ့ ကိုယ့္ပိုက္ဆံကိုယ္ ရွာစားေနတာေလ” ဆိုၿပီး ေျပာၾကားသြား ခဲ့ပါတယ္။

ေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးထဲမွာလည္း ဝင္းမင္းသန္းရဲ႕ ပရိသတ္ေတြ ပါၾကသလို ဝင္းမင္းသန္း ပရိသတ္ မဟုတ္တဲ့သူေတြလည္း ပါၾကမယ္ထင္တယ္။ ဝင္းမင္းသန္းေျပာခဲ့တာေတြနဲ႔ ပတ္သက္ၿပီး ထင္ျမင္ခ်က္တခုခု ေပးခဲ့ပါဦးေနာ္။

Be the first to comment

Leave a Reply

Your email address will not be published.


*